ဧရာဝတီမြစ်ရဲ့ မူလအစဖြစ်တဲ့ မြစ်ဆုံဒေသကို သဘာဝနဲ့ယဉ်ကျေးမှုပေါင်းစပ် အမွေအနှစ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးက ဒီကနေ့ ကျရောက်တဲ့ ၇၈ နှစ်မြောက် ကချင်ပြည်နယ်နေ့မှာ သတ်မှတ်လိုက်ပါတယ်။

ကချင်ပြည်နယ်ရှိ မေခနဲ့ မလိခမြစ်ဆုံရာ “မြစ်ဆုံဒေသ”ကို သဘာဝအမွေအနှစ် စံနှုန်းသတ်မှတ်ချက် ၁ မှ ၇ အပါအဝင် ယဉ်ကျေးမှုအမွေအနှစ် စံနှုန်းသတ်မှတ်ချက် ၃ အရ သတ်မှတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့ က ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ မြစ်ဆုံမှာ အကြီးစားရေအားလျှပ်စစ်၊ အခြေခံအဆောက်အအုံနဲ့ သယံဇာတ ထုတ်ယူရေးစီမံကိန်းတွေ မပြုလုပ်ဖို့၊ စစ်ရေးရည်ရွယ်ချက်နဲ့ နေရာချမှု၊ စခန်းတည်မှု၊ လက်နက်အသုံးပြုလို့ ပစ်ခတ်တာ၊ မီးရှို့တာနဲ့ ဖျက်ဆီးတာ မပြုလုပ်ဖို့အတွက် NUG အစိုးရက ဥပဒေနဲ့ တားမြစ်လိုက်တာပဲဖြစ်ပါတယ်။

“မြစ်ဆုံဒေသသည် မေခနှင့်မေလိခ သာစွမြစ်ဆုံဟူ၍ ဌာနေတိုင်းရင်းသားများနှင့် ကချင်ပြည်သားများ သာမက တနိုင်ငံလုံးက ချစ်မြတ်နိုးလေးစားရာဒေသအဖြစ် သမိုင်းကြောင်းတလျှောက် တည်ရှိခဲ့ပါသည်” ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အလားတူ အမွေအနှစ်ဒေသရဲ့ မူလအနေအထား ပျက်စီးစေဖို့ ပြုပြင်မွမ်းမံတာ၊ ပုံစံပြောင်းလဲတာ မပြုလုပ်ဖို့နဲ့ သဘာဝနဲ့ ယဉ်ကျေးမှုဆိုင်ရာရင်းမြစ်တွေကို ခိုးယူခြင်း၊ ရောင်းချခြင်း၊ တရားမဝင်ကုန်သွယ်ခြင်း မပြုလုပ်ဖို့ တားမြစ်လိုက်တယ်လို့လည်း ဆိုထားပါတယ်။

ဒေသခံပြည်သူတွေရဲ့ ဥပဒေ၊ ဒေသဓလေ့ထုံးတမ်းနဲ့ ညီညွတ်တဲ့ မိရိုးဖလာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှုတွေအပေါ် အဲဒီတားမြစ်ချက်တွေ မသက်ရောက်စေရဘူးလို့ NUG ထုတ်ပြန်ထားပါတယ်။

အဆိုပါတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာ ပြည်တွင်းဥပဒေတွေအပြင် နိုင်ငံတကာ လူသားယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ရေးဆိုင်ရာ စံနှုန်းတွေနဲ့အညီ တာဝန်ယူမှုရှိစေရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဓါတ်ပုံ-လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်၊ ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာ၊ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

၂ ရက်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည့် ထီးလင်းနယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်

မကွေးတိုင်း၊ ထီးလင်းမြို့နယ် အောင်းရွာအနောက်မြောက်ဘက်မှာ ၂ ရက်တိုင်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် အဆိုပါနေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အမြန်လမ်းပေါ်တွင် PDF များကို အားပေးစကားပြောခဲ့သည့် အမျိုးသားအား ဖမ်းဆီးထားကြောင်း စစ်တပ်လက်ပါးစေများ အောင်ပွဲခံပြောဆိုနေ

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ PDF တပ်ဖွဲ့ဝင်တွေ လမ်းပိုင်းလုံခြုံရေးဆောင်ရွက်နေချိန် စကားလှမ်းပြောခဲ့တဲ့ အမျိုးသားကို PDF အားပေးမှုနဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားကြောင်း စစ်တပ်ဝါဒါဖြန့် လော်ဘီချန်နယ်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
Read More

ကပစ (၆) နှင့် ၁၀ မိုင်သာ ကွာဝေးသည့် ညောင်ကျိုးတိုက်ပွဲ အပြင်းထန်ဆုံးအခြေအနေ ရောက်ရှိနေ၊ စစ်ကောင်စီ ဒုတပ်ရင်းမှူး သေဆုံးသွား

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် (AA) ကနေ ထိုးစစ်ဆင်တိုက်ပွဲဖြစ်ပွားလျက်ရှိရာ တိုက်ပွဲမှာ အပြင်းထန်ဆုံးအခြေအနေကို ရောက်ရှိနေပြီး စစ်တပ်ဘက်မှာ ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံးထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ရေးပြမယ့် စစ်သားတွေ ရန်ဖြစ်လို့ အကြမ်းဖက် နှိမ်နင်းရေးတပ်ခေါ်ပြီး ကျင်စက်တွေပါ သုံးခဲ့ရ၊ ရန်ပွဲကြောင့် ၁၈ ယောက်ခန့် ဒဏ်ရာရတဲ့အထဲ ၃ ယောက် အသက်အန္တရာယ်စိုးရိမ်ရ 

နေပြည်တော်မှာ ဒီနေ့ ကျင်းပပြုလုပ်မယ့် ဖက်ဆစ်တော်လှန်ရေးနေ့၊ စစ်ကောင်စီအခေါ် (တပ်မတော်နေ့) စစ်ရေးပြဖို့ စုဝေးရောက်ရှိနေတဲ့ စစ်သားတွေ အရက်မူးစကားများ ရန်ဖြစ်ကြရာကနေ စစ်သား ၁၈ ယောက် ဒဏ်ရာရရှိခဲ့ပြီး ၃ ယောက်ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

“ဖိရင်ကြွမယ် ထိရင်ချမယ်” ဆိုတဲ့ ရန်ကုန်မြို့က စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

စစ်ကောင်စီကို နည်းမျိုးစုံနဲ့တွန်းလှန်နေမှာဖြစ်ကြောင်း တော်လှန်လူငယ်တွေက ရန်ကုန်မြို့တစ်နေရာမှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို မနေ့က အောက်တိုဘာလ ၅ ရက်နေ့မှာ  ကျင်းပပြုလုပ်ခဲ့ကြပါတယ်။