စစ်ကိုင်းတိုင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကန့်ဘလူ တပ်ရင်း ၆၀၀၆ မှ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကိုလာတဲ့ ထောက်ပို့ရဟတ်ယာဉ် ၁ စင်းကို ပစ်ခတ်ခဲ့တယ်လို့ Battalion Of Budalinမှ ဒီကနေ့မနက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်းက ကန့်ဘလူ တပ်ရင်း ၆၀၀၆ မှ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်ကို ဆင်းသက်လာတဲ့ အဆိုပါ ထောက်ပို့ရဟတ်ယာဉ် Mi 17P ကို ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ် ခေါင်းပိုင်းနဲ့ အမြီးပိုင်းထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်အရ အဲဒီပစ်ခတ်ခံရတဲ့ ရဟတ်ယာဉ်ဟာ အောက်သိုအဆင်းမှာ ပေါက်ကွဲသံကျယ်လောင်စွာ ကြားခဲ့ရတယ်လို့ဆိုပြီး ရဟတ်ယာဥ်ပျက်စီးသွားကြောင်းကို အတည်ပြုသိရှိခဲ့တယ်လို့ Battalion Of Budalin မှ ထုတ်ပြန်ထားတာပါ။

အဲဒီပစ်ခတ်တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(20)တပ်ရင်း BOB ရဲ့ စီစဥ်မှုနှင့်အတူ သပိတ်ကျင်းတိုက်နယ် (ပကဖ)၊ အရာတော်မြို့နယ်(ပကဖ)တို့က မုံရွာခရိုင် (ပကဖ)ရဲ့ ထောက်ပံ့မှုနဲ့ လုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါရဟတ်ယာဥ်ပစ်ချခဲ့မှုနဲ့ပတ်သက်ပြီး မောင်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ရဟတ်ယာဥ်ပျက်ကျခဲ့မှုနဲ့ အခြားအသေးစိတ်အချက်အလက်များကို ထုတ်ပြန်အဖွဲ့အစည်းဖြစ်တဲ့ Battalion Of Budalin ကိုဆက်သွယ်အတည်ပြုနေဆဲဖြစ်ပါတယ်။

Video- Battalion Of Budalin
0 Shares:
You May Also Like
Read More

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီ တပ်သားသစ်များကို သင်တန်ပေးနေသည့်စခန်းအား လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ တပ်သားသစ်တွေကို သင်တန်းပေးနေတဲ့ စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကချင်ပြည်နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင်က လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေးမြို့ပေါ်ရှိ စကခ ၁၉ နှင့် အမတ ၃၁၅ အမြောက်တပ်ကို ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့ပေါ်ရှိ စကခ ၁၉ နဲ့ အမတ ၃၁၅ အမြောက်တပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို မုံရွာ-အရာတော်လမ်းပိုင်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-အရာတော်လမ်းပိုင်း တစ်လျှောက် ဇန်နဝါရီ ၅ ရက်ကနေ ၁၈ ရက်အထိ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force-Monywa က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့တပ်မ ၃၃ ကနေ မုံရွာကို ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို  ရှေ့ထွက်တစ်ဖက်ဖွင့် မိုင်းပွိုင့်နဲ့ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း Area 71 PDF Monywa က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်သို့ လာတဲ့ စစ်သင်္ဘော ၇ စီးကို KIA၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၆ စီး ပျက်စီး (ရုပ်/သံ)

ကချင်ပြည်နယ် ရွှေကူမြို့မှ ဗန်းမော်သို့ လာနေတဲ့ စစ်သင်္ဘော ၇ စီးအုပ်စုကို KIA၊ PDF ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၆ စီး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။