ရန်ကုန်မြို့လယ်ရှိ အထင်ကရလမ်းတစ်ခုဖြစ်တဲ့ ယောမင်းကြီးလမ်းမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က “NO VOTE” စာတန်းကိုင်ဆောင်ပြီး အတုအယောင် ရွေးကောက်ပွဲ မဲမပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“မိဘပြည်သူများ အားလုံးသိကြတဲ့အတိုင်း စစ်တပ်က အာဏာသိမ်းပြီးရင် ရွေးကောက်ပွဲလုပ်ပြတာဟာ သူတို့အတွက် ရိုးရာဖြစ်နေပြီလို့တောင် ဆိုရပါမယ်။ လုပ်ပြတယ်ဆိုတဲ့အခါမှာ ဘယ်သူ့ကိုပြတာလဲဆိုရင် စစ်တပ်ဆီက အကျိုးအမြတ်ရမယ့် နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရှရှား စတဲ့ နိုင်ငံတွေအတွက်ဖြစ်ပြီး ကမ္ဘာ့အလယ်မှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲလုပ်ပါတယ်ဆိုပြီး ကမ္ဘာကိုလိမ်လည်ကျားဖြန့်ဖို့အတွက် သက်သက်သာဖြစ်ပါတယ်” လို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ဆိုပါတယ်။

အာဏာသိမ်းပြီး ၅ နှစ်တာကာလအတွင်း စစ်တပ်က နိုင်ငံကောင်းကျိုးအတွက် လုပ်ဆောင်ခဲ့တာရှိရင် ရေဘဝဲကို အထောက်အထားနဲ့တကွ လာရောက်ပြောကြားဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

”စစ်တပ်ပြောသလို နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြစို့ဆိုရင် မဲမပေးခြင်းဟာလည်း နိုင်ငံသားအခွင့်အရေးဖြစ်ပြီး မဲစာရင်းမကြည့်ဖို့၊ မဲမပေးဖို့၊ ကိုယ့်လုံခြုံရေးကို အဓိကထားပြီး ကိုယ်မဲမပေးတာ ကိုယ့်အပြင် တခြားသူမသိစေဖို့ ဉာဏအားကို အဓိထားပြီး ပရိယာယ်ကြွယ်ကြွယ် အတုအယောင်ရွေးကောက်ပွဲကို NO VOTE ဆန့်ကျင်သပိတ်မှောက်ကြဖို့ ရန်ကုန်လူထုအပြင် နိုင်ငံတော်တဝှမ်းလုံးကို ရေဘဝဲမှ တိုက်တွန်းနှိုးဆော်အပ်ပါတယ်” လို့ ဆိုထားပါတယ်။

Video – OCTOPUS

0 Shares:
You May Also Like
Read More

မန္တလေးမြို့လယ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်ကောင်စီ မတရားဖမ်းဆီးထားသူများ လွတ်မြောက်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

မန္တလေးမြို့လယ်တစ်နေရာမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းချခံထားရသူတွေ လွတ်မြောက်စေရေး လူထုသပိတ်ပြု လုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

လင်းဇင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်လေကြောင်းပစ်ကူကြောင့် ပြန်ဆုတ်ခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ လေကြောင်းပစ်ကူကြောင့် တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ မူးဆုံဂိတ်မှ ရေဆင်းချိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ မူးဆုံဂိတ်မှ ရေဆင်းချိုးနေတဲ့ အကြမ်းဖက်စစ်သား တွေကို ‌အောက်တိုဘာ ၂၄ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KBU-တောလေးအဖွဲ့ထံက သိရပါတယ်။
Read More

သာစည်မြို့နယ် ရန်ကုန်-မန္တလေးလမ်း‌ဟောင်းတွင် ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း‌ဟောင်းမှာ ဒီဇင်ဘာ ၃ ရက် ဒီနေ့ နေ့လယ်ပိုင်းက ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမောက်မြို့အဝင် ဆိုင်းဘုတ်တွင် PDF များ အောင်ပွဲခံ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် PDF အလံတွေကိုင်ဆောင်ကာ အောင်ပွဲခံနေတဲ့ PDF ရဲဘော်တွေရဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ သင်္ဘော ၁ စီး မီးလောင် (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစခန်းတွေကို ရိက္ခာနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ (CSRAF) ထံက သိရပါတယ်။