ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဝင်ရောက်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကနေ ၂လကျော်အတွင်း စစ်သား ၁၄ ယောက်အလင်းဝင်ရောက်လာခဲ့ပြီး၊ ၁၂ယောက်ကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိထားတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းကစလို့ ချင်းပြည်နယ်၊ ဖလမ်းမြို့အနောက်မြောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီလို စစ်ကြောင်းထိုးနေချိန်မှာ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) တပ်ထံကို အလင်းဝင်ဘက်ပြောင်းခိုလှုံလာသူတွေအပြင် တိုက်ပွဲထဲ သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသူတွေ ရှိခဲ့တာဖြစ်တယ်လို့လည်း ဆလိုင်းတင်မီထွဋ်က ပြောခဲ့တာပါ။

“အလင်းဝင်တာမျိုးမဟုတ်ပဲ သူတို့ဘာသာ ထွက်ပြေးတာမျိုးတွေ၊ ကျနော်တို့မဟုတ်ပဲ အခြားအဖွဲ့တွေဆီ ရောက်သွားတာတွေလည်းရှိပါတယ်။ ကျနော်တို့ကတော့ တိုက်ပွဲဖြစ်နေတုန်း ဖမ်းမိရင် စစ်သုံ့ပန်းပါပဲ။ သုံ့ပန်းဥပဒေအတိုင်းပဲ လုပ်တယ်။ အလင်းဝင်လာသူတွေကိုတော့ စောင့်ကြည့်တယ်။ ယုံကြည်ရတဲ့အခြေအနေရှိရင် မိသားစုဆီပို့ပေးတာ၊ လုံခြုံတဲ့နေရာပို့ပေးတာမျိုးတွေ ရှိပါတယ်” လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကိုဆက်ပြောခဲ့ပါတယ်။
စစ်အုပ်စုအနေနဲ့ ဖလမ်းမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကိုင်းတိုင်း၊ ကလေးမြောက်ပိုင်းနဲ့ ကလေးတောင်ပိုင်းကနေတဆင့် ဝင်ရောက်နေတာလို့လည်း သိရပါတယ်။
ဒီအတွက် ဖလမ်းမြို့အနောက်ဘက်မှာ ချင်းကာကွယ်ရေးတပ်တွေနဲ့ စစ်အုပ်စုကြား ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်အုပ်စုရဲ့ စခန်းကုန်း ၂ခုနဲ့ လက်နက်ခဲယမ်းအများအပြားကို သိမ်းပိုက်ရရှိထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဖလမ်းမြို့နဲ့ နယ်မြေချင်းထိစပ် တီးတိန်မြို့နယ်အတွင်းက ကနေဒီတောင်သိမ်းတိုက်ပွဲမှာလည်း လက်နက်ခဲယမ်း ၃၀ ကျော်နဲ့အတူ အကြမ်းဖက်စစ်တပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူအပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀နီးပါးကို PDF -Zoland နဲ့ CDF -CDM Siyin တပ်တွေက ဖမ်းဆီးရရှိခဲ့ပါသေးတယ်။
ပုံစာ- ဖလမ်းတိုက်ပွဲများအတွင်း ဖမ်းဆီးရရှိထားသည့် စစ်သုံ့ပန်းများ

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်းထဲက မြို့နယ်တွေရဲ့ နေရာတချို့မှာ အကြမ်းဖက်စစ်တပ် ထောက်တိုင်တွေကို ကင်းချပြီး သန်းခေါင်စာရင်း ကောက်ခံနေ

ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က သူတို့ထောက်တိုင်တွေဖြစ်ကြတဲ့ အမျိုးသားအစွန်းရောက်အဖွဲ့တွေ၊ ကြံ့ခိုင်ရေးပါတီဝင်တချို့နဲ့ စရဖ လို့ခေါ်တဲ့ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်တွေကို လမ်းဆုံလမ်းဂွတွေနဲ့ လမ်းမကြီးတွေမှာ ကင်းချထားပြီး အိမ်ထောင်စု သန်းခေါင်စာရင်း ကောက်ခံမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့ နေထိုင်သူတချို့ဆီက သိရပါတယ်။
Read More

စစ်ပွဲတွေကနေ လုံခြုံရာရွှေ့ပြောင်းလာမှုကြောင့် ရန်ကုန်မြို့က အိမ်ရာဈေးတွေ မြင့်တက်လာ

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး ပိုမိုတောက်လောင်လာတာကြောင့် ကျေးလက်နေပြည်သူအများအပြား မြို့ပြဒေသတွေကို ထွက်ပြေးတိမ်းရှောင်လာကြတာနဲ့အမျှ ရန်ကုန်မြို့ရဲ့ အိမ်ရာဈေးနှုန်းတွေ မြင့်တက်လျက်ရှိပါတယ်။ မြန်မာစစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပျံ့နှံ့လျက်ရှိပြီး တိုက်ပွဲဖြစ်ပွားရာဒေသက ပြည်သူတွေဟာ မြန်မာပြည်ရဲ့ ဒုတိယအကြီးဆုံး မန္တလေးမြို့ကို ပြောင်းရွှေ့လာကြပါတယ်။
Read More

ပခုက္ကူမြို့နယ်တွင် ဘုန်းကြီးကျောင်းမှာ အထိုင်ချထားသည့် စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စုမှ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် (PKU) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီ လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုကို ဆန့်ကျင်တဲ့အနေနဲ့ သပိတ်မှောက် ဆန္ဒထုတ်ဖော်

အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်သွားမယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုကို ဆန့်ကျင်တဲ့အနေနဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီကနေ ဦးဆောင်ပြီး စက်တင်ဘာလ ၂၈ ရက် ဒီနေ့ညနေပိုင်းမှာ လောင်းလုံးမြို့နယ်အတွင်း သပိတ်မှောက်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူမှုကို သံဃာတွေ မပူးပေါင်းကြဖို့နဲ့ ကန့်ကွက်ကြဖို့ သံဃသမဂ္ဂ (မန္တလေး) ဆရာတော်တွေ တိုက်တွန်း

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲကျင်းပဖို့ သန်းခေါင်စာရင်း ကောက်ယူနေမှုမှာ သံဃာတော်တွေအနေနဲ့ မပူးပေါင်းကြဖို့ မန္တလေးမြို့ သံဃသမဂ္ဂ ဆရာတော်တွေက တိုက်တွန်းလိုက်ပါတယ်။
Read More

ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုး NUG လက်ခံမှာမဟုတ်ဟု ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ပြော… နျူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဟာ မြန်မာနိုင်ငံတင်မက ဒေသတွင်းနိုင်ငံများနှင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိပါးလာနိုင်ဟု ဆို…

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတစ်နိုင်ငံရဲ့ ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်(Press Briefing) - ၁၀/၂၀၂၅" မှာ ပြောဆိုလိုက်ပါတယ်။