ကရင်ပြည်နယ်အခြေစိုက် Cobra Column (2) Venom စစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၅ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

အခုလို တိုက်ခိုက်ရေး တော်လှန်လူငယ် သူရဲကောင်းတွေ မွေးထုတ်ပေးနိုင်ဖို့ဆိုတာ အဘက်ဘက်ကနေ ကူညီဝန်းရံသူတွေ ပံ့ပိုးသူတွေနဲ့ လက်တွဲညီညီ လုပ်ဆောင်နိုင်မှုကြောင့် အောင်မြင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သက်တူရွယ်တူတချို့ သာမန်ဘဝလိုမျိုး သာယာနေကြချိန်မှာ ဒီလူငယ်တွေက အမှန်တရားအတွက် အသက်ကိုစတေးကာ တိုင်းပြည်အတွက် တန်ဖိုးရှိသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

“အသစ်အသစ်သော ခွန်အားတွေနဲ့ စုစည်းကာ အာဏာရှင်အမြစ်ပြုတ်သည်အထိ တော်လှန်သွားမယ့် သတ္တိခဲများ” လို့ Cobra Column (2) Venom စစ်ကြောင်းက ရေးသားထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ အပစ်ရပ် ဟန်ပြကြေညာကာ အဆိပ်ငွေ့ဗုံး အသုံးပြုမှုအပါအဝင် အဆက်မပြတ် တိုက်ခိုက်နေကြောင်း TNLA ပြော

မြန်မာပြည်တစ်ဝှမ်း အင်အားပြင်းငလျင်ဒဏ် ခံစားနေရတဲ့ ကာလမှာ အပစ်အခတ်ရပ်စဲထားမယ်လို့ စစ်အုပ်စုက ကြေငြာထားပေမယ့် PSLF/TNLA တအာင်းတပ် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အဆိပ်ငွေ့ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဇွန်လ ၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA က ပြောပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ ကန်နီပျူရွာထဲ ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ၊ မြေပြင်ကပါ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပျူစောထီးရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းတွေနဲ့ သွားရောက်ဗုံးချရင်း မြေပြင်မှာပါ ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ကြောင်း ဗစ် တာ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၀ ကို စစ်ကောင်စီက တရုတ်ထံ လွှဲပြောင်း

ရန်ကုန်နဲ့ မန္တလေးက  အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀ ကို စစ်ကောင်စီက တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်လိုက်တယ်လို့  စစ်ကောင်စီထိန်းချုပ်ထားတဲ့မီဒီယာတွေမှာဖော်ပြလာပါတယ်။ တရုတ်နိုင်ငံက အလိုရှိနေတဲ့ တရားခံပြေး ချန်တာဝေ့ အပါအဝင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားအယောက်၂၀ကိုလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။
Read More

ရန်သူ ဝမ်းသာမည့် ကိစ္စရပ်များကို ရှောင်ရှားကာ တော်လှန်ရေးအင်အားစု အားလုံး ညီညွတ်ရေးကို ရှေ့ရှုကြဖို့ NUG ယာယီသမ္မတ တိုက်တွန်း

လူမျိုးစုတွေ ညီညွတ်ရေးမှသည် တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ရေးသို့ ရှေ့ရှုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ  ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

မိုးဗြဲမြို့တွင်းသွားလာခွင့်ကို ငါးရက်တာပိတ်မည်ဟု KNDF အသိပေး

ကရင်နီဒေသက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့တွင်းအများပြည်သူတွေ ဖြတ်သန်းသွားလာမှုကို ငါးရက်တိတိ ပိတ်ထားမယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်လာပါတယ်။
Read More

မုံရွာ-အရာတော်လမ်းပိုင်းမှာ စစ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၉ ယောက် သေပြီး ၇ ယောက် အရှင်ဖမ်းမိ၊ ခဲယမ်းအများအပြားနဲ့ ကားကြီး ၅ စီး သိမ်းဆည်း ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး ၇ ယောက် အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၁၉ တပ်ရင်း - ရောင်နီတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။