ကရင်နီပြည်၊ လွိုင်ကော်မြို့၊ ကုန်းပေါင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့လ နိုဝင်ဘာ ၁၀ ရက်နေ့က လွိုင်ကော်မြို့ ကုန်းပေါင်းကျေးရွာကို အင်အား ၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက လမ်းပိုင်းတနေရာအရောက် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က ထုတ်ပြန်ထားတာပါ။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားအများအပြားသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်

0 Shares:
You May Also Like
Read More

ပြိုကျခဲ့တဲ့ မန္တလေး Sky Villa ကွန်ဒိုအတွင်း ပိတ်မိနေသူ ၄၃ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အလောင်း ၉ လောင်း တွေ့ရှိထားဟု ဆို (ရုပ်/သံ)

ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒို ပြိုကျပျက်စီးမှုအတွင်း ပိတ်မိနေသူ ၄၃ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အလောင်း ၉ လောင်း တွေ့ရှိထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဌာနက ယနေ့မတ်လ ၂၉ ရက် ညနေပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဆားဂွန်းဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်မှု ဒုရဲအုပ်အောင်သူရနှင့် စစ်သား ၁ ယောက် သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဆားဂွန်းဂိတ်ကို ဖေဖော်ဝါရီ ၁၆ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ဖြူးမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

ဟုမ္မလင်းမြို့နယ်အတွင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး မီးလောင်နေတဲ့ စာသင်ကျောင်းကို မီးငြိမ်းသတ်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာစာသင်ကျောင်းကို ရှမ်းနီအမျိုးသားတပ်မတော် SNA ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် မီးလောင်နေတဲ့အတွက် တော်လှန်ရေးရဲဘော်တွေက မီးငြိမ်းသတ်ပေးခဲ့တယ်လို့ Homalin People's Defense Force မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်သားတွေရဲ့ အစောင့်အကြပ်နဲ့ လေယာဉ်ဆီတင်ဆောင်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့ကနေ မုံရွာမြို့ကို အကြမ်းဖက်စစ်သား အစောင့်အကြပ်တွေနဲ့ လေယာဉ်ဆီတင်ဆောင်လာတဲ့ ယာဉ်တန်းကို နိုဝင်ဘာ ၄ ရက် နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း ၄  (Monywa The Boys) ထံက သိရပါတယ်။
Read More

ပါကစ္စတန်ကို အိန္ဒိယ ဒုံးကျည်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က အိန္ဒိယထိန်းချုပ်ထားရာ ကတ်ရှ်မီးယားဒေသမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရကာ အိန္ဒိယနိုင်ငံသား ၂၅ ယောက်နဲ့ နီပေါနိုင်ငံသား ၁ ယောက်တို့ သေဆုံးပြီးနောက် လက်တုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်နိုင်ငံအတွင်းကို အိန္ဒိယက ဒုံးကျည်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
Read More

ဘူဂေးရီးယားနိုင်ငံမှာ မိုးအပြင်းအထန်ရွာသွန်းပြီး ရေကြီးမှုကြောင့် လူ ၃ ယောက်သေဆုံး (ရုပ်/သံ)

ဘူဂေးရီးယားနိုင်ငံ Black Sea ကမ်းရိုးတန်းရှိ Elenite ခရီးသွားမြို့မှာ အောက်တိုဘာ ၃ ရက်က မိုးအပြင်းအထန်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး လူ ၃ ယောက်သေဆုံးခဲ့ပါတယ်။ အာဏာပိုင်တွေက အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး ဒုက္ခသည်စခန်းများဖွင့်လှစ်ကာ ပြည်သူများ နေထိုင်ရေး အဆင်ပြေစေဖို့ လုပ်ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ မိုးဆက်လက်ရွာသွန်းနိုင်ပြီး ရေကြီးမှု ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်းကိုလည်း မိုးလေဝသပညာ ရှင်တွေက ခန့်မှန်းထားပါတယ်။