မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း‌ဟောင်းမှာ ဒီဇင်ဘာ ၃ ရက် ဒီနေ့ နေ့လယ်ပိုင်းက ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သာစည်မြို့နယ် ဝက်တိုးကျေးရွာအုပ်စု ရွှေတောင်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆီဘောက်ဆာကား ၁ စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိတ္ထီလာမြို့နယ်မီးသတ်စခန်း၊ သာစည်မြို့နယ်မီးသတ်စခန်း၊ ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းနဲ့ လျှော်ပင်နယ်မြေမီးသတ်စခန်းတို့က မီးသတ်ကားတွေ သွားရောက်မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် ဆုံးရှုံးခဲ့ရတဲ့ တန်ဖိုးကို တာဝန်ရှိသူတွေက တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Video – Wundwin Fsd

0 Shares:
You May Also Like
Read More

အမ်း နပခ မှာ လက်နက်ချတဲ့ စစ်သားတွေကို လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ AA ကယ်ထုတ် (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)မှာ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ ကယ်ထုတ်နေတဲ့ ရုပ်သံဖိုင်ကို အာရက္ခတပ်တော် AA က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ဖို့ SSNDF / KNDF B-103 မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ဖို့ SSNDF / KNDF B-103 မှ သင်တန်းသားရဲဘော် သစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ လျှောက်ထားလိုသူတွေဟာ အသက် (၁၈) နှစ်ပြည့်ပြီးသူ၊ ကျန်းမာရေးအထူးကောင်းမွန်သူ၊ ပေး အပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ သိရပါတယ်။ ထောက်ပို့ရန် နှင့် ရဲဘော်သစ် လျှောက်ထားလိုသူတွေအနေနဲ့ တယ်လီဂရမ် - t.me/ssndfbb103 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတ်။
Read More

ကမ္မမြို့ပေါ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်ရှိ ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့နယ်အတွင်း စစ်တပ်က တစ်ရက်တည်း ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်၊ ကိုရင် ၁ ပါးနှင့် အမျိုးသမီးကြီး ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် ပန်ကွမ်အုပ်စု ပန်ကွမ်ကျေးရွာနဲ့ ပန်သပြေကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Ta'ang Women's Organization က ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့နယ် လဝကရုံးရှေ့မှာ ဂိတ်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၂ ယောက် သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်မှာရှိတဲ့ လဝကရုံးရှေ့မှာ ဂိတ်ချပြီး စစ်ဆေးရေး လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ DNLA ဖက်ဒရယ်ဓူဝံကြယ်တပ်ခွဲထံက သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ် လဝကရုံးဂိတ်နှင့် ကင်းပတ်နေတဲ့ စစ်သားများကို တိုက်ခိုက်၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ လဝကရုံးဂိတ်နဲ့ ကင်းပတ်နေတဲ့ စစ်သားတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ Federal Polaris Force ထံက သိရပါတယ်။