စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲရှိ အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force MDF က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁ ရက်က မြင်းမူမြို့နယ် မြောင်လမ်းခွဲရှိ အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေဟာ လက်နက်ကြီးတွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Myaung Drone Force MDF နဲ့အတူ မြင်းမူမြို့နယ် ပ.က.ဖ. ၊ SDDF စစ်ကိုင်းခရိုင်ဒရုန်းတပ်ဖွဲ့၊ HAWK GUERRILLA FORCE၊ ဧရာမြွေပွေး NZN၊ JUSTICE WARRIORSတပ်ဖွဲ့နဲ့ Revolutionary Air Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Myaung Drone Force M.D.F

0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ်တိုက်ပွဲအတွင်း အထိနာနေသည့် စစ်ကောင်စီတပ် ကာမီကာဇေဒရုန်းများ အသုံးပြု တိုက်ခိုက်လာ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် နယ်စပ်စခန်းတွေ သိမ်းပိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကို ကာမီကာဇေဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်တစ်ခုကို ထိုင်းသတင်းဌာနတွေက ဖော်ပြနေကြပါတယ်။
Read More

လေကြောင်းရန်ကြောင့် အလှူထမင်းစားဖို့ ကြောက်လန့်နေရတဲ့ အညာဒေသ (ရုပ်/သံ)

အညာဒေသတစ်နေရာရဲ့  အလှူပွဲတစ်ခုမှာ လေယာဉ်သံကြောင့် ထမင်းစားနေသူတွေဟာ ဝရုန်းသုန်းကား ထွက်ပြေးနေကြတဲ့ ဗီဒီယိုတစ်ခု ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

လင်းဇင်းရဲစခန်းနဲ့ ကံပြားရဲစခန်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အုန်းတော်ရွာအနီး လင်းဇင်းရဲစခန်းနဲ့ ကံပြားရဲစခန်းကနေ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းတို့  ဇန်နဝါရီ ၁၁ ရက် နေ့လည်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 
Read More

ရေဦးမြို့ ပျူစောထီးသင်တန်းဆင်းပွဲကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု နယ်ထိန်းရဲအပါအဝင် ၄ ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရေဦးမြို့နယ် ထွေအုပ်ရုံးအတွင်း နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပျူ စောထီးသင်တန်းဆင်းပွဲပြုလုပ်နေချိန် Fixed-Wing Drone တွေနဲ့ ဗုံးသီး ၉ လုံးကြဲချတိုက်ခိုက်ခဲ့ တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

ပြည်သူ့တော်လှန်ရေးတပ်ဦးရဲ့ လေးနှစ်တာကာလအတွင်း လေ့ကျင့်ရေးနဲ့ စစ်ဆင်ရေးလှုပ်ရှားမှု ပုံရိပ်တွေကို ထုတ်ပြန် (ရုပ်/သံ)

ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ဖွဲ့စည်းတည်ထောင်ခြင်း လေးနှစ်ပြည့်မြောက်အဖြစ် လေ့ကျင့် ရေး၊ စစ်ဆင်ရေးနဲ့ လူထုအခြေပြုလုပ်ငန်း လုပ်ငန်းလုပ်ဆောင်ချက် မှတ်တမ်းရုပ်သံကို PRF အလံတင်သီချင်းနဲ့အတူ ထုတ်ပြန် လိုက်ပါတယ်။
Read More

ရှမ်း-မန်းစစ်ဆင်ရေးပြန် ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ရှမ်း-မန်စစ်ဆင်ရေးအတွင်း မြို့သိမ်းတိုက်ပွဲတွေ ပါဝင်တိုက်ခိုက်ပြီး စစ်ကိုင်းတိုင်းအတွင်း ပြန် လာကြတဲ့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း ရဲဘော်တွေကို အောင်သပြေပန်းတွေနဲ့ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။