ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တစ်ဖက်ကမ်း ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ လုပ် ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ ၁၂ ထပ်အဆောက်အအုံတစ်ခုကို အကြမ်းဖက်စစ်တပ်က ဒီနေ့မှာ ဖောက်ခွဲဖြိုချပြခဲ့ပါတယ်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ကိုင်ရာမှာ အသုံးပြုခဲ့တဲ့ တရားမဝင် အဆောက်အအုံတွေကို ချိတ်ပိတ်သိမ်းဆည်းတာပဲ လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်တပ်က ဒီနေ့မှာ အဆောက်အအုံတစ်လုံးကို ဖြိုချပြခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်က ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲထော်သလေး KK Park အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းနယ်မြေရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးထဲက ၂၇၆ လုံးကို ဖြိုချဖျက်ဆီးပစ်နေပေမယ့် ရွှေကုက္ကိုလ်နယ်မြေထဲက အဆောက်အအုံ ၁၄၀ ကို မဖြိုချဘဲ ချိတ်ပိတ်သိမ်းဆည်းနေခဲ့တာ ဖြစ်ပါတယ်။

“ဤလုပ်ရပ်သည် လိမ်လည်မှုစင်တာများ (scam centers) ကို ဖျက်ဆီးရန်နှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ကောင် များကို မောင်းထုတ်လိုကြောင်း ပြသလိုသည့် ရည်ရွယ်ချက်ဖြစ်သည်” လို့ အဆောက်အအုံ ဖြိုချဖျက်ဆီးတာနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်အပါအဝင် နိုင်ငံတကာက ကျားဖြန့်လုပ်ငန်းတွေကို ဖြေရှင်းဖို့ အာရုံစိုက်လာချိန် အကြမ်းဖက်စစ်အုပ်စုက ကျားဖြန့်လုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို နှိမ်နင်းဖြေရှင်းပြနေပြီး စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေအရ ကျားဖြန့်လုပ်ငန်းလုပ်ဆောင်ရာမှာ အသုံးပြုတဲ့ အဆောက်အအုံ ၂၅၀ ကျော်၊ နိုင်ငံခြားသား ၂၀၀၀ နီးပါးကို ရှင်းလင်းနှိမ်နင်း ဖမ်းဆီးရမိထားခဲ့တယ်လို့ ဆိုပါတယ်။

ရွှေကုက္ကိုလ်နယ်မြေဟာ ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံသားတွေက ကရင်နယ်ခြားစောင့်တပ်နဲ့ ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံ တည်ဆောက်ခဲ့တဲ့ စီးပွားရေးဇုန်တစ်ခုဖြစ်ပြီး အဲဒီနောက်ပိုင်း တရုတ်လူမျိုး လိမ်လည်သူတွေက နိုင်ငံခြားသားတွေကို အလုပ်လုပ်ဖို့ နိုင်ငံဖြတ်ကျော်ခေါ်ယူခဲ့ပြီး ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေ၊ အွန်လိုင်းလောင်းကစား လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

(ဓာတ်ပုံ The Reporters)

0 Shares:
You May Also Like
Read More

နွားထိုးကြီး PDF ၏ မွမ်းမံသင်တန်း အပတ်စဥ်(၂) သင်တန်းဆင်းပွဲကျင်းပပြီး ရဲဘော်များကို လက်နက် တပ်ဆင်ပေး

နွားထိုးကြီး PDFရဲ့ မွမ်းမံသင်တန်း အပတ်စဥ်(၂) သင်တန်းဆင်းပွဲကို သြဂုတ်လ ၃ ရက် ဒီနေ့မှာ ကျင်းပခဲ့ပြီး မွမ်းမံသင်တန်းဆင်း ရဲဘော်တွေကို မဟာမိတ်အဖွဲ့က လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ နွားထိုးကြီး PDF (မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁၀) တပ်ရင်း)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပါတီစုံဒီမိုကရေစီ လိုချင်ရင် ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ကြဖို့ စစ်အာဏာရှင် မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်နှောင့်ယှက်မှုမျိုး မပြုလုပ်ဘဲ အားလုံးပူးပေါင်းကြဖို့  စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို TNLA အမျိုးသမီး စစ်သည်တွေ ဦးဆောင်ပြုလုပ်ခဲ့…

တအာင်းတပ်မတော် TNLA ရဲ့ တပ်မဟာ (၃) နယ်မြေ တစ်နေရာမှာ TNLA အမျိုးသမီးစစ်သည်တော် ကော်မတီတွေက နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပေါင်းတည်မှာ စစ်မှုထမ်းစုဆောင်းနေတဲ့ သက်ငယ်မုဒိန်းမှုနဲ့ ထောင်ကျဖူးသူ အုပ်ချုပ်ရေးမှူးကို ရှင်းလင်း

ပဲခူတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကွက်သစ်မှာ ကြမ်းဖက်စစ်ကောင်စီခန့် ဇီးပင်လှအုပ်စု အုပ်ချုပ်ရေးမှူး ကိုသန်း (ခ) ငသန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။ 
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ် PDF တွေနဲ့ ပကဖ တွေကို တွေ့ဆုံအားပေးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့အဖွဲ့က နှစ်သစ်ကူးကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေကို တွေ့ဆုံအားပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးတိုင်းအတွင်း NUG စိုးမိုးနယ်မြေများမှ ငလျင်ဒဏ် ထိခိုက်ပြည်သူများကို ခွဲစိတ်ကုသမှုအပါ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းအတွင်း NUG စိုးမိုးနယ်မြေတွေမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက CDM အထူးကုဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ခွဲစိတ်ကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။