စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာအနီးရှိ ရွှေမျောလုပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၂၂ ရက် မနေ့ နေ့လယ်ပိုင်းက လောင်းပြည့်ကျေးရွာ ‌ရွှေမျောလုပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်၊ စက်တပ်လေထီးနဲ့ ၂ ကြိမ် လာရောက် ဗုံးကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဗုံးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ပြီး အချို့ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရွှေမျောဖောင်တချို့ မြစ်ထဲ နစ်မြုပ်ခဲ့ပြီး မီးလောင်ပျက်စီးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

Video – Ñăÿ Őõ

0 Shares:
You May Also Like
Read More

မန္တလေးမှာ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၄ ပိဿာခန့်ပါသွား (ရုပ်/သံ)

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဟေမာလာမြောက်ရပ်ကွက် ၇၇ လမ်း ၃၆x၃၇ လမ်းကြားရှိ ရွှေစင်အကယ်ဒမီ‌ရွှေဆိုင်မှာ လက်နက်ကိုင်ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ပြီး အကြမ်းဖက်စစ်သား အများအပြားသေ၊ ပြည်သူ့ရဲဘော် ၂ ယောက် ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးရွာနဲ့ မဒဲရွာကြား စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဖေဖော်ဝါရီ ၁ ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ နဂါးစစ်သည်တော် တပ်ခွဲထံက သိရပါတယ်။
Read More

ဆားလင်းမြို့မှာ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့‌ပေါ် ရဲစခန်းကနေ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင် ကပစ စက်မှု ၂ ရဲ့ အဆောက်အအုံတွေပေါ် ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကပစ စက်မှု ၂ ကို ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အရာတော်မြို့နယ် ခမြင့်ကျေးရွာမှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်းအမှတ် (၁၆) ဘုတလင်မြို့နယ်တပ်ရင်း BDL PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ မှ တက်လာတဲ့ ပါရာမော်တာ ၁ စီး ပစ်ချခံရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အစပ်တွင် ပခုက္ကူတပ်မ ၁၀၁ မှ တက်လာတဲ့ ပါရာမော်တာ ၁ စီးကို ပစ်ချခဲ့တယ်လို့ မြိုင်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ဝန်ကျင်ခန့်က အကြမ်းဖက် စစ်တပ်ရဲ့ ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာတဲ့ ပါရာမော်တာ ၁ စီးကို ပစ်ခတ်ခဲ့ရာ ပျက်ကျခဲ့တယ်လို့ သိရပါတယ်။ ပျက်ကျမှုကြောင့် ပါရာမော်တာပေါ်ရှိ အကြမ်းဖက် စစ်သားများ သေဆုံးခြင်းရှိမရှိကို မြိုင်ပကဖမှ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။