အထူးကွန်မန်ဒိုတပ်ရင်း (P29914) ကနေ “ပြတ်ချင်ရာ ပြတ် ၊ နာမည်မပျက်နဲ့” “ပျက်ချင်ရာ ပျက် ၊ နာမည်မပျက်နဲ့” သိန်း ၃၀၀၀ CPPS Campaign ပြုလုပ်ထားတယ်လို့ သိရပါတယ်။

အဆိုပါကမ်ပိန်းကနေ ရရှိငွေတွေကို ဆေးဝါးဆိုင်ရာ လိုအပ်ချက်တွေ ဖြည့်တင်းရေး၊ ရဲဘော်တွေရဲ့ ကာကွယ်‌ရေး ပစ္စည်း၊ အခြေခံစစ်သုံးပစ္စည်း၊ စားနပ်ရိက္ခာတွေ ဝယ်ယူဖြည့်တင်းရေးမှာ အသုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။

ကမ်ပိန်းကာလကို ဒီဇင်ဘာနဲ့ ဇန်နဝါရီ ၂လတာ သတ်မှတ်ထားပြီး ပါဝင်ထောက်ပို့ကြမယ့် တော်လှန်ပြည် သူတွေအနေနဲ့ အောက်မှာ ဖော်ပြထားတဲ့ အထူးကွန်မန်ဒိုတပ်ရင်း – Special Force Facebook ပေ့ချ်ကနေ အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Video – အထူးကွန်မန်ဒိုတပ်ရင်း – Special Force

 

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်း အများအပြား သေဆုံးခဲ့သည့် တိုက်ပွဲအတွင်း SOS ရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ရာမှာ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) ရဲဘော်တွေက ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို တရုတ်နဲ့ စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြကာ ပိတ်ထားတဲ့အတွက် ကုန်သည်တွေ အခက်ကြုံနေ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နဲ့ ရွှေလီမြို့ကြား ကုန်စည်ဖြတ်သန်းမှုကို တရုတ်အစိုးရက ဒီနေ့နိုဝင်ဘာ ၁၁ ရက်မှာ ကန့်သတ်လိုက်တဲ့အတွက် မြန်မာကုန်သည်တွေ အခက်ကြုံနေရတယ်လို့ သိရပါတယ်။
Read More

သရက်ချောင်းမြို့သို့ စက်လှေဖြင့်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ သရက်ချောင်းသို့ စက်လှေနဲ့လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်လူငယ်လက်ရုံးတပ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရော့ကတ်နဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း မှတ်တိုင်အမှတ် ၃၁၇ မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၁ ရက် မနေ့ညနေပိုင်းက ရော့ကတ် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းမြို့နယ် ဘော်ဒါကျေးရွာ စစ်တပ်ဂိတ်စခန်းကို ဝင်‌ရောက်တိုက်ခိုက်၊ စစ်ကော်မရှင်တပ်သား ၅ ဦး သေပြီး လက်နက်များ ရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ရှိ ဘော်ဒါကျေးရွာဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၅ ယောက်သေပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းတွင် ပြည်သူများကို လေကြောင်းနှင့် မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးဟောပြောပွဲပြုလုပ် (ရုပ်/သံ)

မင်းဘူးခရိုင်စစ်ဌာနအတွင်း စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတိုက်ခိုက်တဲ့ လေကြောင်းနဲ့ မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။