မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ နိုဝင်ဘာလ တစ်လတည်းအတွင်း လူငယ် ၂၉ ယောက်ကို စစ်ကော်မရှင်က ဖမ်းဆီးခဲ့ပြီး ငွေပေးနိုင်သူ ၂ ယောက်သာ လွတ်မြောက်ကာ ကျန်တဲ့သူတွေ စစ်သင်တန်းကျောင်း ပို့ဆောင်ခံရကြောင်း ပြည်သူ့ညီနောင် – စလင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့ကစလို့ နိုဝင်ဘာလကုန်အထိ စလင်းမြို့နယ်အတွင်း စစ်အုပ်စုက လူငယ်တွေ အပြင်မထွက်ရဲလောက်အောင်အထိ ဆိုးဆိုးရွားရွား ပေါ်တာဆွဲတာတွေ လုပ်ဆောင်ခဲ့ပြီး ငွေကြေးအဆမတန်တောင်းခံပြီးမှသာ ပြန်လွှတ်ပေးတော့ကြောင်း သိရပါတယ်။

ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက် မနက်ပိုင်းက စလင်းမြို့ပေါ်၊ ကျောင်းကြားရပ်ကွက်အတွင်း အိမ်ငှားနေထိုင်နေတဲ့ လူငယ်၂ ယောက် စလင်းစျေးမှာ စျေးဝယ်သွားဖို့ အိမ်ကအထွက် လမ်းထိပ်အရောက်မှာပဲ စစ်အုပ်စုနဲ့ ထိပ်တိုက်တိုးကာ နေအိမ်ပေါ်အထိ လိုက်လံဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်သူ့ညီနောင် – စလင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၈ရက် နေ့လယ်ပိုင်းက မြို့မစျေးအနောက်မှာ မုန့်ပို့လာတဲ့ ကား ၁ စီးပေါ်က လူငယ် ၃ ယောက်ကို စစ်အုပ်စုအပေါင်းအပါတွေက လိုက်လံဖမ်းဆီးရာမှာ ၂ ယောက် လွတ်မြောက်ပြီး ၁ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

အဲ့ဒီဖြစ်စဥ်မတိုင်ခင် မနက်စောစောကလည်း ရုံးပင်ကန်ကျေးရွာနေ အရပ်သား ၃ ယောက် ငါးထိုးသွားရာက စစ်အုပ်စုနဲ့ ထိပ်တိုက်တိုးကာ ဖမ်းဆီးခဲ့ရကြောင်းနဲ့  ငွေကျပ် သိန်း ၁၃၀ နဲ့ ရွေးထုတ်နိုင်သူသာ လွတ်မြောက်လာခဲ့ပြီး ကျန်တဲ့ ၂ ယောက်က စလင်းမြို့ ၂၅၄ တပ်ဆီ ပို့ဆောင်ခံခဲ့ရကြောင်း သိရပါတယ်။

အလားတူ နိုဝင်ဘာ ၉ရက်နေ့က စလင်းမြို့ပေါ်ကို ဆိုင်ကယ်နဲ့လာတဲ့ တဲကုန်းကျေးရွာနေ အရပ်သား လူငယ် ၂ ယောက် ဖမ်းဆီးခံခဲ့ရပါသေးတယ်။ အဲ့ဒီနေ့တစ်ရက်တည်းမှာပဲ မန္တလေးမြို့ကနေ စိန်တံခွန်ကားနဲ့ ပြန်လာတဲ့လူငယ် ၁ ယောက် ဖမ်းဆီးခံရပြီး ငွေ သိန်း ၁၄၀ အထိပေးကာ ရွေးထုတ်ပေမယ့် အဆင်မပြေခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာလ ၁၁ ရက် မနက်အစောပိုင်းမှာလည်း စလင်းမြို့ ရွှေပွင့်ဖြူကားဂိတ်မှာ မန္တလေးထွက်မယ့် ကားစောင့်နေတဲ့ လူငယ် ၆ ယောက်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ဒါ့အပြင် ကန်ချောက်ကျေးရွာနေ လူငယ် ၁ ယောက်ကိုလည်း မန္တလေး အပြန်လမ်းမှာ အကြမ်းဖက်စစ်ကော်မရှင်တပ်တွေက ပေါ်တာဆွဲ ဖမ်းဆီးခဲ့သေးကြောင်းနဲ့ ဖမ်းဆီးခံရတဲ့ လူယ်ကို မိသားစုဝင်တွေက ငွေကျပ် သိန်း ၁၇၀ နဲ့ ပြန်လည်ရွေးထုတ်ခဲ့ပေမယ့် လွတ်မြောက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

