စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ စျေးတန်းတစ်ခုမှာ စစ်ကော်မရှင်ရဲ့ ထုတ်ကုန်တွေကို မသုံးစွဲဖို့နဲ့ စစ်ကော်မရှင်ကို ထောက်ပံ့ပြီး ပြည်သူများကို ဝါဒမှိုင်းတိုက်နေတဲ့ အနုပညာရှင်တွေကို Boycott လုပ်ဖို့ နှိုးဆော်တိုက်တွန်းခဲ့တယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ယနေ့ ထုတ်ပြန်ထားပါတယ်။

ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစုနှင့် ဘုတလင်မြို့နယ်သပိတ်အင်အားတို့ ပူးပေါင်းပြီး စစ်တပ်ထုတ်ကုန်တွေနဲ့ စစ်တပ်လက်အောက်ခံ အနုပညာရှင်တွေကို Boycott လုပ်ဖို့ ပြည်သူများကို တိုက်တွန်းခဲ့ကြပါတယ်။

Video-ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

0 Shares:
You May Also Like
Read More

ဘုတလင်မြို့သိမ်းတိုက်ပွဲမှာ ULF စစ်ကြောင်းမှ ရဲဘော် သီဟမောင် ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့သိမ်းတိုက်ပွဲမှာ ULF စစ်ကြောင်းမှ ရဲဘော် သီဟမောင် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂၈ ရက်က စစ်ကော်မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အနေနဲ့ တော်လှန်ရေးတပ်တွေ ဘုတလင်မြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ရဲဘော် သီဟမောင် ကျဆုံးခဲ့ရပါတယ်။ ‌ကျဆုံးရဲဘော် သီဟမောင်ရဲ့ နာရေးစျာပနရုပ်သံကို Union Liberation Front - ULF မှ ထုတ်ပြန်ထားပါတယ်။
Read More

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အတွင်းကို ၁၀၇ မမရှော့ တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Brave Warriors for Myanmar (BWM) က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ် ဓာတုဓာတ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင် 

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က တော်လှန်ရေးရဲဘော်တွေကို ဓာတုဓာတ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Karenni Democratic Front က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ စွယ်တော်ကုန်းဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် KNLA နဲ့ PDF ပူးပေါင်းတပ်တွေ အောင်ပွဲခံ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ စွယ်တော်ကုန်း ဗျူဟာစခန်းကို အောက်တိုဘာ ၁၇ ရက်က KNLA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အောင်ပွဲနဲ့ ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူတွေက သောင်းသောင်းဖြဖြကြိုဆိုခဲ့ ကြတယ်လို့ သိရပါတယ်။
Read More

အဓမ္မစစ်မှုထမ်းရသူတွေကို ဘက်ပြောင်းဖို့ ကရင်နီရဲဘော်တွေ ရှေ့တန်းစစ်မြေပြင်မှာ အနီးကပ် ခေါ်ယူညှိနှိုင်း၊ “မတိုက်ဘဲနဲ့ လျော့သွားတဲ့ ရန်သူကို လိုချင်တယ်”(ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်နီရဲဘော်တွေ မီတာ ၁၀၀ ခန့်အကွာ ထိတွေ့မှုတွေ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ 
Read More

ပုလောမြို့နယ် နန်‌တောင်ရွာတွင် တပ်စွဲထားသည့် စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက် စစ်သား ၁ ဦး သေပြီး ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် နန်းတောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက် သေပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။