ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ကာကင်းယူထားတဲ့ ကာကင်းပွိုင့် ၂ ခုကို PNO နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ Battalion 808 – Nay Pyi Taw PDF မှ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းမှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ PDF ကာကင်းပွိုင့် ၂ ခုကို PNO နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။

PNO နဲ့ စစ်ကော်မရှင်တပ်တွေဟာ အင်အား ၁၅၀ ခန့်အသုံးပြုခဲ့ပြီး ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အင်အားမမျှမှုကြောင့် တော်လှန်ရေး တပ်တွေ နောက်သို့ ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း PNO နဲ့ စစ်ကော်မရှင်တပ်သားအများအပြား သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါဆုတ်ခွာပေးခဲ့ရတဲ့ နယ်မြေတွေကို တော်လှန်ရေးတပ်များက ပြန်လည်ထိန်း ချုပ်ထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

Video-Battalion 808 – Nay Pyi Taw PDF
0 Shares:
You May Also Like
Read More

S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဆောက်လုပ်ထားသည့် မြေအောက်စာသင်ကျောင်းဆောင် (ရုပ်/သံ)

စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့ ဆောက်လုပ်ထားတဲ့ မြေအောက်စာသင်ကျောင်းဆောင်ကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က မှတ်တမ်းရုပ်သံထုတ်ပြန်ခဲ့ပါတယ်။
Read More

နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို အောက်တိုဘာ ၃ ရက်က Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းထံက သိရပါတယ်။
Read More

လားရှိုးမြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသူအတွက် မိသားစုဝင်တစ်ယောက်ရဲ့ ရင်တွင်းစကား (ရုပ်/သံ)

လားရှိုးမြို့မှာ စစ်ကောင်စီက အကြမ်းဖက်ပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့တဲ့ မအေးမိစံနဲ့ ခင်ပွန်းဖြစ်သူရဲ့ ဝမ်းနည်း‌ကြေကွဲဖွယ် ရင်တွင်းခံစားချက်များဆိုတဲ့ ရုပ်သံကို လားရှိုးမြို့ပြန်လည်ထူထောင်ရေး ဖေ့ဘွတ်ခ်စာမျက်နှာကတဆင့် ဖော်ပြခဲ့ပါတယ်။
Read More

တောင်သာ-ကျောက်ပန်းတောင်းလမ်းအထွက်မှာ ဘန်ကာ၊ ကတုတ်ကျွင်းတွေနဲ့ အခိုင်အမာတည်‌ဆောက်ထားတဲ့ စစ်ကောင်စီအထိုင်စခန်းအား စီးနင်းတိုက်ခိုက်၊ ငွေ သိန်း ၉၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာ-ကျောက်ပန်းတောင်းလမ်းအထွက်မှာ ဘန်ကာ၊ ကတုတ်ကျွင်းတွေနဲ့ အခိုင်အမာတည်‌ဆောက်ထားတဲ့ စစ်ကောင်စီအထိုင်စခန်းအား စီးနင်းတိုက်ခိုက်ပြီး ငွေသိန်း ၉၆ သိန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Taung Tha People Defense Force က ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဂျပန်နိုင်ငံ မြန်မာသံရုံးရှေ့တွင် အတုအ‌ယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ယနေ့ ဆန္ဒပြမည် (ရုပ်/သံ)

အာဏာသိမ်း စစ်အုပ်စု ပြုလုပ်မယ့် အတုအ‌ယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဂျပန်နိုင်ငံ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြကြမယ်လို့ သိရပါတယ်။
Read More

သေ့ဘောဘိုးစခန်းဆီ စစ်ကူလာသော အကြမ်းဖက်စစ်ကြောင်းအား ဗိုလ်ဒါဘော ဦးဆောင်တိုက်ခိုက်နေသည့် မှတ်တမ်းရုပ်သံ

မြန်မာ-ထိုင်းနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို Cobra Column က စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်ဒါဘော ဦးဆောင်တိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်လာထွက်ပေါ်လာပါတယ်။