တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက် ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း၂ -P2 3402မှ သတင်း ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက တနင်္သာရီမြို့နယ် ခြောက်မိုင်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း နှစ်ဘက်အပြန်အလှန်လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၂ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး နောက်သို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း ၂၊ တပ်ရင်း ၃ နဲ့ KNU ပူးပေါင်းတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-မြိတ်ခရိုင်တပ်ရင်း၂ -P2 3402
0 Shares:
You May Also Like
Read More

မင်းဘူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်- ၆ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆားတောင်က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ရာ နေရာကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရှိ အကြမ်းဖက် စစ်သားနဲ့ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်တပ်ဘက်မှ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Royal Falcon Guerrilla Force တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ မပေါက်ကွဲသေးသည့် ဗုံးသီးကို ပြည်သူများအန္တရာယ်ကင်းစေရန် ဖော်ထုတ် ရှင်းလင်းပေး (ရုပ်/သံ)

ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းအရှေ့အနောက်မှာရှိတဲ့ ရွာတွေကို စစ်ကောင်စီရဲ့ ညောင်လေးပင် ပိန်းဇလုတ်အခြေစိုက် စစ်တပ်စခန်းတွေကနေ လက်နက်ကြီးတွေ၊ ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ Royal Peacock Column-P 29913 က ဆိုပါတယ်။
Read More

Federal Wings ရပ်တည်နိုင်ရန် ‌ရန်ပုံငွေစနစ်တစ်ခုရှိရန် လိုအပ်နေ (ရုပ်/သံ)

Federal Wings အဖွဲ့အနေနဲ့ တိကျသေချာတဲ့ ဝင်ငွေလမ်းကြောင်းနဲ့ ရန်ပုံငွေစနစ်တစ်ခုကို မတည်ဆောက်နိုင်ခဲ့ရင် Federal Wings ရဲ့ ထုတ်လုပ်ရေးနဲ့ Research & Development လုပ်ငန်းတွေ ရပ်တန့်ထားရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
Read More

တီးတိန်မြို့အဝင်တွင် ခလရ ၂၆၉ တပ်စွဲထားသည့် စခန်းကို ချင်းညီနောင်တပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ချင်းပြည်နယ်၊ တီးတိန်မြို့အဝင်ဆိုင်းဘုတ်အနီး တပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲ့ ခလရ ၂၆၉ တပ်သားကို တိုက်ခိုက်ပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF Zoland က ဒီနေ့ သတင်းထုတ်ပြန် ထားပါတယ်။
Read More

တူရွင်းဘို့ကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေ၊ PDF ရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် တူရွင်းဘို့ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးကာ PDF ရဲဘော် ၁ ယောက် ကျ ဆုံးခဲ့တယ်လို့ Wolf Guerrilla Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။