မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးဆောင်ရွက်တဲ့ အပတ်စဉ် (၃) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့က MSRF တပ်ရင်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

မွန်ပြည်တော်လှန်ရေးတပ်ရဲ့ အပတ်စဥ် (၃) အခြေခံစစ်သင်တန်းဟာ MSRF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) က တပ်သားသစ်တွေ၊ ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF) နဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) က တပ်သားသစ်တွေကို ၂ လကျော်ကြာ လေ့ကျင့်သင်ကြားပို့ချပေးခဲ့တဲ့ ညီနောင်တပ်ဖွဲ့ရဲ့ ပထမဆုံးသော အခြေခံ စစ်သင်တန်းဆင်းပွဲ ဖြစ်တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ (၃၃) နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ဟာ ၂၀၂၃ ဇူလိုင်လကစပြီး စကခ (၁၉) ဒရုန်းစစ်ဆင်ရေးကစလို့ မဟာမိတ်အဖြစ် လက်တွဲတိုက်ပွဲဝင်ခဲ့ပြီး မဟာမိတ်ကာလ ၂ နှစ်ကျော် ၂၀၂၅ ဩဂုတ်လ (၂၇) ရက်နေ့မှာ ညီနောင်တပ်ဖွဲ့တွေအဖြစ် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ်ရဲ့ အပတ်စဥ် (၃) အခြေခံစစ်သင်တန်း- ညီနောင်တပ်ဖွဲ့ရဲ့ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဒုတိယကာကွယ်ရေးဝန်ကြီး နိုင်ကောင်းရွတ် တို့က သဝဏ်လွှာတွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ 

အခမ်းအနားမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်ကသုမွန်၊ မွန်ပြည်တော်လှန်ရေးတပ် တပ်ရင်းမှူး ဗိုလ်မှူးကြီး နိုင်ဒရာဂွန်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် နည်းဗျူဟာ (၃၃)- ဗျူဟာမှူး စောဒါးကိုနဲ့ ရာမညမွန်တပ်တော် (RMA) ဗိုလ်မှူးကြီး နိုင်စိုးဝင်း တို့က မိန့်ခွန်းပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ညီနောင်တပ်ဖွဲ့တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) အောက်ရှိတပ်ရင်းတွေနဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့အပြင် KNLA တပ်ရင်း (၂၇)၊ ရာမညမွန်တပ်တော် အမှတ် ၁၈၁၅ မော်လီကျူး ဒရုန်းတပ်ရင်းတို့က တာဝန်ရှိသူတွေ၊ ရဲဘော်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တကသများ-ရန်ကုန်နဲ့ ကျောင်းသားလက်ရုံးတပ်တော်က ယင်းမာပင်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( တကသများ-ရန်ကုန်) နဲ့ ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း ဖွင့်လှစ်ကာ ဒေသခံလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ဘေးရှောင် သောင်းချီရှိနေတဲ့ ရေဦးမှာ ကလေးငယ်၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် အနွေးထည်နဲ့ ခြုံစောင်တို့ လိုအပ်နေ

ဆောင်းရာသီ ဝင်ရောက်လာပြီ ဖြစ်တာကြောင့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က စစ်ဘေးသင့် ပြည်သူတွေအတွက် အနွေထည်နဲ့ ခြုံစောင်တွေ လိုအပ်နေတယ်လို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ထံက သိရပါတယ်။
Read More

တနင်္သာရီ-မောတောင်လမ်းပိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တနင်္သာရီမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာမှုတွေရှိနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ BLACK COBRA COLUMNက ဒီနေ့ ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးပစ်ခတ်မှု အရာရှိလိုင်းခန်းနဲ့ ဘားတိုက်တွေထိမှန်ပြီး စစ်သား ၂ ယောက် သေ၊ ၉ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူမြို့က လေတပ်စခန်းကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အရာရှိလိုင်းခန်းနဲ့ ဘားတိုက်တွေထိမှန်ပြီး စစ်သား၂ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၉ယောက်အထိရှိခဲ့တယ်လို့ Brave Warriors For Myanmar ( BWM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ကနီမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူ ၃ ယောက်အပါ ၅ ယောက် သေဆုံးမှု NUG ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျောက်လှေကား ကျေးရွာမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်းမှာ ပညာသင်နေတဲ့ ကျောင်းသားကျောင်းသူ ၃ ယောက်အပါ ၅ ယောက် သေဆုံးခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ထားပါတယ်။
Read More

ဒီးမော့ဆိုမြို့ရှိ ဆေးပေးခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ‌‌‌၂ ဦး ဒဏ်ရာရပြီး ဆေးခန်း အဆောက်အအုံနှင့် မော်တော်ယာဉ်ပျက်စီး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အရပ်သားဆေးခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ‌‌‌၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ The Coordination Team for Emergency Relief (Karenni) က ထုတ်ပြန်ပါတယ်။