ပဲခူးတိုင်း နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတမ်းကို Bamar Revolution Armyမှ ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းမှာ နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်ရဲစခန်းအား တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၄ နာရီကြာဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်သားအများအပြား သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံးခဲ့ရပြီး ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗျူဟာ၂၂ ကွပ်ကဲမှုအောက်ရှိ ဗျူဟာရုံးအဖွဲ့၊ တပ်ရင်း၃၈၀၁ တပ်ရင်းရုံးအဖွဲ့၊ တပ်ခွဲ၂၊တပ်ခွဲ၃၊ တပ်ခွဲ၄ B.R.A၊ တပ်ခွဲ ၆၊ ဒရုန်းတပ်ဖွဲ့၊ တပ်ရင်း၃၇၀၁ တပ်ခွဲ ၂၊ ရန်ကုန်ပကဖ၊ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-Bamar Revolution Army
0 Shares:
You May Also Like
Read More

S.O.F အပတ်စဉ် ၆ က အမျိုးသမီးရဲမေတွေရဲ့ စစ်သင်တန်းလေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

အမျိုးသားတွေတန်းတူ စစ်ရေးလေ့ကျင့်နေကြတဲ့ S.O.F အပတ်စဉ် ၆ က အမျိုးသမီးရဲမေတွေရဲ့ စစ်သင်တန်း လေ့ကျင့်ရေးပုံရိပ်တွေကို အခုလိုပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Read More

မြေမြုပ်မိုင်းဒဏ်၊ လက်နက်ကြီးတွေကြောင့် ကိုယ်လက် အင်္ဂါဆုံးရှုံးသွားတဲ့ KNDF ရဲဘော်တွေရဲ့ တိုက်ပွဲအတွေ့အကြုံနဲ့ ခံစားချက် (ရုပ်/သံ)

ရှေ့တန်းမြေပြင်မှ မြေမြုပ်မိုင်းဒဏ်၊ လက်နက်ကြီးတွေကြောင့် ကိုယ်လက် အင်္ဂါဆုံးရှုံးသွားတဲ့ KNDF ရဲဘော်တွေရဲ့ တိုက်ပွဲအတွေ့အကြုံနဲ့ ခံစားချက်တွေကို ယခုလိုပဲပြောပြခဲ့ကြပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မယ်နုအုတ်ကျောင်းကို မြင်ကွင်းရုပ်သံ

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရဲ့ ရှေးဟောင်းသမိုင်းဝင် နန်းမတော်မယ်နုအုတ်ကျောင်းရဲ့ အစိတ်အပိုင်းအများအပြား ပြိုကျပျက်စီးသွားတာကို ယခုလိုပဲ မြင်တွေ့ရပါတယ်။
Read More

သိမ်ဇရပ်ရှိ အကြမ်းဖက်စစ်တပ် တပ်ရင်းများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် သိပ်ဇရပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၂၀၇ တပ်ရင်းနဲ့ အမြောက်တပ် ၃၁၀ တပ်ရင်းထဲကို လက်နက်ကြီးတွေနဲ့ ပစ် ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖျာပုံမြို့ Black Dragon Force Pyapon UG ခေါင်းဆောင် ရဲဘော်စံလင်းစံ ရဲ့ ၁နှစ်ပြည့် သတိရအောက်မေ့ခြင်းအဖြစ် မြပုလဲစစ်ဆေးရေးဂိတ်အား ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းမပေါ်က မြပုလဲစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၂၉ ရက် မနေ့က ဒရုန်းနဲ့  M9၊ ERO၊ Drop Bombနဲ့ လက်လုပ် အီနာဂါဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ 5/ Commando Force အဖွဲ့ထံက သိရပါတယ်။
Read More

KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ မံစီမြို့ရှိ ခမရ ၆၀၁ တပ်ရင်းမှူးအိမ်ရှေ့မှာ တော်လှန်ရေးရဲဘော်တွေ အောင်ပွဲခံကခုန် (ရုပ်/သံ)

ကချင်ပြည်နယ် မံစီမြို့ရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ ခမရ ၆၀၁ တပ်ရင်းမှူးအိမ်ရှေ့ မှာ တော်လှန်ရေးရဲဘော်တွေ အောင်ပွဲခံကခုန်နေကြတဲ့ ဗီဒီယီုတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါ တယ်။