ကချင်ပြည်နယ်၊ ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွေအတွင်း ကလေးခရိုင် အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း (၃) က ဒုတပ်ရင်းမှူး ၁ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁၄ယောက် အသီးသီး ကျဆုံးထားကြောင်း အဆိုပါတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ အောက်တိုဘာလအထိ ကချင်ပြည်နယ်၊ ရှေ့တန်းစစ်မျက်နှာပြင် နေရာအသီးသီးမှာ ဒုတပ်ရင်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့ရတာဖြစ်ပြီး တပ်ရင်းအတွက် အဓိက အားကိုးရတဲ့သူတွေကို ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

“ဇူလိုင်ကစပြီး ကျတာ၊ အခု အောက်တိုဘာထဲ နောက်ဆုံးကျတာက ဒုတိယတပ်ရင်းမှူးပါ။ အားကိုးရတဲ့ ရဲဘော်တွေဆိုတော့ ဆုံးရှုံးမှုက ကြီးပါတယ်” လို့ ကလေးခရိုင်အမှတ် (၉) တပ်ရင်း၊ မင်းကင်းPDF တပ်ရင်း (၃) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ပက်သက်ပြီးတော့ “ရဲဘော်တို့သည် ပြည်သူများနှင့် တိုင်းပြည်ရှေ့ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီး တာ၀န်ကျေပွန်ခဲ့ကြပြီးဖြစ်၍ တော်လှန်ရေးအောင်မြင်သည့် တနေ့ကိုမျှော်ကြည့်ရင်း ကောင်းရာမွန်ရာ၌ ကောင်းစွာ အနားယူနေကြမည်ဟု ယုံကြည်ပါသည်။ မိမိတို့အနေဖြင့် မပြီးဆုံးသေးသော တော်လှန်ရေးကို အားမာန်အပြည့်ဖြင့် ဆက်လက်တိုက်ပွဲ၀င်သွားမည်ဟု ပြည်သူလူထုနှင့် ကျဆုံးရဲဘော်များအား ကတိပြုပါသည်။ ရဲဘော်တို့အား အလေးနီပြုလိုက်ပါတယ်။” လို့ ကလေးခရိုင် အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း(၃)က ဂုဏ်ပြုရေးသားထားပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရဲ့ ကချင်ပြည်နယ် တိုက်ပွဲတွေထဲမှာ စစ်ကိုင်းတိုင်းအတွင်းက PDF တပ်ရင်းတွေလည်း ပါဝင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် “ပြည်သူများအနေနဲ့လည်း အမှန်တကယ် ရှေ့တန်းမှာ တိုက်ပွဲ၀င်နေတဲ့ PDF တပ်ဖွဲ့၀င်များကို နှုတ်၏စောင်မခြင်း ကိုယ်၏စောင်မခြင်းနဲ့ နိုင်သလောက် ဆက်လက်ပါ၀င်ပေးကြပါ။ အခုထိလည်း ကျန်ရှိတဲ့ရဲဘော်တွေ ဆက်လက်တိုက်ပွဲဝင်နေကြပါတယ်” လို့ တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီတွင် အပိုင်းအစများ ဖြစ်သွားသည့် စစ်ကောင်စီ၏ တိုက်လေယာဥ်

အကြမ်းဖက်စစ်ကောင်စီက ပျောက်ဆုံးကြောင်း ထုတ်ပြန်ထားတဲ့ တိုက်လေယာဉ်ကို ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာ ပြန်လည်တွေ့ရှိခဲ့ပြီး အဲဒီလေယာဉ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပစ်ချနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် စစ်တပ်ဗုံးသီး နေအိမ်ပေါ်ကျကာ သားအဖ ၂ ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သားအဖ နှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် ၁၈ ၏ အရာရှိငယ် သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော် ကိုစိုင်း ညှင်းပန်းသတ်ဖြတ်ခံရမှု ၃ ရက်အတွင်း ဖြေရှင်းပေးဖို့ ကယန်းပြည်သစ်တပ်မတော်ကို အသိပေး

ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာ နယ်မြေအတွင်း​ ညှင်းပန်းသတ်ဖြတ်ခံခဲ့ရတဲ့ နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို အသတ်ခံရတဲ့ကိစ္စအပေါ် အမိန့်ပေးစေခိုင်းသူနဲ့ ကျူးလွန်သူတွေကို ၃ရက်အတွင်း ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ နေပြည်တော် PDF က  မတ်လ ၁၃ ရက်နေ့မှာ  ထုတ်ပြန်လိုက်ပါတယ်။
Read More

ပဲခူးခရိုင်တပ်ရင်း (၄) ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၀)၊ ပဲခူးခရိုင်တပ်ရင်း (၄) ရဲ့ အပတ်စဉ်(၁/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

လာမယ့် ရွေးကောက်ပွဲဟာ ကောင်းမွန်တဲ့ အရွေ့တစ်ခု ဟု ခင်ရီ ပြောသလို စစ်တပ်နှင့် ကျောချင်းကပ် ရင်ချင်းကပ် မဆောင်ရွက်နိုင်ရင် အဲဒီအစိုးရ ပြုတ်ကျမည်ဟု ဆိုပြန်

လာမယ့်အတုအယောင် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမယ်ဆိုရင် စစ်တပ်နဲ့ သဟဇာတဖြစ်တဲ့သူကို မဲပေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာသေးခင်က ပြောဆိုခဲ့သလို စစ်တပ်လက်ပါးစေ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ခင်ရီကလည်း အစိုးရသစ်ဟာ စစ်တပ်နဲ့ လက်မတွဲနိုင်ရင် ပြုတ်ကျလိမ့်မယ်လို့ ပြောလိုက်ပါတယ်။