တိုင်းပြည်အာဏာကို မတရားသဖြင့် သိမ်းယူပြီး နိုင်ငံ့ခေါင်းဆောင်တွေအပါအဝင် ပြည်သူပေါင်း ၃၀၀၀၀ ကျော်ကို မတရား ဖမ်းဆီးထောင်ချထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူတို့စစ်တပ် ဦးဆောင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို “တရားမျှတ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ” လို့ အရှက်တရား ကင်းမဲ့စွာ သုံးနှုန်းပြောကြားလိုက်ပါတယ်။

ပြင်ဦးလွင်မြို့မှာ ဒီနေ့ ပြုလုပ်တဲ့ စစ်တက္ကသိုလ် DSA သင်တန်း အပတ်စဥ် (၆၇) ဆင်းပွဲမှာ အကြမ်းဖက် မင်းအောင်လှိုင်က အခုလို ပြောဆိုခဲ့တာပါ။

“ပါတီစုံဒီမိုကရေစီဖြစ်တာနဲ့အညီ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တရားမျှတစွာ ပါဝင်ယှဉ်ပြိုင်ကြဖို့ လိုတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ရွေးကောက်ပွဲကို တရားမျှတတဲ့၊ သိက္ခာရှိတဲ့ ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ရေး ဘက်ပေါင်းစုံက ကြိုးစားလုပ်ဆောင်နေတယ်” လို့ အကြမ်းဖက်စစ်ခေါင်းဆောင်က ဆိုပါတယ်။


ဒါ့အပြင် ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးကာ အဓမ္မ စစ်မှုထမ်းစေခိုင်းနေတဲ့အပေါ်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က ဦးဆောင်ပြီး ပြည်သူတွေပါဝင်တဲ့ ကာကွယ်ရေးဗျူဟာ ဖော်ဆောင်ကျင့်သုံးနေတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အလားတူ NUG နဲ့ CRPH အပါအဝင် NCA မှာ လက်မှတ်ရေးထိုးကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ဟာ ရွေးကောက်ပွဲကတဆင့် ပြည်သူရွေးချယ်တဲ့ အစိုးရတစ်ရပ် ဖြစ်ပေါ်လာရင် ဆက်လက်ရပ် တည်ဖို့ ခက်ခဲလာနိုင်တဲ့အတွက် ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်အောင် လုပ်နေတာလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်ရမယ့် အာဆီယံ ဘုံသဘောတူညီချက် ၅ချက်ကိုတောင် အကောင်အထည်မဖော်နိုင်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဖြစ်ချင်တာတွေကို ပြောဆိုနေမယ့်အစား ဖြစ်သင့်တာတွေကို ပြောဆိုပြီး ဖြစ်နိုင်တာတွေကို လုပ်ဆောင်ရမယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မြေလတ်အသံ သတင်းထောက် ကိုသန်းထိုက်မြင့် ထောင်ဒဏ် ၅ နှစ်ချခံရ

မြေလတ်အသံသတင်းဌာနရဲ့ သတင်းထောက်ဖြစ်သူ ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တယ်လို့ သူနဲ့ အလုပ်အတူ တွဲလုပ်ဖူးသူ လုပ်ဖော်ကိုင်ဖက်တွေထံက သိရပါတယ်။
Read More

ဧရာဝတီတိုင်းထဲက ရဲစခန်းတွေ စခန်းတစ်ခုကို ရဲ ၅ယောက်နှုန်း ရခိုင်နယ်စပ် ပို့ပေးနေရ

ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို တိုင်းရဲမင်းကြီးအမိန့်နဲ့ ရခိုင်နဲ့ထိစပ်ရာ ဒေသတွေဆီ ပို့ပေးနေရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ပဲခူးတိုင်း စိုးမိုးနယ်​မြေအတွင်းရှိ လမ်းများကို ရန်ကုန်တိုင်း ပကဖ ပြုပြင်ပေးနေ

ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်ဝှမ်းဒေသ၊ ကျေးရွာအချို့မှာ ကာကွယ်​ရေးဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ - ၃ က ရဲဘော်​တွေဟာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးသွားတဲ့ လမ်း​တွေကို ကျေးရွာသူ၊ ကျေးရွာသား​တွေနဲ့ အတူတူပူးပေါင်းပြီး ပြန်လည်ပြုပြင် ဆောင်ရွက်နေတယ်လို့ ပကဖ အသံက မနေ့က သတင်းဖော်ပြပါတယ်။
Read More

မြိုင် နဲ့ မြင်းခြံမြို့နယ်များအတွင်းရှိ အကြမ်းဖက်စစ်တပ်ရှိရာနေရာများကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်နဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်များအတွင်း အကြမ်းဖက်စစ်တပ်ရှိရာနေရာများကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
Read More

ပေါက်ခေါင်းမှာ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လေးနှစ်တိုင် CDM ဝန်ထမ်းများ တိုက်ပွဲဝင်နေမှုအပေါ် အပြည့်အ၀မကူညီနိုင်ခဲ့ဟု NUG ပြော

CDM လှုပ်ရှားမှုတွေထဲက ပြည်သူ့ဘက်တော်သားတွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေဟာ ကြီးမားတဲ့ကဏ္ဍက ပါဝင်နေလို့ CDM သူရဲကောင်းအားလုံးကို ဦးညွတ်အ‌လေးပြုကြောင်း NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။