စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးဖို့ အမြန်ရေယာဉ် ၂ စီးနဲ့ ထွက်လာတဲ့ စစ် ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁ ရက် မနေ့က ချောင်းဦးမြို့နယ် အမြင့်ရွာကို စစ်ကြောင်းထိုးဖို့အတွက် မုံရွာမြို့ အုန်းပင် ဆိပ်ကမ်းကနေ အမြန်ရေယာဉ် ၂ စီးနဲ့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်း တစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး စက် တပ်လေထီးယာဉ်တွေပါ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို ChindwinFighterGroup(CFG) ဦးဆောင်ပြီး  Brave Heart Army-(B.H.A)တို့နှင့် လက်တွဲလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – Chindwin Fighter Group

0 Shares:
You May Also Like
Read More

ဖားကန့်မြို့နယ် ခွန်ဆာကုန်းသို့ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးပေါက်ကွဲမှု မိသားစုလိုက်သေဆုံးမှုအပါအဝင် ၉ ယောက်ထက်မနည်းသေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ခွန်ဆာကုန်းမှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မိသားလိုက်သေဆုံးမှုအပါအဝင် ၉ယောက်ထက် မနည်းသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်များထံက သိရပါတယ်။
Read More

နန်းစောင်းပုရွာသစ်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါ ၇ ဦး ဖမ်းမိ၊ လက်နက်ခဲယမ်းများနှင့်အတူ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၄ ယောက် သေဆုံးပြီး စစ်သားတွေနဲ့ ကသည်းသူပုန်အပါ စစ်သုံ့ပန်း ၇ ယောက်ကို ဖမ်းမိခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသမှ သတင်းထုတ် ပြန်ထားပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် ရတခ လက်အောက်ခံ ခမရ(၃၃၈) တပ်သား ထက်မြဝင်း၏ ပြောကြားချက် (ရုပ်/သံ)

''ဘာ‌ကြောင့်အလင်းဝင်လာလဲဆိုတော့ သူတို့ စိုးမိုးမှုအောက် မနေချင်လို့။ သူတို့လှမ်းမယ့် လမ်း ကြောင်းတစ်ခုအတွက် ကျနော်တို့ကို လမ်းခင်းပြီးသွားတဲ့  ပုံစံမျိုး။ ပေါ်တာဆွဲတယ် ညှင်းပန်း နှိပ်စက်ခံရတယ်ဆိုလည်း ပြည်သူလူထုပဲ။ သူဘာသူအပြင်မှာနေနေတဲ့ မိသားစုဘဝလေးတွေလည်း ပျက်စီးခဲ့ရတယ်'' 
Read More

နတ်တလင်းမြို့နယ်အတွင်း ရဲစခန်း ၂ ခုကို ‌တော်လှန်ရေးတပ်များ တစ်ရက်တည်း ဝင်ရောက်ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်းရှိ ဒမငယ်ရဲစခန်းနဲ့ တောင်ညိုကွက်သစ်ရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြား တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးစနိုက်ဘာရဲဘော်ရဲ့ မှတ်တမ်းပုံရိပ်တွေ PDF-Zoland ထုတ်ပြန်

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ PDF-Zoland (Sniper Team) ရဲ့ အမျိုးသမီးရဲဘော် ၁ ယောက် တိုက်ပွဲဝင်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို PDF-Zoland မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ခြေရဲစခန်းနဲ့ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းနဲ့ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Black Egale Drone Force အဖွဲ့ထံက သိရပါ တယ်။