ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မှာ စစ်တပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းပြီး ကျားဖြန့်လုပ်ကိုင်သူတွေကို ဝင်ရောက်ဖမ်းဆီးရာမှာ နိုင်ငံခြားသား ၃၄၆ ယောက်ကို ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

အမေရိကန်က မြန်မာအပါအဝင် အရှေ့တောင်အာရှက ကျားဖြန့်တွေကို နှိမ်နင်းဖို့ အထူးအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာခဲ့သလို တရုတ်ရဲ့ မဲခေါင်မြစ်ဝှမ်း နိုင်ငံ ၆ခုပါ ကျားဖြန့်နှိမ်နင်းရေး ဖွဲ့စည်းမှုအပြီး အာဏာသိမ်းစစ်တပ်နဲ့ BGF တို့က အခုလို စီးနင်းမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

BGF နိုင်မောင်ဇော်က ရွှေကုက္ကိုလ်မြို့သစ်က ကျားဖြန့်တွေကို အပြီးသတ်နှိမ်နင်းတော့မယ်လို့ ထိုင်းသတင်းဌာနတွေကို ဖြေကြားအပြီး စစ်တပ်၊ ရဲနဲ့ BGF တွေ ပူးပေါင်းကာ ကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေကို ဝင်ရောက်ဖမ်းဆီးခဲ့ရမှာ သက်သေခံပစ္စည်းအဖြစ် ဖုန်း၊ ကွန်ပျူတာစပ်ဆက်ပစ္စည်းအများအပြားကို ဖမ်းမိခဲ့တယ်လို့ The Reporters ထိုင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒါပေမယ့် ဖမ်းဆီးမှုအတွင်းမှာ ကျားဖြန့်လုပ်ငန်းထူထောင်ထားတဲ့ တရုတ်သူဌေးတွေ မပါဝင်ဘဲ ဖမ်းမိသူတွေဟာ ဝန်ထမ်းတွေသာဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

Video-လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်များ၏ စစ်ဆင်ရေးလေ့ကျင့်မှု (ရုပ်/သံ)

အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု မှတ်တမ်း ရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ပုသိမ်မြို့နယ် ဘူတာစျေး စားသောက်ဆိုင်တန်း မီးလောင်မှု (ရုပ်/သံ)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ အမှတ် (၅) ရပ်ကွက် ဝဏ္ဏသိဂီလမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ Myanmar Fire Services Department က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ် စက်မှု ၂ က ထွက်လာတဲ့ စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် စက်မှု ၂ မှ ဘုန်းကံရွာသို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ် ကြောင်းကို ဇန်နဝါရီ ၃၀ ရက်က ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက် ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်ထံက သိရပါတယ်။
Read More

ဆုံရွာပျူစခန်းကို Fixed Wing Drone ၉ စီးဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၊ ပျူစောထီး ၂ ဦး​ သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို Fixed Wing Drone ၉ စီးနဲ့ ဗုံးသီးကြဲတိုက်ခိုက်ခဲ့ တယ်လို့ Peacock Drone Team – Myaung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးတိုင်းအတွင်း ယနေ့မနက်အစောပိုင်း အင်အားအသင့်တင့်ရှိ ငလျင် ၂ ခု လှုပ်ခတ်မှုကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ် (ရုပ်/သံ)

ဇူလိုင် ၁၆ ရက် ဒီနေ့မနက်အစောပိုင်းက မန္တလေးတိုင်း၊ မန္တလေးမြို့နဲ့ ဝမ်းတွင်းမြို့တို့မှာ အင်အားအသင့်တင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြိုင်မှာ ရိက္ခာလာပို့တဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲ၊ မိုင်းရှင်းတဲ့ စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပခုက္ကူကနေ မြိုင်မြို့နယ်က စစ်တပ်အခြေစိုက်စခန်းတွေကို ရိက္ခာလာပို့တဲ့ အစီး ၂၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဇန်နဝါရီ ၆ ရက်က ကိုင်းဆယ်အရောက် ပဒေသာမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့ထံက သိရပါတယ်။