မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၂၀၀ လုပ်ဆောင်ထားပြီး အဆိုပါ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄ ထောင်ကျော် သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြုစုထားတဲ့ စာရင်းအချက်အလက်အရ စစ်တပ်အာဏာသိမ်းစကနေ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ပေါင်း ၄၂၀၀ ကြောင့် သေဆုံးသူ စုစုပေါင်း ၄၄၇၀ ယောက် ရှိခဲ့ပြီး အဲဒီထဲမှာ ၁၈ နှစ်အောက် ကလေးသူငယ် ၈၇၆ ယောက် ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၄၁၀ ကျောင်း၊ ဆေးရုံဆေးခန်း ၁၃၉ ခုနဲ့ ဘာသာရေးအဆောက်အအုံ ၆၂၁ ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ လေယာဥ်၊ ဒရုန်း၊ Paramotor နဲ့ Gyrocopter စသဖြင့် အသုံးပြုမှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လတာအတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၀၀ ကျော် ရှိခဲ့ပြီး ပြည်သူ ၁၄၈ ယောက် သေဆုံးခဲ့ရတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးထွက်ပေါက်အဖြစ် တရားမဝင် ရွေးကောက်ပွဲကို အတင်းအကြပ် ကျင်းပဖို့ ပြင်ဆင်နေသလို တဖက်မှာလည်း အကြမ်းဖက်မှုတွေကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်နေပြီး အကြမ်းဖက်မှု အရေအတွက် ကိန်းဂဏန်းတွေဟာ လပိုင်းအတွင်း မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကော်မရှင် အမျိုးသမီးစစ်မှုထမ်းသင်တန်း ကြိတ်ပေးနေတာ ၂ လကြာပြီ ဖြစ်

အမျိုးသမီးတွေပါဝင်တဲ့ စစ်မှုထမ်းအပတ်စဥ် (၁) သင်တန်းစတင်နေတာ ၂လ ကျော်ရှိနေပြီဖြစ်ပြီး သတင်းပေါက်ကြားမှုမရှိအောင် စစ်ကော်မရှင်က တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ Myanmar Defense & Security Institute - MDSI အဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။
Read More

စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ စစ်သားတစ်ယောက်ကို လက်နက်ခဲယမ်းနှင့်တကွ နေပြည်တော် ပကဖ ခေါ်ထုတ်နိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင်ဌာနနဲ့ ချိတ်ဆက်ပြီး လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အဓမ္မပြည်သူ့စစ်မှုထမ်းစုဆောင်းခံခဲ့ရသူ စစ်ကောင်စီတပ်သား ၁ ယောက်ကို သွားရောက်ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီနဲ့ MNDAA အပစ်ရပ် သဘောတူညီမှုကြောင့် တရုတ်က နယ်စပ်ဂိတ်တွေ ပြန်ဖွင့်

MNDAA နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင် အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံဘက်ကထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်လိုက်တယ်လို့ ဒေသခံတွေက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်တွေမှာ အသိပေး ရေးသားလာကြပါတယ်။
Read More

နာမည်ကျော် အဆိုတော် မာရဇ္ဇ ကွယ်လွန်

ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ နာမည်ကျော်တဲ့ အဆိုတော် မာရဇ္ဇဟာ ဇန်နဝါရီလ ၂၃ ရက် မနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန်အတွက် ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး သီတင်း ၂ ပတ်ကြာ ရပ်ဆိုင်းမည်ဟု NUG ကြေညာ

၂၀၂၅ခုနှစ် မတ်လ ၂၈ရက်‌နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် နိုင်ငံရဲ့ နေရာတော်တော်များများမှာ နေအိမ်အဆောက်အအုံများ၊ လမ်းတံတား အခြေခံအဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး၊ ပြည်သူထောင်နဲ့ချီသေဆုံး သောင်းချီ ဒဏ်ရာရရှိခဲ့တာကြောင့် လူပေါင်းများစွာကို အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ဖို့အတွက် ငလျင်ဘေးသင့်ဒေသတွေမှာ မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို ၃၀.၃.၂၀၂၅ ရက်နေ့မှ စတင်ပြီး နှစ်ပတ်ကြာ ရပ်နားထားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ထုတ်ပြန်လိုက်ပါတယ်။
Read More

အသံတိတ်သပိတ်က အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲအတွက် ရည်ရွယ်ဟု NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဆို

“အရင်အသံတိတ်သပိတ်တွေမှာ တိတ်ဆိတ်ခြင်းက အကျယ်လောင်ဆုံးဟစ်ကြွေးသံဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ကို ကျွန်တော်တို့ပြည်သူတွေက အံ့တုခဲ့ကြသလို၊ အခုချိန်မှာလည်း စစ်အုပ်စုရဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုတစ်ရပ်လုံးက ခိုင်ခိုင်မာမာသပိတ်မှောက်ကြောင်းကို ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ပါတယ်” ဟုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထပ်မံပြောဆိုပါတယ်။