အကြမ်းဖက် အာဏာသိမ်းစစ်တပ်ရဲ့ အပေါင်းအပါဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF နယ်မြေ ထိုင်း-မြန်မာနယ်စပ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ဖမ်းမိတာတွေ ရှိခဲ့သလို စစ်တပ်နဲ့ မိတ်ဖက်ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း သျှမ်းပြည်တပ်မတော်-SSPP/SSA ထိန်းချုပ်ရာ နယ်မြေထဲမှာလည်း ကျားဖြန့်လုပ်ဆောင်သူတွေကို ဖမ်းဆီးရမိတာမျိုးတွေ ရှိလာတယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ တောင်ထိပ်ကျေးရွာအနီးမှာ အခုလို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ၄ ရက်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၂၈ ယောက်ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဒီနေ့ ထုတ်ပြန်ချက်အရ အဆိုပါ အွန်လိုင်းငွေလိမ်လည်မှု လုပ်ကိုင်နေသူတွေအပြင် လူနေအဆောက်အအုံတွေပါ ဖမ်းမိခဲ့တာဖြစ်ပြီး ဆောက်လုပ်ပြီးလူနေအိပ်ဆောင်တွေ၊ ဆောက်လုပ်ဆဲ လူနေအိပ်ဆောင်တွေ၊ အစားအစာသိုလှောင်ရုံ၊ အွန်လိုင်းလိမ်လည်လောင်းကစားပြုလုပ်ရာ အဆောက်အအုံ တွေနဲ့ ကင်းစောင့်မျှော်စင်တွေကိုပါ တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် မီးစက်အကြီး ၁ လုံး၊ ကွန်ပျူတာ ၃၀ လုံး၊ စတားလင့်ခ် ဗန်း ၁၀ ခု၊ အဲရ်ကိုလာ ၁ လုံး၊ X ဝိုင်ဖိုင်စက် ၂ လုံး၊ ဆောင်းဘောက် ၁ လုံး၊ ပါဝါစတေရှင် ၃ လုံး၊ ငွေရေတွက်စက် ၁ လုံး၊ ငွေကဒ်ဖြတ်စက် ၃ လုံး၊ ကွန်ပျူတာ ဆက်စပ်ပစ္စည်းတွေနဲ့ တခြားလျှပ်စစ်သုံးပစ္စည်းတွေ တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ ငွေလိမ်လုပ်ငန်းမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ၊ လူနေအဆောက်အအုံတွေ၊ နေရာထိုင်ခင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အကြမ်းဖက်စစ်တပ်က ထုတ်ပြန်ထားပြီး ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားတွေကို တရားစွဲဆိုအ‌ရေးယူကာ သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လွှဲပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ စစ်ကော်မရှင်က ဆိုပါတယ်။

အာဏာသိမ်းစစ်ကော်မရှင်ဟာ ကျားဖြန့်လုပ်ငန်းတွေဆီက ဝင်ငွေလမ်းကြောင်း ရယူမှုတွေ ရှိနေတယ်လို့ နိုင်ငံတကာမှာ သုံးသပ်ပြောဆိုမှုတွေ ရှိနေသလို စစ်ကော်မရှင်တပ်နဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ နယ်မြေတွေထဲမှာ ကျားဖြန့်လုပ်ငန်းတွေကို ဆက်တိုက် ဖမ်းဆီးရမိနေတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ စစ်ကော်မရှင်)

0 Shares:
You May Also Like
Read More

ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၅၀၀ ကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA နဲ့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေ ပူးပေါင်း ပြုလုပ်ခဲ့တယ်လို့ PLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကသာတွင် စစ်သင်္ဘောများ၏ လုံခြုံရေးအတွက် ဗုံးကြဲမှုကြောင့် ‌ဒေသခံ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ၊ ဘုရားစေတီများ ပျက်စီး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

လမ်းပေါ်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ယာဉ်ထိန်းရဲမေတစ်ယောက် မိုင်းခွဲခံရပြီး စိုးရိမ်လူနာအဖြစ် ဆေးရုံရောက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ငွေတောင်းကြမ်းတဲ့ ယာဥ်ထိန်းရဲမေ သဲသဲ ဆိုသူ မိုင်းခွဲတိုက်ခံရပြီး ထိခိုက်ဒဏ်ရာ​ပြင်းထန်တာကြောင့် နေပြည်တော် စစ်ဆေးရုံမှာ တက်ရောက်ကုသနေရကြောင်း မင်းဘူးခရိုင်၊ အမှတ် ၄ တပ်ရင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သာယာဝတီထောင်တွင် ပခုံးအဆစ်ပြုတ်သည်အထိ ရိုက်နှက်ခံထားရသည့် နိုင်ငံရေးအကျဥ်းသား ကိုအောင်သူထက် ဆက်လက်တိုက်ပိတ်ခံထားရ၊ ရိုက်နှက်ခဲ့သည့်ဝန်ထမ်းကိုလည်း အရေးမယူမှု မရှိ…

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ရှိ အကျဉ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား​ ၁ ယောက်ကို ရန်ဖြစ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပုခုံးအဆစ်ပြုတ်တဲ့အထိ ရိုက်နှက်ခဲ့တဲ့ အကျဥ်းဝန်ထမ်းဆိုသူကို အရေးယူမှု မရှိဘဲ ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားကိုသာ တိုက်ပိတ်အရေးယူထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တလုပ်မြို့ရွာတွင် ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၂ ဦးသေပြီး ထိခိုက်သူများလည်း ရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ရွာမှာ ကင်းပတ်ထွက်တဲ့ စစ်ကောင်စီတပ်သားတွေကို ရှောင်တခင်ပစ်ခတ်တိုက်ခိုက်ရာ ၂ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကိုင်းမှာ စစ်ကားတွေ ဘရိတ်ပေါက်ပြီး ခရီးသွားကားနှင့် လယ်ထွန်စက်ကို ဝင်တိုက်မိ၊ စစ်သား ၄ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ဘရိတ်ပေါက်လာတဲ့ စစ်ကောင်စီကားတွေက အရပ်သားကားတွေကို ဝင်တိုက်မိပြီး စစ်သား၄ယောက်နဲ့ အရပ်သား ၂ ယောက် သေဆုံးခဲ့ကြောင်း The Voice Of Wetlet Madayar အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။