ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်ကျားဖြန့် လုပ်ငန်းအဆောက်အဦတွေကနေ သိမ်းဆည်းရမိတဲ့ ကွန်ပျူတာနဲ့ မိုဘိုင်းလ်ဖုန်းတွေကို အာဏာသိမ်းစစ်တပ်နဲ့ သူ့လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့ ဒီနေ့မှာ ဖျက်ဆီးပြခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod English က ဖော်ပြထားပါတယ်။

ဖျက်ဆီးခဲ့တဲ့အထဲ ရွှေကုက္ကို အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ အသုံးပြုတဲ့ ကွန်ပျူတာ အလုံး ၂,၀၀၀ ကျော်၊ မိုဘိုင်းဖုန်း၂၀,၀၀၀ ကျော်ပါဝင်သလို laptop နဲ့ တခြားပစ္စည်းအများအပြားလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အဆိုပါ ပစ္စည်းတွေကို လမ်းကြိတ်စက်တွေနဲ့ ကြိတ်ချေဖျက်ဆီးလိုက်တယ်လို့ ရေးသားဖော်ပြထားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်က မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့မှာရှိတဲ့ ငွေလိမ်ဂိုဏ်းတွေကို အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ပါဝင်တဲ့ အထူး အဖွဲ့ ဖွဲ့စည်းပြီး နှိမ်နှင်းမယ်လို့ သတင်းထုတ်ပြန်ပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်နဲ့ BGF တပ်ဖွဲ့တွေက ကျားဖြန့်တွေကို ဟန်ပြ ဦးဆောင်ရှင်းလင်းနေတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ Khaosod English)

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်က စတင်ခဲ့တဲ့ ၆ ရက်ကြာ စစ်ဆင်ရေးအတွင်း ဖျက်ဆီးခဲ့တဲ့ ပစ္စည်းတွေအပြင် အွန်လိုင်းငွေလိမ်စင်တာတွေကနေ ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသား ၁၅၄၀ ယောက် ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ 

မြန်မာ – ထိုင်းနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေကို အခုနှစ်ပိုင်းအတွင်း စစ်တပ်က ရှင်းလင်းရေးလုပ်ဆောင်ရာမှာ တရုတ်နိုင်ငံသားတွေကိုပဲ ဦးစားပေး ကယ်ဆယ်ပို့ဆောင်တာတွေရှိနေတဲ့ အပေါ် ဝေဖန်မှုတွေလည်းထွက်‌ပေါ်နေပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ BGF က ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကို ဟန်ဆောင် အဖမ်းပြပြီး ကရင်ပြည်နယ်အတွင်းက တခြားနေရာတွေဆီ ပြောင်းရွှေ့ပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောဆိုထားပါတယ်။

(ဓာတ်ပုံ Khaosod English)
(ဓာတ်ပုံ Khaosod English)

ကိုးကား – Khaosod English

0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီမှာ မြန်မာရွှေ့ပြောင်း ၁၉ ဦးနဲ့ ပို့ဆောင်ပေးသူ ၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖုမ်မှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၉ ဦးနဲ့ ၎င်းတို့ကို ပို့ဆောင်ပေးသူ ၂ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေး ထောက်ပံ့ပေးဖို့ ဂျပန်အစိုးရ ပျက်ကွက်ခဲ့၊ ဂျပန်ခေါင်းဆောင်သစ်အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအုပ်ချုပ်ရေး ပြန်လည်ထူထောင်နိုင်ဖို့ ပိုမိုအားစိုက်လုပ်ဆောင်ရန် လိုအပ်

မြန်မာပြည်မှာ ဒီမိုကရေစီရွေးကောက်ခံ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ စက်တင်ဘာလမှာ ဖူမီအို ကိုင်ရှီဒါ (Fumio Kishida) ဟာ ဂျပန်ဝန်ကြီးချုပ်အသစ် ဖြစ်လာခဲ့ပါတယ်။ သို့ပေမဲ့လည်း မြန်မာပြည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကိုင်ရှီဒါလက်ထက် ဂျပန်နိုင်ငံရဲ့ အကန့်အသတ်နဲ့ ထောက်ခံပံ့ပိုးပေးမှုက စိတ်ပျက်စရာဖြစ်ပါတယ်။
Read More

ညီညွတ်ပေါင်းစည်းရေးကို ဦးစားပေးနေပေမယ့် ရှမ်းပြည်မှာ RCSS နဲ့ SSPP တို့ ထိတွေ့တင်းမာမှုတွေရှိနေ

ရှမ်းပြည်မှာ အင်အားကြီးမားတဲ့ ရှမ်းတပ်နှစ်ခုဖြစ်တဲ့ RCSS နဲ့ SSPP တို့ဟာ မြေပြင်မှာ ထိတွေ့တင်းမာမှုတွေရှိနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က မနေ့က ဒီဇင်ဘာလ ၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းတွင် မင်းအောင်လှိုင်ကို ဆန္ဒပြမည့် မြန်မာအဖွဲ့ကို ထိုင်းအမျိုးသားရေးအဖွဲ့ဝင်များက တိုက်ခိုက်ရန်ကြိုးပမ်း၊ ထိုင်းရဲများမှ မြန်မာအဖွဲ့ခေါင်းဆောင်ကို အခင်းဖြစ်ပွားရာမှ ကာကွယ်ထုတ်သွား

ထိုင်းနိုင်ငံရှိ မြန်မာဆန္ဒပြအဖွဲ့ဝင်များ ပါဝင်တဲ့ "Bright Future" အဖွဲ့က ဧပြီလ ၃-၄ ရက်က BIMSTEC အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို ကုလသမဂ္ဂရုံးရှေ့မှာ အနက်ရောင်အင်္ကျီများဝတ်ဆင်ကာ ဆန္ဒပြမယ်လို့ ကြေညာခဲ့ပါတယ်။
Read More

ဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရအား အရပ်ဘက်အဖွဲ့များ တောင်းဆို

နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီတွေ မကြာခင်မှာ ရပ်တန့်တော့မယ့်အန္တရာယ်ရှိတာကြောင့် ယာယီတဲတွေမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ခွင့်ပြုဖို့ အရပ်ဘက်အဖွဲ့ကွန်ရက်တစ်ခုက ထိုင်းအစိုးရကို ဇူလိုင်လ ၁၇ ရက် ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
Read More

ကန်ချနဘူရီမှ တောအုပ်တခုတွင် တရားမဝင် မြန်မာရွှေ့ပြောင်း ၁၆၂ ဦး ဖမ်းဆီးခံရ

ထိုင်းနဲ့ မလေးရှားမှာ အလုပ်ဖို့အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း ၁၆၂ ယောက်ကို ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ၊ သောင်းဖဖုံခရိုင်က တောအုပ်တခုအတွင်းမှာ တနင်္ဂနွေနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။