မကွေးတိုင်း၊ မြိုင် စက်မှု (၂) ဘက်ကို ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းနင်းမိတဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့က ပေါက်နဲ့ မြိုင်မြို့နယ်အစပ်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ထိတွေ့မှုဖြစ်ပွားပြီး အထိနာသွားတဲ့ စစ်အုပ်စုက ကျွဲတွင်းရွာအနောက်ဘက်မှာ တစ်ညအိပ် စခန်းချခဲ့ပါတယ်။ 

အဲဒီနောက် နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ စစ်အုပ်စုဟာ ကျွဲတွင်းရွာ တောင်ဘက်ကနေ မြိုင်စက်မှု (၂) ဘက် ထွက်ခွာလာချိန် ဝက်ပုတ်ရွာနဲ့ ဆိပ်သာရွာကြားအရောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းကို နင်းမိပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့သွားတဲ့ ဒီလမ်းပေါ်မှာပဲ။ အရင်ကတည်းက ကျ‌နော်တို့ သူတို့အန္တရာယ်ကနေ ပြည်သူဘက် မထိအောင် ကြိုပြီးတော့ ခင်းထားတဲ့ဟာတွေ။ အဲဒီမှာ သူတို့သွားရင်းနဲ့ အခုလိုမျိုး ဖြစ်သွားတာ။ မိုင်းဆွဲခဲ့တဲ့နားမှာ ကျန်နေတဲ့ အသားစလေးတွေ တွေ့ရတယ်။ လူကောင်လိုက်ကြီးကို ပြန်သယ်သွားတာတော့ မတွေ့ရဘူးပေါ့်နော်။ ခန့်မှန်းခြေ ထိတာက ၂ယောက်နဲ့အထက်လို့ သိရတယ်။ ၂ယောက်ကတော့ တော်တော် ဒဏ်ရာပြင်းထန်လိမ့်မယ်” လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

မိုင်းကွဲပြီးတဲ့နောက် စစ်ကော်မရှင်တပ်သားတွေ ထွက်ခွာသွားပြီအထင်နဲ့ မိုင်းကွဲခဲ့တဲ့နေရာကို တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်ချိန် ကျန်နေသေးတဲ့ စစ်သားတွေနဲ့ တိုးပြီး အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ၁၀ မိနစ်ခန့် ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ထိတွေ့မှုက သူတို့ရဲ့နောက်မှာ ကျန်နေခဲ့တဲ့ စခတွေနဲ့ ထိတွေ့မှုဖြစ်တာ။ ကျနော်တို့ကလည်း ရှင်းလင်းရေးသွားတာဆိုတော့ လူက နည်းနည်းနဲ့ပဲ သွားလိုက်တာဆိုတော့ ထိတွေ့မှုက မကြာလိုက်ဘူး။ သူတို့ မရှိတော့ဘူးထင်ပြီး ရှင်းလင်းရေးသွားလိုက်တာမှာ ပစ်ခတ်မှုဖြစ်သွားတာ” လို့ ကိုဘိုဘိုသန့်ဇင်က ဆက်ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါ စစ်အုပ်စုတွေ မြိုင်မြို့နယ် အနောက်တောင်ပိုင်းမှာရှိတဲ့ သရက်ကန်ပျူရွာထဲကို ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့တုန်းကလည်း အဆိုပါ စစ်ကော်မရှင်တပ်သားတွေ မြိုင် စက်မှု (၂) ကနေ ထွက်ခွာလာချိန် ဝက်ပုတ်ရွာ အရှေ့ဘက်အရောက်မှာ အညာမြေတပ်ပေါင်းစု ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စု ၆ယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

Special Operation Group (S.O.G) စစ်ကြောင်းရဲ့ ပထမအကြိမ် လက်နက်တပ်ဆင်ပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲ အမှတ်(၃) ၊ Special Operation Group (SOG) စစ်ကြောင်းမှာရှိတဲ့ ရဲဘော်အင်အားရဲ့ ၅၀ ရာခိုင်နှုန်းကို လက်နက်တပ်ဆင်ဖို့ သဘောတူညီမှုအရ ဒီဇင်ဘာလ ၇ ရက်မှာ လက်နက်၂၀ ရာခိုင်နှုန်း ပထမသုတ်အနေနဲ့ လက်ခံရရှိခဲ့တယ်လို့ SOG စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုမှ ပြည်သူ ၆ဝဝဝ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ကျေးရွာအတွင်းမှ မောင်းထုတ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြိုနယ်ရှိ ကျေးရွာအုပ်စု ၂ ခုမှ အရပ်သားပြည်သူ ၆ဝဝဝ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က  ဇွန်လ ၁၅ ရက်နောက်ဆုံးထားပြီး ကျေးရွာအတွင်းကနေ ထွက်သွားရမယ်လို့ မောင်းထုတ်ပြီး ဝင်ရောက်တပ်စွဲနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်တွင် စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ထိမှန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လုံခြုံရေးအကြောင်းပြ ပိတ်ပင်ထားတဲ့ မူဆယ်-မိုင်းယု (၁၀၅) မိုင် လမ်းကို စစ်ကောင်စီ ငွေကြေးတောင်းခံပြီး ဖြတ်သန်းခွင့်ပြုနေ

မူဆယ် - မိုင်းယု (၁၀၅) မိုင်လမ်းကို စစ်ကောင်စီက ငွေကြေးကောက်ခံပြီး စတင်ဖြတ်သန်းခွင့်ပြုနေတယ်လို့ တအာင်းတပ်မတော် TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၃) ဦး အပါ ပြည်သူ (၅) ဦး ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် (၉) လုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်က မရမ်းကုန်းမြို့နယ်မှာ လျှပ်စစ်မီတာဘောက်ကတဆင့် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊  ဓနသိဒ္ဓိလမ်းမှာ လျှပ်စစ်မီတာဘောက်ကတစ်ဆင့် Level 2 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။