မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ‌ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Taung Tha People Defense Force က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်က ကျောက်ပန်းတောင်းမြို့နယ် သရက်တောကျေးရွာအတွင်း စစ်ကြောင်းထိုးပြီး ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ၆၀ မမ ဗုံးသီး ၃ လုံး၊ 1Kg ဗုံးသီး ၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေ သေဆုံးမှုရှိခဲ့ပေမဘ့် မြေပြင်အခြေအနေအရ အတိအကျမသိရဘူးလို့ ဆိုပါတယ်။

Video – Taung Tha People Defense Force

0 Shares:
You May Also Like
Read More

နယ်မြေစိုးမိုးနိုင်ရေး ရေနံချောင်း-မကွေး ကားလမ်းပေါ် မှာ ခရီးသွားယာဉ်တွေကို PDF များ ရှောင်တခင်စစ်ဆေး (ရုပ်/သံ)

မကွေးတိုင်း ရေနံချောင်း-မကွေး ကားလမ်းပေါ်မှာ ဇန်နဝါရီ ၂၁ ရက် နေ့လယ်ပိုင်းက နယ်မြေစိုးမိုးနိုင်ရေးအတွက် ခရီးသွားယာဉ်တွေကို ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ မြေလတ်လင်းပိုင်စစ်ကြောင်းထံက သိရပါတယ်။
Read More

Y-12 လေယာဥ်များ အတက်အဆင်း လုပ်နေသည့် ပခုက္ကူလေဆိပ်ကို တော်လှန်ရေးတပ်များ ရော့ကတ်များ၊ လက်နက်ကြီးများဖြင့်တိုက်ခိုက် (ရုပ်/သံ)

စစ်ကောင်စီက တိုက်ခုက်ရေးနဲ့ ထောက်ပို့အတွက် အသုံးပြုနေတဲ့ Y-12  လေယာဥ်များ အတက်အဆင်းပြုလုပ်နေတဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းက လေဆိပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ရော့ကတ်ကြီးများ၊ ၆၀မမ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Pakokku Special Task Force က ယမန်နေ့က ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမြို့နယ် မီးလောင်ပြင်တစ်နေရာက အညာပစ်တိုင်းထောင်လေးများ၏ တော်လှန်သင်္ကြန်သံချပ် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှို့ခြင်းခံခဲ့ရတဲ့ မီးလောင်ပြင်တစ်နေရာက အညာပစ်တိုင်း‌ထောင်လေးများရဲ့ တော်လှန်သင်္ကြန်သံချပ်ကို အခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

မန္တလေး PDF အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၅ သင်တန်း မှတ်တမ်းပုံရိပ်များ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၅ သင်တန်းသား သင်တန်းသူတွေရဲ့ လေ့ကျင့်ရေးပုံရိပ်တွေနဲ့ သင်တန်းဆင်းပုံရိပ်တွေကို မန္တလေး PDF က ရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်တပ်စခန်းကုန်းနှင့် ဂိတ်စခန်းကို စီးနင်းသိမ်းပိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ရှမ်း-ကရင်နီနယ်စပ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကုန်းနဲ့ ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတစ်ခုကို 1008 - SSRY Eagle Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ယောက်ထက်မနည်းသေကာ ပြည်သူ့ရဲ‌ဘော် ၁ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်း အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို စက်တင်ဘာ ၂၃ ရက်က တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင် ကနေ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းထံက သိရပါတယ်။