ပဲခူတိုင်း၊ လက်ပံတန်းမြို့နယ်က တောင်သူတွေရဲ့ မိုးရာသီစိုက် ဘဏ်ချေးငွေတွေကို တောင်းခံခြင်းမပြုလုပ်ကြဖို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ အသိပေး ထုတ်ပြန်ပါတယ်။

တောင်သူတွေရဲ့ ဘဏ်ချေးငွေတွေကို ဘဏ်ဝန်ထမ်းတွေနဲ့ စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက အတင်းအဓမ္မတောင်းခံလာတာကြောင့် အခုလို ထုတ်ပြန်ရတာဖြစ်တယ်လို့ သိရပါတယ်။

“ပြည်သူတွေက ဘာအခက်အခဲရှိလဲဆိုတော့ ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ခင်းတွေကလည်း ပျက်စီးခဲ့တယ်။ ပြီးတော့ စိုက်ပျိုးစားရိတ်တွေ၊ ဓာတ်မြေဩဇာတွေ၊ စိုက်ပျိုးရေးသုံးဆေးဖိုးတွေက ဈေးတအားများလာတယ်။ ပြီးတော့ ဒီနှစ် စပါးထွက်ချိန်မှာ အစိုးရက သတ်မှတ်လိုက်တဲ့ စပါးဈေးတွေက အင်မတန် လျော့နည်းနေတော့ သူတို့မှာ စိုက်ဈေးတောင် မကာမိတဲ့ အခြေအနေဖြစ်နေတာပါ” လို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကမောင်းကို စပါးစိုက်ပျိုးတောင်သူတွေရဲ့ အခက်အခဲကို ရှင်းပြပါတယ်။

ဒီလို အခက်ခဲတွေ ရှိနေသည့်တိုင်အောင် စိုက်ဘဏ်တာဝန်ရှိသူတွေဟာ စစ်တပ်နဲ့ပေါင်းပြီး မိုးစိုက်ဘဏ်ချေးငွေတွေကို အခုလထဲမှာ အပြီးဆပ်ဖို့ အတင်းတောင်းနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူတချို့ဟာ စိုက်ဘဏ်နဲ့ စစ်တပ်က လူတွေ ငွေတောင်းခံရာမှာ ခြိမ်းခြောက်တာကို ကြောက်လန့်တာကြောင့် မဖြစ်ဖြစ်တဲ့နည်းနဲ့ ချေးငွေကို ဆပ်ဖို့ ပြင်ဆင်နေသူတွေလည်းရှိသလို ပြန်မဆပ်နိုင်တာကြောင့် အရေးယူမှုကိုပဲ လက်ခံလိုက်ဖို့ စိတ်ပိုင်းဖြတ် ပြင်ဆင်နေသူတွေလည်း ရှိနေပါတယ်။

“အဲ့ဒါကြောင့် တောင်သူတွေကလည်း ကျနော်တို့ကို အကူအညီ တောင်းလာကြတယ်။ မဆပ်နိုင်တဲ့ ပြည်သူတွေကို စာရင်းနဲ့ခေါ်ပြီးတော့ သူတို့တွေ အခုလကုန်ကို ဆပ်ခိုင်းကြတာပေါ့။ မဆပ်ရင် ထိရောက်တဲ့ အရေးယူမှုလုပ်မယ်ဆိုပြီး သိရတယ်။ လက်ရှိထိတော့ ဖမ်းဆီးတာမျိုးတော့ မရှိသေးပါဘူး” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ပြည်သူတွေဘက်ကနေ ရပ်တည်သွားမှာဖြစ်ပြီး စိုက်ဘဏ်တွေအနေနဲ့ ထုတ်ပြန်ချက်ကို လိုက်နာခြင်း ရှိ/မရှိစောင့်ကြည့်သွားမှာဖြစ်ကာ ရပ်ရွာအုပ်ချုပ်ရေး လုပ်ဆောင်နေသူတွေအနေနဲ့လည်း တောင်သူတွေရဲ့ အခက်အခဲတွေကို နားလည်သွားဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံး ဒေသခံ အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ထားဝယ်သပိတ်ကော်မတီ ထုတ်ပြန်…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ဘက်ကနေ လောင်းလုံးမြို့ဘက်ခြမ်းကို အင်အားဖြည့်တင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ‌လောင်းလုံဒေသခံ အမျိုးသမီး ၁ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဒီဇင်ဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ မိုးကုတ်မြို့ ကျောက်တွင်းလုပ်ကွက် စစ်တပ်ဗုံးကြဲမှုဖြစ်စဥ် NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဝင်းထရံ ရပ်ကွက်က ကျောက်တွင်းလုပ်ကွက် (ဝင်းထရံလုပ်ကွက်)ကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ရှေ့တန်းတွင် ကျဆုံး

မကွေးတိုင်းအနောက်ခြမ်းရှိ အရှိုချင်းဒေသက အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တပ်ဖွဲ့ဝင် ရဲဘော် ၂ ယောက် ရှေ့တန်းတစ်နေရာမှာ ကျဆုံးသွားတယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း KNU ရဲ့ ခရိုင်တာဝန်ရှိသူတွေနဲ့ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP)တို့က စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး - KNU ရဲ့ ခရိုင်တာဝန်ရှိသူတွေနဲ့ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP)တို့က စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

KNU ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ KMU ရဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနားကို KNU ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ KNU ဗဟိုက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

လုပ်သက် ၇နှစ်ရှိတဲ့ ရဲတပ်သားတစ်ယောက် တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သား၁ယောက် လက်နက်ကျည်ဆံတွေနဲ့အတူ အလင်းဝင်ရောက်လာကြောင်း Earthquake People's Defence Force ထံက သိရပါတယ်။