ကရင်ပြည်နယ်၊ မြဝတီမြို့၊ မင်းလက်ပံရွာအနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့ နိုဝင်ဘာ ၃၀ ရက်ညပိုင်းက တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံက သိရပါတယ်။

ထိုင်းစစ်တပ်က မီးကျည်တွေ ပြန်လည်ပစ်ဖောက် သတိပေးခဲ့ပြီး နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းကလည်း မြန်မာဘက်ခြမ်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၅ လုံး ထိုင်းနိုင်ငံ မယ့်ကိုကင်းရွာထဲ ကျရောက်ခဲ့တဲ့အတွက် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး မြန်မာရွှေ့ပြောင်း စစ်ရှောင်ကလေး ၂ ယောက်နဲ့ လူကြီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကျားဖြန့်အလုပ်သမားတွေလည်း ပိတ်မိနေဆဲဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးမှာ နေထိုင်လျက်ရှိကာ ထိုင်းအာဏာပိုင်တွေက နယ်စပ်လုံခြုံရေးကို တိုးမြှင့်ချထားကာ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

မုံရွာမှာ ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး (ရုပ်/သံ)

အာဏာရှင်ပြုတ်ကျရေးအတွက် ရဲဘော်တွေကို ကယ်တင်ပေးနေတဲ့ ဆေးမှူး (ရုပ်/သံ)
Read More

နတ်မောက်မြို့တွင် ဆည်ကျိုးပေါက်ပြီး မိသားစု ၇ ဦး ရေထဲမျောပါကာ ၆ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး အောင်ပန်းကျွန်းဆည်ကျိုးပေါက်မှု ကြောင့် မိသားစု ၇ ယောက် ရေထဲမျောပါသွားကာ ၆ ယောက်သေဆုံးခဲ့တယ်လို့ နတ်မောက်ဒေသခံ တွေထံက သိရပါတယ်။
Read More

မင်းတပ် ခလရ (၂၇၄) က လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ရုပ်/သံ)

မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ခလရ (၂၇၄) တပ်ရင်းကနေ လက်နက်ချ အညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံကို ချင်းစစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

မန္တလေး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို ဒီနေ့စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

မဲ့ပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်း FFD ထုတ်ပြန် (ရုပ်/သံ)

KNU တပ်မဟာ(၁)နယ်မြေက စစ်ကောင်စီရဲ့ မဲ့ပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy (FFD) တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကိုင်းမြို့ရှိ ပြိုကျနေသည့် အဆောက်အအုံအောက်တွင် နာရီပေါင်း ၁၀၀ ကျော် ပိတ်မိနေသည့် အမျိုးသား ၁ ယောက်ကို ကယ်တင်နိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းမြို့ရှိ ပြိုကျနေတဲ့ အဆောက်အအုံအောက်မှာ နာရီပေါင်း ၁၀၀ ကျော် ပိတ်မိနေတဲ့ အမျိုးသား ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း လူမှုကူညီရေးတွေလုပ်ဆောင်နေတဲ့ သရုပ်ဆောင် ထွန်းကိုကိုက ရုပ်သံနဲ့တကွ ဖော်ပြခဲ့ပါတယ်။