ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ) တွေအနေနဲ့ ကိုယ့်နယ်မြေအတွင်း မဟာမိတ်တွေကလွဲလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာ မရှိတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို လက်ခံထားရှိခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေ လုံးဝ မလုပ်ကြဖို့ ပဲခူးတိုင်းစစ်ဌာနက ညွှန်ကြားလိုက်ပါတယ်။

လက်ရှိအချိန်ဟာ တော်လှန်ရေး ရေချိန် အမြင့်ဆုံးကာလဖြစ်တာနဲ့အညီ စစ်အာဏာရှင်ကို တစုတစည်းတည်း စုပေါင်းညီညွတ်စွာ တွန်းလှန်တိုက်ထုတ်ရမယ့် အချိန်အခါဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေကြား အချင်းချင်း သွေးခွဲစေဖို့၊ အင်အားယုတ်လျော့စေဖို့၊ ပြည်သူတွေအထင်အမြင်လွဲမှားစေဖို့ ကြံစည်ဆောင်ရွက်နေမှုတွေ ရှိတာကြောင့် အခုလို ညွှန်ကြားရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေဖို့အတွက် ကွပ်ကဲမှုအဆင့်ဆင့်ကို စံပြုတည်မြဲအမိန့်နဲ့အညီ ဖွဲ့စည်းဆောင်ရွက်ကာ စစ်သည်တော်ကျင့်ဝတ်တွေကို အလေးထားလိုက်နာဆောင်ရွက်ကြရေး ကြီးကြပ်ဆောင်ရွက်ဖို့၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာမရှိတဲ့ အဖွဲ့တွေကို လက်ခံထားခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝ (လုံးဝ) မလုပ်ဖို့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

ပဲခူးတိုင်းစစ်ဌာန နယ်မြေအတွင်းရှိ တပ်ရင်းတပ်ဖွဲ့တွေဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာ အကြမ်းဖက် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးအတွက် စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဆားတောင်မြို့မှာ စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ ပြည်သူတွေဆီက ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ပါတယ်။
Read More

မြစ်ဝကျွန်းပေါ်သားများ၏ အိမ်ပြန်ခရီးက ကွက်ပြည့်မဟာဗျူဟာကို ပိုမိုပြည့်စုံစေလိမ့်မည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြော ပြည်သူများ တော်လှန်ရေးနှင့် အတူတကွ ရှိနေပေးရန် တိုက်တွန်း

နိုင်ငံအတွက် ခေတ်သစ်ကို ဖော်ဆောင်ပေးမယ့် တော်လှန်ရေးနဲ့အတူ ပြည်သူတွေ ဆက်လက်ပြီး အတူတကွ ရှိနေပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က “ဒို့ပြန်လာပြီ ဧရာဝတီ” ကမ်ပိန်းကတဆင့် ပြောကြားလိုက်ပါတယ်။
Read More

ရေစကြိုမြို့ပေါ်ရှိ စစ်အုပ်စုများ ပြောက်ကျားတိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်က အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာကိုပြောက်ကျား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁ယောက်သေပြီး ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂) ဦး ထိခိုက် သေဆုံး၊ နေအိမ် (၁)လုံးနှင့် ဂိုဒေါင် (၁) လုံး ထိမှန်ပျက်စီးခဲ့

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး နေအိမ် (၁)လုံးနဲ့ ဂိုဒေါင် (၁) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂျာမနီရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် The Elders အဖွဲ့နှင့် တွေ့ဆုံခဲ့

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ The Elders အဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့များ တွေ့ဆုံကာ နိုင်ငံတကာ သံတမန်အခင်းအကျင်းအကြောင်း ဆွေးနွေးရှင်းပြ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့တွေ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ရန်ကုန်လွှတ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။