မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းမှာ “Yawland Operation” အမည်ဖြင့် ဆင်နွှဲနေတဲ့ စစ်ဆင်ရေးအတွင်း စစ်တပ်က တပ်စွဲထားတဲ့ ပျူစောထီးအခြေစိုက်ကျေးရွာ နှစ်ရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ပျူစောထီးများအပါအဝင် စစ်အုပ်စုဝင် ၄၂ ဦးအထိ သေဆုံးခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ သတင်းထုတ်ပြန်လာပါတယ်။

အဆိုပါစစ်ဆင်ရေးကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ မနက်ပိုင်းကစတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး၊ ယောဒေသအတွင်း အရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးအစ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဝင်ဝ၊ လယ်ကြီးအရှေ့၊ လယ်ကြီးအနောက်၊ မြောက်ခင်ရမ်း၊ ရွှေမြစ်သာ စတဲ့ ပျုစောထီးကျေးရွာတွေနဲ့ တောကျောင်းကာကင်းစခန်းတို့ကို တော်လှန်ရေးတပ်တွေက တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဝင်ဝ(ပျူ)ရွာကို စတင်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီနောက် ဇန်နဝါရီလ ၄ ရက်နေ့မှာ ရွှေမြစ်သာ(ပျူ)ရွာ ကို ထပ်မံထိုးစစ်ဆင်ခဲ့ရာ မနက် ၉ နာရီဝန်းကျင်မှာ ထပ်မံအပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြောက်ခင်ရမ်း ပျူစောထီးရွာကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ရဲ့ ထိတွေ့တိုက်ပွဲမှာလည်း စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ အများအပြား အထိနာခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ စစ်ဆင်ရေးကာလအတွင်း ရန်သူစစ်တပ်ဘက်မှ စုစုပေါင်း ၄၂ ဦး သေဆုံးခဲ့ပြီး G3 (၄) လက်၊ ကာဘိုင် (၂) လက်၊ ခါးချိုး (၂) လက်၊ ဂျမ်ဘာ (၁) လုံး၊ ၆၀ မမ ဗုံးသီးတွေနဲ့ ကျည်ဆန်ပေါင်း ၁၄၀၀ ကျော်အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို တော်လှန်ရေးတပ်များက သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ မျက်မြင်ရုပ်အလောင်းက ၂၀ ဝန်းကျင်လောက် ကျွန်တော်တို့ တွေ့ခဲ့တာရှိတယ်။ ရန်သူဘက်က ဆက်သွယ်ရေးစက်ကနေတဆင့် သိရတာမျိုးလည်းရှိတယ်။ ပြီးတော့ ရန်သူဘက်က သတင်းရင်းမြစ်တွေကနေ သိရတာပါ” လို့ ဂန့်ဂေါခရိုင်စစ်ဌာနမှ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဝန်းကျင်မှာ စစ်တပ်ဘက်ကနေ စစ်ကြောင်းပြန်ထိုးလာတဲ့ အနေအထားမရှိပေမဲ့ စစ်တပ်အထိုင်ချထားတဲ့ ကျေးရွာတွေက စစ်ကြောင်းငယ်တွေနဲ့တော့ တိုက်ပွဲငယ်လေးတွေ ဖြစ်နေဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။

အဆိုပါ စစ်ဆင်ရေးကိုတော့ ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်ရှိ တပ်ရင်းတွေ၊ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့၊ KKG တပ်ရင်း(၅/၆)၊ ဂန့်ဂေါခရိုင်/မြို့နယ် ပကဖ၊ မြိုင်မြို့နယ် ပကဖ (ဗိုလ်လကျ်ာအဖွဲ့)၊ ယောတပ်တော် (YA)၊ YDF (ရဲဘော် ကောင်းကောင်း အဖွဲ့) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေကိုလည်း တော်လှန်ရေးအဖွဲ့များက လုံခြုံရာနေရာတွေကို ပို့ဆောင်ပေးခဲ့ပြီး လိုအပ်တဲ့ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု‌တွေကို ဆောင်ရွက်ပေးနေတယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မကွေးနှင့်ရခိုင်ကို ဆက်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းအပါအဝင် လမ်းပိုင်း ၂ ခုမှာ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်နေ၊ စစ်ကောင်စီတပ်မှ ၂၅ ဦးထက်မနည်းသေဆုံးပြီး ၆၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းက အဓိကလမ်းပိုင်း ၂ ခုမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးဖော်ဆောင်မှုတွေထဲ စစ်ကောင်စီတပ်က ၂၅ ယောက်ထက်မနည်းသေဆုံးပြီး အယောက် ၆၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အထက်မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်း ဦးစီးမှုနှင့် လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) အမှတ် (၉၄၂၀) တပ်ရင်းက ဦးစီးကာ 'တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်' အစီအစဥ်နဲ့ လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တွင် စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်း ပစ်ခတ်ခံရ

ရန်ကုန်မြို့မှာ ဒီနေ့ နေ့လယ်ပိုင်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)အရာရှိ ဗိုလ်မှူးတစ်ယောက်ကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အဆိုပါအဖွဲ့က ဆိုပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးလမ်းခွ တိုက်ပွဲအတွင်း DMO Local PDF တပ်ရင်း ၂ မှ ၂၁ နှစ်အရွယ် ရဲဘော် ၃ ဦးနှင့် ၂၃ နှစ်အရွယ် ရဲဘော် ၁ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF) တပ်ရင်း ၂ မှ ရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူအပေါ် ဖိနှိပ်နေသည့် စစ်အုပ်စုကို နောက် ၅နှစ်အတွင်း နည်းပညာမြှင့်တင်မှုများ ပိုမိုပံ့ပိုးရန်ရှိကြောင်း တရုတ် ပြော

လာမယ့် ၅ နှစ်အတွင်း တရုတ်က မြန်မာနိုင်ငံအတွင်း နည်းပညာမြှင့်တင်ရေးလုပ်ငန်းတွေ ပိုမိုတိုးမြှင့်လုပ် ဆောင်သွားဖို့ရှိပြီး ခေတ်မီနည်းပညာပံ့ပိုးကူညီမှုတွေ ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိတယ်လို့ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရုံး တာဝန်ခံ မစ္စတာ ကျောင်းဟွေ့က ပြောဆိုလိုက်ပါတယ်။
Read More

ဆီဆိုင်မြို့နယ် တွေပူးကျေးရွာ ရွာသူကြီးကို စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ် ဖမ်းခေါ်သွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တွေပူးကျေးရွာ ရွာသူကြီးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသွားခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ထားပါတယ်။