ပဲခူးတိုင်း၊ ​တောင်ငူမြို့နယ်မှာ အိမ်ပေါ်အထိ ပေါ်တာတက်ဆွဲခံရပြီး စစ်မှုထမ်းတပ်သားဖြစ်လာသူက ညီဖြစ်သူရှိရာ PDF တပ်ရင်းထံ အလင်းဝင်ရောက်လာပြီး အကြမ်းဖက်စစ်တပ်ကို ပြန်တိုက်သွားဖို့ရှိကြောင်း နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း 803 တပ်ရင်းမှူး ရဲဘော်ရာမွန် က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က နေအိမ်ပေါ်အထိတက်ပြီး အတင်းအဓမ္မ ဖမ်းဆီးခံရကာ စစ်မှုထမ်းတပ်သားဖြစ်လာတဲ့ ကိုအောင်ကိုဝင်းဟာ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ နေပြည်တော် တိုင်းစစ်ဌာနလက်အောက်မှာရှိတဲ့ PDF-Tatkone “Battalion803” နဲ့ချိတ်ဆက်ပြီး ထွက်ပြေးအလင်းဝင်ရောက်လာတာလို့ သိရပါတယ်။

ကိုအောင်ကိုဝင်းအ​နေနဲ့ စစ်အုပ်စုဖမ်းဆီးပြီးတဲ့​နောက် စစ်မှုထမ်းအပတ်စဥ် ၁၂ သင်တန်းကို သံဖြူဇရပ်မြို့နယ်၊ ဝဲကလိမှာ တက်ရောက်ခဲ့ရပြီး သင်တန်းပြီးမြောက်ချိန်မှာတော့ သထုံခရိုင် အမှတ် (၉) ခြေမြန်တပ်ရင်းမှာ (၅) လကြာ နေထိုင်နေချိန် ညီဖြစ်သူရှိရာ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ်(803)ဆီ အလင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ကိုအောင်ကိုဝင်းအား တာဝန်ရှိရဲဘော်များက မေးမြန်းနေစဥ်

“အမှန်တော့ သူက လက်န​က်ယူပြေးလာတာပါ၊ ဒါပေမယ့် လာရမယ့် တပ်ရင်းနဲ့ သူ့နေရာကဝေးတော့ သယ်ဖို့မဖြစ်နိုင်လို့ လမ်းမှာပဲ လက်နက်တွေ ဝှက်ထားခဲ့ရတယ်။ တပ်ရင်း ၈၀၃မှာ သူညီအရင်းရှိတယ်။ အဲ့ဒါ ချိတ်ဆက်ပြီးပြေးလာတာ သွားမခေါ်ရဘူး။ လမ်းခရီးပဲ စီစဥ်ပေးခဲ့ရတာပါ” လို့ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း 803 တပ်ရင်းမှူး ရဲဘော်ရာမွန်က မောင်းကိုပြောပါတယ်။

တပ်သားအောင်ကိုဝင်းအနေနဲ့ လက်ရှိမှာ ညီဖြစ်သူနဲ့အတူ တပ်ရင်း(803)မှာပဲ ရဲဘော်အဖြစ်တာဝန်ထမ်းဆောင်ပြီး အာဏာရှင် စစ်ကော်မရှင်တပ်ကို ​​တွန်းလှန်တိုက်ခိုက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

“အခုလက်ရှိတော့ မွမ်းမံသင်တန်းပေါ့။ သူ့အနေနဲ့စစ်ပညာသင်ကြားပြီးပေမယ့် စိတ်ဓာတ်ရေးရာ မွမ်းမံသင်တန်းတော့ ပြန်ပေးဖို့ စီစဥ်ထားပါတယ်။  ပြီးရင်တော့ လက်နက်ပေးကိုင်ပြီး စကစကို ပြန်တိုက်မယ့် သူ့ရည်ရွယ်ချက်အတိုင်း စီစဥ်ပေးမှာပါ။” လို့ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း 803 တပ်ရင်းမှူး ရဲဘော်ရာမွန်က မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဦး ပ.က.ဖ တပ်ခွဲဲ (၃) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် 21 Bagan-People Defense Force အနေဖြင့် Local PDF အဖြစ် ပြောင်းလဲရပ်တည်မည်

ညောင်ဦးမြို့နယ် ပ.က.ဖ တပ်ခွဲ ၃ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ 21 Bagan - People Defense Force ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နုတ်ထွက်ပြီး Local PDF အဖြစ် တော်လှန်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

စက်တင်ဘာလအတွင်း ဖော်ဆောင်ခဲ့သည့် MSFC ကာကွယ်ရေးဌာနအောက်ခံ တပ်များနှင့် မဟာမိတ် စစ်ဆင်ရေးများ 

အခုလ စက်တင်ဘာ (၁) လတာအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို MSFC က ထုတ်ပြန်ပါတယ်။ 
Read More

တားပလိန်း (ခေါ်) ငွံန်ရောတ်မျိုးနွယ်စု အကြီးအကဲသစ်တင်မြောက်ပွဲနဲ့ တအာင်းနှစ်သစ်ကြိုဆိုပွဲကို TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော် တက်ရောက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ အနောက်ကင်းကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ တားပလိန်း (ခေါ်) ငွံန်ရောတ်မျိုးနွယ်စု အကြီးအကဲ ရွေးကောက်တင်မြှောက်ခြင်း အခမ်းအနားနဲ့ (၂၇၁၆) နှစ်ပြည့် တအာင်းနှစ်သစ်ကူး ကြိုဆိုပွဲကို တအာင်းတပ်မတော် PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် တက်ရောက်ခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မှာ စစ်ကော်မရှင်တပ်က ဒေသခံများအား အတင်းအဓမ္မ ဖမ်းဆီးကာ ရွေးကောက်ပွဲအတွက် အဓမ္မစေခိုင်းမှုအချို့ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ဒေသခံတွေကို စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီး သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲ မဲပေးမှုအတွက် အတင်းအဓမ္မ စေခိုင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်း ၂ ရက်ဆက် ထိုးစစ်ဆင်ပြီးနောက် KNU ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်အရုံး (KNU) လက်အောက်ခံတပ်တွေ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီအတွက် လောင်စာဆီတွေ ထောက်ပံ့နေတဲ့ Interra Resources ကုမ္ပဏီကို စင်ကာပူစတော့အိတ်ချိန်း (SGX) ရပ်ဆိုင်း

စစ်ကောင်စီကို လောင်စာဆီတွေ ထုတ်လုပ်ထောက်ပံ့ပေးခဲ့တဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီ Interra Resources ကို စင်ကာပူစတော့အိတ်ချိန်း (SGX) က ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။