ပဲခူးတိုင်း သာယာဝတီမြို့နယ်အတွင်း အထိုင်ချထားတဲ့ ခမရ ၃၅ တပ်ရင်းရဲ့ မဒေါ့ဂိတ်စခန်းကို တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်းရှိ လိပ်ဥကုန်းလမ်း၊ မဒေါ့၊ သရက်ကုန်း၊ ပြည်တော်သာနဲ့ ကျောက်တွင်းကျေးရွာတွေကို သွားရာလမ်းဆုံရှိ ခမရ ၃၅ တပ်ရင်းရဲ့ မဒေါ့ဂိတ် စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၅ ယောက် သေဆုံးပြီး ဂိတ်စခန်းကိုရှင်းလင်းနိုင်ခဲ့ကာ ကာဘိုင် ၁ လက်၊ MA-1 ၁ လက်နဲ့ ၅.၅၆ ကျည် ၁၅၀ တောင့်၊ မိုဘိုင်ဖုန်း ၂ လုံးသိမ်းဆည်းရရှိခဲ့တယ် လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ၊ အမှတ် (၃၈၀၂) တပ်ရင်း၊ တပ်ခွဲ (၂)၊ ရွှေတန်းမြေ (ပကဖ)နဲ့ လက်ပံတန်းမြို့နယ် (ပကဖ) အထူးတိုက်ခိုက်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့ စက်မှုဇုန်များတွင် အကြမ်းဖက်စစ်ကောင်စီကို ILO မှ ပုဒ်မ ၃၃ ဖြင့် အရေးယူနိုင်ရေး သတင်းစကားများ ဖြန့်ဝေ (ရုပ်/သံ)

ရန်ကုန်မြို့ စက်မှုဇုန်တွေမှာ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ကနေ ပုဒ်မ ၃၃ နဲ့ အရေးယူနိုင်ဖို့ သတင်းစကားတွေ ဖြန့်ဝေခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ထံက သိရပါတယ်။
Read More

ခရီးသည် ၁၇၉ ဦး လိုက်ပါလာတဲ့ American Airlines လေယာဥ်မီးလောင်၊ ခရီးသည်တွေကို အရေးပေါ်ကယ်ဆယ်နိုင်ခဲ့

အမေရိကန် Denver အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ American Airlines လေကြောင်း လေယာဉ်တစ်စင်းဟာ မထွက်ခွာမီ လေယာဉ်ဘီးချို့ယွင်းမှုကတဆင့် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီပဲယင်းမြို့မှာ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီစခန်း ၂ ခုကို ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ကုန်းသာဦးနဲ့ အထကကျောင်းကို မတ်လ ၂၈ ရက်မှာ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF) ထံက သိရပါတယ်။
Read More

အခြေခံစစ်ပညာသင်တန်းတက်ရောက်နေကြတဲ့ Northwest Plains Revolutionary Forces ရဲဘော်တွေ ရုပ်သံထုတ်ပြန် (ရုပ်/သံ)

Northwest Plains Revolutionary Forces ရဲ့ အပတ်စဉ်(၅) အခြေခံစစ်ပညာသင်တန်းတက် ရောက်နေတဲ့ ရဲဘော်တွေကို စစ်ရေးလေ့ကျင့်နေတဲ့ ပုံရိပ်ရုပ်သံမှတ်တမ်းဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ အထမ္မကောက်ကျေးရွာနဲ့ တပေါင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း၊ လက်ဆည်ကျေးရွာရဲစခန်းတွေကို ဒီဇင်ဘာ ၂၇ ရက်က ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး ရော့ကတ်တွေ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ရဲ့ ရုပ်သံမှတ်တမ်းဖိုင်ထုတ်ပြန် (ရုပ်/သံ)

ချင်းပြည်နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းမှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။