စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ထမင်းမကျွေးနိုင်တဲ့အတွက် နမခထဲကို ပို့ဆောင်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မုံရွာမြို့‌ပေါ်မှာ အလုပ်လာလုပ်တဲ့ လူငယ်တွေနဲ့ မြို့‌ပေါ်နေ ပြည်သူတွေကို စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးထားပြီး မုံရွာမြို့ပေါ် စုပေါင်းရုံးမှာ ဖမ်းဆီးထားခဲ့ပါတယ်။ အဲဒီနောက် လူဦးရေ များလာတဲ့အတွက် ချက်ပြုတ်စားသောက်ရာမှာ ရိက္ခာမလုံလောက်တော့တာကြောင့် နိုဝင်ဘာ ၂၈ ရက်မှာ နမခထဲကို ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။

“မုံရွာမြို့ပေါ်ရယ်၊ မုံရွာပတ်ဝန်းကျင်ပေါ့နော်။ ရွာတွေလည်းရှိတယ်လေ။ မုံရွာနားမှာ ပတ်ချာလည်က အလုပ်သွား အလုပ်ပြန်တွေကို အရင် ၂ရက်၊ ၃ရက်ကတည်းက စွဲထားတာပေါ့နော်။ အဲဒါ ပေါ်တာဆွဲခံရတဲ့ လူငယ်တွေကို စုပေါင်းရုံးထဲ ထည့်ထားတာ။ ထည့်ထားပြီးတော့ သူတို့ ရိက္ခာပြတ်လို့နေမှာ ထမင်းမကျွေးထားတော့လို့ ဆိုပြီးတော့ အိမ်စီးကားတွေနဲ့ နမခထဲကို ပို့လိုက်တယ်” လို့ မုံရွာမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်တပ်က ဖမ်းဆီးထားတဲ့အထဲမှာ ကျန်းမာရေးမကောင်းတဲ့ လူငယ်တချို့လည်း ပါဝင်နေပြီး ငွေကြေးတတ်နိုင်သူတချို့က စစ်တပ်အရာရှိတွေ၊ ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့ ပြန်လည်ရွေးယူနိုင်ခဲ့ပေမယ့် ပြန်လည်ရွေးယူနိုင်ခြင်း မရှိခဲ့သူတွေလည်း ရှိနေပါတယ်။

“ကျနော့်အသိလည်း လွန်ခဲ့တဲ့ ၂ပတ်လောက်က ဖမ်းခံရတာ၊ လူချင်းအတွေ့မခံဘူး။ ဖုန်းအဆက်အသယ်တော့ ရတယ်။ လိုတဲ့ပစ္စည်း တောင်းခိုင်းတယ်။ ပိုက်ဆံနဲ့ လိုက်တယ်။ ညှိကြည့်တယ်။ လုံးဝညှိမရဘူး။ သူက ဆိုင်ကယ် accident ဖြစ်ထားတော့ အရမ်းအေးတဲ့အချိန်တို့ နည်းနည်း လွတ်တတ်တယ်။ စိတ်ရောဂါရတာလည်း မဟုတ်ဘူး။ အရူးလည်း မဟုတ်ဘူး.. ပုံမှန်ပဲ။ တခါတလေလောက် ဒီလိုလွတ်တတ်တယ်” လို့ အထက်ပါ မြို့ခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့ကလည်း မုံရွာမြို့ပေါ်မှာ ပွဲတော်တွေကနေ ပြန်လာတဲ့ လူငယ်တွေ အယောက် ၅၀ နီးပါး ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

0 Shares:
You May Also Like
Read More

Dawei Defense Team – DDT မှ ကျဆုံးခေါင်းဆောင်နှင့် ရဲဘော်များအတွက် (၄)နှစ်ပြည့် ဆွမ်းကပ်အလှူပြုလုပ်ပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ် (Dawei Defense Team - DDT ) က ကျဆုံးခဲ့တဲ့ လက်ဦးဆရာကိုတင်နိုင် (ခေါ်) ရဲဘော် ဂျိမ်းစ်ဘွန်းနဲ့ ရဲဘော် ကိုရှိုင်း တို့အတွက် ဇူလိုင်လ ၇ ရက်မနေ့က သံတေတော်တွေကို (၄)နှစ်ပြည့် နှစ်ပတ်လည် နေ့လယ် ဆွမ်းကပ်လှူဒါန်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီအမြစ်ပြတ်ရေး အခွင့်အခါကောင်းဖြစ်လို့ အားလုံးနဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ KIA အသိပေး

စစ်ကောင်စီကို တိုင်းပြည်မှာ လုံး၀မရှိစေမယ့် အမြစ်ပြတ်စစ်ဆင်ရေးကို ဖော်ဆောင်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ လက်တွဲဖော်ဆောင်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။
Read More

TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တစ်လအတွင်း မူယစ်ဆေးဝါးသုံးစွဲသူ (၁၂၆)ဦးနှင့် ဖြန့်ဖြူးရောင်းချသူ (၁၃)ဦး ဖမ်းဆီးခဲ့…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ ခရိုင်တွေဖြစ်တဲ့ ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဆန်ခရိုင်နဲ့ နမ့်ခမ်းခရိုင်တို့မှာ TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၂၆) ယောက်နဲ့ ဖြန့်ဖြူးရောင်းချသူ (၁၃) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၄ နှစ် ကလေးငယ်အပါ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

မြေပြန့်မဟာဗျူဟာထိုးစစ် စတင်နေပြီလို့ NUG အသိပေး

NUG လက်အောက်ခံ PDF တပ်တွေဟာ  မြေပြန့်မဟာဗျူဟာထိုးစစ်ကို စတင်နေပြီဖြစ်ကြောင်း NUG ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်မှုထမ်းတပ်သား ၄၁ ဦး တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ခဲ့ဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်…

“လစဉ်လတိုင်းကတော့ အရေအတွက်တွေ မတူပါဘူး။ ဒါပေမယ့် သိသိသာသာကို များလာပါတယ်။ အထူးသဖြင့် စစ်မှုထမ်းတပ်သားသစ်တွေ များပါတယ်။ သူတို့က လက်နက်တွေလည်း ပါတယ်။ အရင်ကဆို တယောက်စ နှစ်ယောက်စ အလင်းဝင်လာကြတာ.. အခုနောက်ပိုင်းဆို အစုအဖွဲ့လေးတွေနဲ့ အလင်းဝင်လာတာကိုလည်း တွေ့ရပါတယ်” လို့ ပြည်သူ့ပန်းတိုင်ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။