စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အများသေဆုံးပြီး စစ်ကြောင်းပျက်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ပကဖ၊ ရွှေဘိုမြို့နယ်၊ NUGမှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက ဝက်လက်မြို့နယ် စိုင်နိုင်လေးရွာအတွင်း အင်အား ၁၀၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲအတွင်း ရွှေဘိုခလရ ၄၂ ကနေ ဟောင်ဝှစ်ဆာ လက်နက်ကြီးနဲ့ ၁၉ ကြိမ် ပစ်ကူပေးခဲ့ပြီး မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စက်တပ်လေထီးယာဉ် ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းအား အင်အားဖြည့်ရန်အတွက် ရွှေဘိုမြို့ တောင်ဘက်ကနေ ထွက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၇၀ ခန့်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ကျော် သေဆုံးပြီး စစ်ကြောင်းပျက်ကာ ရွှေဘိုမြို့တောင်ဘက်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွား တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေး(PDO)အဖွဲ့၊  တိုက်နယ် (၁၊၂၊၃၊၄၊၅၊၆)ပကဖတိုက်ခိုက်ရေးအဖွဲ့များ၊ဒီပဲယင်းမြို့နယ်ပကဖ ဂဠုန်မင်းတိုက်ခိုက်ရေးအဖွဲ့နှင့် ရွှေဘိုမြို့နယ် ပကဖ Droneအဖွဲ့ ၊ တိုက်နယ်(၅)ပကဖ Drone အဖွဲ့နှင့် မဟာမိတ်ညီနောင်တပ်ရင်းများဖြစ်ကြသော(ရွှေဘိုခရိုင်တပ်ရင်း၁၅၊ ၁၈၊၂၃၊ ၂၆၊ ၉၇၀၆- Together  We  Can)တို့ကပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့ ဘက်မှ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရှိခဲ့သလို ညီနောင်မဟာမိတ်တပ်ရင်း ၉၇၀၆မှ တပ်ထောက်ဗိုလ် ၁ ဦး လက်နက်ကြီးစထိမှန်ခဲ့ကာ ထောက်ပို့လမ်းကြောင်းအား မိုင်းဖြတ်တောက်ရေးတွင်လည်း ရွှေဘိုမြို့နယ်ပကဖ ရဲဘော် ၁ ဦးတို့ မြင့်မြတ်စွာ ကျ ဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Video – ပကဖ၊ ရွှေဘိုမြို့နယ်၊ NUG

0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၉ ရဲ့ နောက်ချန်ရဲဘော်တွေ တစ်နေ့တာလှုပ်ရှားမှုများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၉ စစ်ကြောင်းဖြစ်တဲ့ Idiots Column တပ်ဖွဲ့ရဲ့ နောက်ချန် ရဲဘော်တွေ တစ်နေ့တာ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေကို ထုတ်ပြန် ဖော်ပြလိုက်ပါတယ်။
Read More

စစ်အာဏာရှင်တွန်းလှန်ရေးမှာ လိုအပ်နေတဲ့ ဒရုန်းတွေ ဝယ်ယူနိုင်ဖို့ “မကွေးဝေဟင် ဒရုန်းစစ်ဆင်” ကမ်ပိန်း (ရုပ်/သံ)

မကွေးခရိုင်ကွပ်ကဲရေးရုံးက အကြမ်းဖက်စစ်အာဏာရှင်ကို တွန်းလှန်ရေးတိုက်ပွဲမှာ လိုအပ်နေတဲ့ ဒရုန်းတွေဝယ်ယူနိုင်ဖို့ ''မကွေးဝေဟင် ဒရုန်းစစ်ဆင်'' ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

မာနယ်ပလောဒေသ ပြန်လည်ရရှိခြင်းအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး၏ ပြောကြားချက် (ရုပ်/သံ)

''ယနေ့ကျွန်တော်တို့ ဌာနချုပ်ကြီးကို ပြန်လည်ရယူတဲ့နေရာမှာ သွေးနဲ့ ချွေးနဲ့ အသက်နဲ့ ပေးဆပ်ရ တာ ဂုဏ်သိက္ခာနဲ့ ကမ္ဘာကျော်တဲ့ ဌာနချုပ်ကြီးကို ကျွန်တော်တို့ သမိုင်းမှတ်တိုင်အရ အကောင်းဆုံး ပြန်လည်ကာကွယ်နိုင်တဲ့ အခွင့်အလမ်းလက်ထဲ ပြန်ရောက်လာတယ်လို့ ကျွန်တော်တို့ ပြောချင်တယ်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ဌာနချုပ်ဟောင်း ကြီးကို ပြန်လည်ရရှိတယ်လို့လည်း ပြောချင်ပါတယ်"
Read More

ခမရ ၆၀၃ တပ်ရင်းကို ရိက္ခာပို့လာတဲ့ စစ်ယာဉ်တန်းနဲ့ ထိုးဝါးချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု စစ်သား ၅ ယောက်သေပြီး ခဲယမ်းအချို့သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့နယ် တောင်ငူ-လိပ်သိုလမ်းမပေါ်မှာ ခမရ ၆၀၃ တပ်ရင်းကို ရိက္ခာပို့ပြန်လာတဲ့ စစ်ယာဉ်တန်းနဲ့ ထိုးဝါးချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက် ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Kenni Twilight Zoneမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မဟာအောင်မြေမြို့နယ်အတွင်း ဆိုင်ကယ် ၂ စီးအပါအဝင် သိန်း ၃၀ ကျော်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ဗန္ဓုလမိုဘိုင်းလ်ဆိုင်ဖောက်ထွင်းခံရပြီး ဆိုင်ကယ် ၂ စီးအပါအဝင် သိန်း ၃၀ ကျော်ဖိုးရှိ ပစ္စည်းတွေ ခိုးယူခံရတယ်လို့ ဗန္ဓုလမိုဘိုင်းလ်ဆိုင်ထံက သိရပါတယ်။
Read More

ဂန့်ဂေါခရိုင်တပ်ရင်း ၄ ရဲဘော်များ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေး(ရုပ်/သံ)

ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့အတွက် ဂန့်ဂေါခရိုင်တပ်ရင်း ၄ ရဲဘော်တွေက ဆုတောင်းစကား ပြောကြားခဲ့ကြပါတယ်။