မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ စစ်ရှောင်နေတဲ့ ဒေသခံအမျိုးသားတစ်ယောက်ကို အကြမ်းဖက်စစ်တပ်က လည်လှီးသတ်ဖြတ်သွားတယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း − မြိုင်ထံမှ သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့မှာ မြိုင်မြို့နယ် စက်မှု (၂) ကနေ စစ်ကြောင်း ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ၄င်းတို့နဲ့ ပက်ပင်းတိုးတဲ့ တောတိုက်မှာစစ်ရှောင်နေတဲ့ ညောင်ရွာကျေးရွာက အမျိုးသားတစ်ယောက်ကို သရက်ကန်ပျူရွာထဲကို ဖမ်းဆီးခေါ်ဆောင်လာတယ်လို့ ဆိုပါတယ်။

စစ်သားတွေက အဆိုပါ စစ်ရှောင်အမျိုးသားကို တွင်းမဘက်ကို ပြန်ထွက်လာတဲ့ လမ်းကြောင်းမှာ သတ်ဖြတ်သွားတယ်လို့လည်း သိရပါတယ်။ သတ်ဖြတ်ခံရသူအမျိုးသားဟာ အသက် (၃၃) နှစ်အရွယ် ကိုငသိန်းဆိုသူဖြစ်ပြီး စစ်ကြောင်းနဲ့တည့်တိုးပြီး အသတ်ခံလိုက်ရတာပဲဖြစ်ပါတယ်။

“သူကတောထဲမှာ စစ်ရှောင်တဲလေး ဆောက်ထားတာရှိတယ်၊ အဲဒီထဲမှာ စစ်ရှောင်နေရင်း နဲ့ စစ်ကြောင်း သူ့တဲနားကိုဖြတ်သွားတော့ တည့်တည့်တိုးပြီး ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာ၊ သူ့အဖေရောရှိတယ်၊ သူ့အဖေကိုထားခဲ့ပြီးတော့မှ သားကိုပဲ ခေါ်သွားတဲ့သဘောဗျ၊ စစ်သားတွေက သူ့လည်ပင်းကိုလှီးခဲ့တာ” လို့ အညာမြေအရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူ ဆရာထွေးက မောင်းကို ပြောပါတယ်။

ဒါ့အပြင် ကိုငသိန်းသေဆုံးခဲ့တဲ့နေရာနဲ့ တမိုင်အကွာလောက်မှာလည်း ပခုက္ကူမြို့နယ် အောင်သာ ကျေးရွာသားဖြစ်သူ မောင်ဇော်မင်းခိုင်ရဲ့ ရုပ်အလောင်းကိုလည်း ထပ်မံတွေ့ရှိခဲ့ပြီး အဆိုပါ အမျိုးသားကိုလည်း စစ်ကော်မရှင်တပ်သားတွေက ညှင်းပမ်းနှိပ်စက်ပြီး သတ်ဖြတ်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါ စစ်ကော်မရှင်တပ်သားတွေဟာ တပ်မ (၁၀၁) ထဲကို ပြန်လည်ဝင်ရောက် သွားပြီးဖြစ်တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း မြိုင်နယ်၊ စက်မှု − ၂ ကို ရောက်နေတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ရွာတန်းရှည်ကျေးရွာကနေ ဖမ်းဆီးခေါ်ဆောင်လာတဲ့ အမျိုး သားတစ်ယောက် နဲ့ အမျိုးသမီးတစ်ယောက်ကို လက်ပြန်ကြိုတုပ်ပြီး သတ်ဖြတ်သွားခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

၂ လနီးပါး ကြာခဲ့တဲ့ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေအပါ လက်နက် ၄၀၀ ကျော် သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ ၂ လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေအပါ လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီပိုင် ခွဲတမ်းဆီ(စာအုန်းဆီ) ပေပါများ သယ်လာသည့် ခြောက်ဘီးကားကို Southern YSO PDF သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီပိုင် ခွဲတမ်းဆီ (စားအုန်းဆီ) ပေပါတွေ တင်ဆောင်လာတဲ့ ခြောက်ဘီးကားကို ပခုက္ကူ-ရေစကြို လမ်းပိုင်းတစ်နေရာမှာ ဖမ်းဆီးစစ်ဆေး သိမ်းဆည်းခဲ့တယ်လို့ Southern YSO PDF က ထုတ်ပြန်ပါတယ်။
Read More

NUG ၏ အထူးတိုင်းစစ်ဌာနဆိုတာ ဘာလဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ အခြေပြု ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF နည်းဗျူဟာတွေ၊ တပ်ရင်း/တပ်ဖွဲ့တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့ အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းလိုက်ပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ယူရေး လိုအပ်တဲ့ ကွန်ပျူတာ ဝယ်ဖို့ဆိုပြီး အုပ်ချုပ်ရေးမှူး ပိုက်ဆံလိုက်ကောက်နေ

ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ ရေငံကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူးက သန်းခေါင်စာရင်း ကောက်ယူရာမှာ အသုံးပြုဖို့အတွက် ကွန်ပျူတာဝယ်ဖို့ဆိုပြီး အိမ်ထောင်စုတစ်စုကို ကျပ်ငွေ ၃ထောင်စီ အတင်းအဓမ္မ ကောက်ယူထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

လောင်းလုံးမှာ ပျူစောထီးစစ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ၄ ယောက်ထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာက ပျူစောထီးစစ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မော်လမြိုင်ကျွန်း နုံကျွန်ရွာ အုပ်ချုပ်ရေးမှူးအဖွဲ့က စစ်မှုထမ်းဖို့ ဒေသခံ ၁၀ ယောက်ကို အတင်းအဓမ္မ ဖမ်းဆီးသွား

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ နုံကျွန်ကျေးရွာမှာ နိုဝင်ဘာလ ဒုတိယအပတ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖွဲ့က စစ်မှုထမ်းအပတ်စဥ် ၈ အတွက် စာရင်းပါတယ်ဆိုပြီး ဒေသခံအမျိုးသား ၁၀ ယောက်ကို အတင်းအဓမ္မ ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။