အာဏာသိမ်း အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အ‌ရေးချိုးဖောက်မှု ဖြစ်စဥ်ပေါင်း ၂၂၆၇၅ ခု ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။

ဒီထဲမှာ အများဆုံး ကျူးလွန်ချိုးဖောက်ခံရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစားက တရားလက်လွှတ် သတ်ဖြတ်ခံရမှုဖြစ်ပြီး အဆိုပါဖြစ်စဥ်ပေါင်း ၅၂၃၀ မှု ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဥ် အများဆုံးဟာ စစ်ကိုင်းတိုင်းမှာ တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၄၇၅ မှု ကျူးလွန်ခဲ့ရာ လူပေါင်း ၄၉၆၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အစုလိုက်အပြုံလိုက် အသတ်ခံရမှုတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၅၆၁ ယောက် ပါဝင်ပြီး အမျိုးသမီး ၈၈၂ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ ကျေးရွာတချို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့စဥ်

အကြမ်းဖက်စစ်ကော်မရှင်ဟာ မတရားစစ်မှုထမ်းဥပဒေအရရော၊ တရားလက်လွတ် ပေါ်တာဆွဲမှုတွေပါ လုပ်ဆောင်နေရာ ဒီနေ့အချိန်အထိ အတင်းအဓမ္မ စစ်သားစုဆောင်းခံရမှုဖြစ်စဥ်ပေါင်း ၁၆၇၈ ခု ရှိခဲ့ပြီး စုဆောင်းခံရသူ အရေအတွက်ဟာ ၃၁၀၈၆ ယောက် ရှိနေပြီဖြစ်သလို အများဆုံး တပ်သားစု‌ဆောင်းခံရတဲ့ နေရာဒေသက မန္တလေးတိုင်း၊ ဒုတိယက ရခိုင်ပြည်နယ် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဟာ အာဏာသိမ်းဖို့ စတင်ကြိုးပမ်းချိန်ကနေ ဒီနေ့အချိန်အထိ အရပ်သားပြည်သူတွေအပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့မှု ကိန်းဂဏန်းတွေဟာ ရပ်တန့်ခြင်းမရှိဘဲ ဆက်တိုက်တိုးလာနေတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဆိုပါတယ်။

 

0 Shares:
You May Also Like
Read More

ဝက်လက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ်အပါ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ နတ်မှော်ဦးရွာကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်အရွယ် ကလေး ၁ ယောက် အပါအဝင် ၅ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မြိုင်မှာ ညောင်ဂျစ်ပင်ပျူရွာကနေထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းနင်းမိလို့ ၅ ယောက်သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေထောင်ထားတဲ့ နင်းမိုင်း နင်းမိလို့ ကင်းပုန်းထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅ယောက်သေဆုံးခဲ့ပြီး နယ်မြေရှင်းလင်းရေး သွားရောက်လုပ်ဆောင်ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်က AA စစ်ဦးစီးချုပ်နှင့် တွေ့ဆုံခဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို အထူးလေးစားပြီး သူ၏ ကျန်းမာရေးကို စိုးရိမ်ကြောင်း AA စစ်ဦးစီးချုပ် ပြောဟု ဆို…

"မကြာသေးခင်က အာရကန်တပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်၊ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်။ မေမေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်။" လို့ ရေးသားထားတာပါ။
Read More

ဧရာ၀တီ၊ မကွေး နဲ့ပဲခူးက စစ်ကောင်စီ တပ်စခန်းတွေကို AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ထုတ်ပြန်

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့  ဒေသသုံးခုက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

စစ်တပ် BGF ပူးပေါင်းတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ဖာပွန်ခရိုင်အတွင်း ၄ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ မောင်လှကြိုင်ဦးဆောင်တဲ့ BGF တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးနက်စစ်ကြောင်းထံက သိရပါတယ်။
Read More

နောင်ချိုမြို့နဲ့ နမ့်ဆန်မြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံးအပါအဝင် ဗုံး(၈)လုံး လာရောက်ကြဲချလို့ ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နဲ့ ​နမ့်ဆန်မြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး (၂) လုံးအပါအဝင် ဗုံး (၈) လုံး လာရောက်ကြဲချမှုကြောင့် ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့နဲ့ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။