အဲ့ဒီနောက် နိုဝင်ဘာ ၁၇ ရက်နေ့မှာလည်း သီတပ်ရပ်ကွက်၊ ကျောင်းကြားနဲ့ ပေါင်းနားရပ်ကွက်ထဲက နေအိမ်တွေမှာ တစ်အိမ်တက်တစ်အိမ်ဆင်း ဝင်ရောက်ပေါ်တာဆွဲခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၈ ရက်နေ့မှာ လေးအိမ်စုကျေးရွာကနေ စလင်းမြို့ကိုသွားတဲ့ လူငယ် ၁ ယောက်ကို ဝက်သည်းကန်ထိပ်မှာ အကြမ်းဖက်စစ်အုပ်စုနှင့်ပျူစောထီးတွေက ဝိုင်းဝန်း ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားပါသေးတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ စလင်းမြို့နယ်အတွင်းအတွင်း ရရှိလာတဲ့ စစ်အင်အား ၂၉ ယောက်ထဲက ၂ ယောက်ပဲ လွတ်မြောက်လာခဲ့ပြီး ၂၇ ယောက်ကတော့ ရမည်းသင်းမြို့ အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းဖြစ်တဲ့ ရလသ အမှတ် (၁) ရဲ/စစ် သင်တန်းကျောင်းကို ပို့ဆောင်ခဲခဲ့ရကြောင်း သိရပါတယ်။

“အမှန်တော့ စစ်အုပ်စုက ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးတယ်။ ငွေနဲ့ ရွေးခိုင်းတယ်။ မရွေးနိုင်ရင် စစ်မှုထမ်းခေါ်သွားတယ်။ ငွေညှစ်တာပေါ့ဗျာ၊ ဒါတွေက သူတို့ရဲ့ယုတ်မာတဲ့ မသမာနည်းတွေပေါ့။ အခုဆို လူက ကုန်နေပြီ။ အသက် ၁၇ ကနေ ၄၀ အထိ ဆွဲနေတာ ကုန်နေပြီ” လို့ ပြည်သူ့ညီနောင် -စလင်း တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လက်ရှိအခြေအနေတွေအရ စလင်းမြို့နယ်အတွင်း လူငယ်၊ လူရွယ်တွေ ဆိုးဆိုးရွားရွား ပေါ်တာဆွဲ ဖမ်းဆီးခံနေရချိန် ဖြစ်သလို တစ်ဖက်မှာလည်း အတုအယောင်ရွေးကောက်ပွဲအတွက် စစ်အင်အားတွေက ကျေးရွာတွေထဲ ဝင်ရောက်အထိုင်ချ တပ်စွဲနေကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေကျင်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၄၀) နီးပါး ရေနစ်မြုပ်ခဲ့၊ လေပြင်းမုန်တိုင်းကြောင့် နေအိမ် (၁၁) လုံး ပျက်စီး

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၄၀ နီးပါး ရေနစ်မြုပ်ခဲ့ရပြီး ကျောင်းတွေ ယာယီပိတ်ထားရသလို လေပြင်းမုန်တိုင်းတိုက်ခိုက်မှုကြောင့် နေအိမ် (၁၁) လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြင်းမူမြို့နယ်ရှိ ကျေးရွာ ၂ ရွာမှာ လေကြောင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်အတွင်းက ကျေးရွာ ၂ ရွာမှာ ၅/အရတ အရာတော်လူထုသပိတ် နဲ့ မြင်းမူမြို့နယ် သပိတ်အင်အားစု တို့ ပူးပေါင်းပြီး လေကြောင်းအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ညီညွတ်ရင် မြန်မာအကြမ်းဖက် စစ်ရာဇဝတ်ဂိုဏ်းကို ဖျက်သိမ်းနိုင်ကြောင်း Justice For Myanmar ထုတ်ပြန်

“ကျွန်ုပ်တို့ ညီညွတ်လျှင် မြန်မာစစ်ရာဇဝတ်ဂိုဏ်းအား ဖျက်သိမ်းနိုင်တယ်” လို့ မကြာသေးခင်က Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိထားတဲ့ Justice For Myanmar က ထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွင် အဓိက ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား ၄၀၀ ကျော် ဖမ်းဆီးရရှိခဲ့ ဟု စစ်ကောင်စီ ပြော

ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တိုက်ဖျက်နေတယ်လို့အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ယူကေရောက် တိုင်းရင်းသားတွေ ပင်လုံစာချုပ် (၇၉) နှစ်မြောက် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ယူကေရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားတွေက ပင်လုံစာချုပ်ချုပ်ဆိုခြင်း(၇၉) နှစ်မြောက် အခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက် မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ဒိုက်ဦးထောင်မှာ အာဏာပြ တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဥ်းသူများ ၂ ပတ်ပြည့်သည်အထိ အမျိုးသမီးဆောင် ပြန်မရောက်သေး

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ အသစ်ပြောင်းရွှေ့လာတဲ့ ဦးစီးမှူးဆိုသူက နိုင်ကျဥ်းအမျိုးသမီးတွေကို အာဏာပြတိုက်ပိတ်ထားကြောင်းနဲ့ ကျန်းမာရေးလိုအပ်ချက်အတွက် ဆေးဝါးတွေသေချာမပေးကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့ တာဝန်ရှိသူ မဇူးဇူးမေယွန်းက မောင်းကို ပြောပါတယ်။