တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မောတောင်မြို့သိမ်းတိုက်ပွဲကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။

နိုဝင်ဘာ ၁၁ရက်မှာ အကြမ်းဖက်စစ်တပ်နဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်တွေ မောတောင်မြို့မှာ တိုက်ပွဲဖြစ်ပွားနေချိန် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ညဘက်မှာ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် နိုဝင်ဘာ ၁၄ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက မောတောင်မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်တပ်က ဒီနေ့အချိန်ထိ ဆက်လက် လေကြောင်းတိုက်ခိုက်နေဆဲဖြစ်တာကြောင့် ဒေသခံတွေ နေအိမ် ပြန်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

“၁၁ရက်နေ့ည ပြဿနာစဖြစ်ကတည်းက စကစဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ကတည်းက စစ်ရှောင်နေရတယ်။ ဒီနေ့အထိလည်း ရှောင်တိမ်းနေရတုန်းပဲ။ အိမ်ပြန်လို့မရသေးဘူး။ လေကြောင်းက မနေ့ည ၉ နာရီအထိ လာကြဲတာ၊ ဒီမနက်တော့ အသံမကြားရသေးဘူး” လို့ စစ်ရှောင်အရေးကူညီသူ ကိုမြေကြီးက မောင်းကို ပြောပါတယ်။

မောတောင်တိုက်ပွဲအတွင်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ပေမယ့် အတိအကျ မသိရသေးပါဘူး။ စစ်ဘေးတိမ်းရှောင်နေရသူတွေဟာလည်း ၃ နေရာ ကွဲနေတာကြောင့် ကူညီရေးမှာ အခက်အခဲရှိတယ်လို့ သိရပါတယ်။

“စစ်ရှောင်ဦးရေက ၃နေရာကွဲနေတယ်ဗျ။ ရွာထဲမှာလည်းပဲ အဆင်ပြေတဲ့နေရာမှာ တစ်ဖွဲ့ရှောင်နေကြတယ်။ အဲဒါကတော့ ၄၀၀၊ ၅၀၀  လောက်ရှိတယ်။ ၂နိုင်ငံ နယ်စပ်ကြားမှာတော့ ၁၇၀၀ လောက်ရှိတယ်။ အဲဒီ နှစ်နိုင်ငံနပ်စပ်ကြားရဲ့ မလှမ်းမကမ်းပေါ့။ ရိက္ခာပို့လို့ ခက်ခဲတဲ့ နေရာလေးမှာ ၁၀၀၀ လောက်ရှိတယ်။ ဒီ ထိုင်းနိုင်ငံ နှစ်နိုင်ငံနယ်စပ်ကြားက ပြည်သူတွေကတော့ အကုန်လုံး အဆင်ပြေတယ်။ စားရေးသောက်ရေးကအစ၊ ကျန်းမာရေးအခြေအနေအဆုံး အဆင်ပြေတယ်” လို့ ကိုမြေကြီးက ဆက်ပြောပါတယ်။

မောတောင်မြို့ကို ပြန်လည်ရယူဖို့ အကြမ်းဖက်စစ်တပ်က အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကို မေးမြန်းတဲ့အခါ “ကျနော်တို့ နောက်ဆက်တွဲတွေ သတင်းထုတ်ပြန်ခွင့် မရှိသေးပါဘူး။ ပြောခွင့်လည်း မရှိလို့ပါဗျာ” လို့ ပြောခဲ့ပါတယ်။

(ဓာတ်ပုံ မြေကြီး)

0 Shares:
You May Also Like
Read More

ခင်ဦးမြို့နယ် ပကဖ တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသည့် လက်နက်များထဲမှ MA1 သေနတ် (၅) လက်ကို တိုက်နယ် ပကဖများထံ ဂုဏ်ပြုပေးအပ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က တိုက်ပွဲအတွင်း သိမ်းဆည်းရရှိတဲ့ လက်နက်တွေထဲက MA1 သေနတ် (၅)လက်ကို တိုက်နယ် ပကဖ တွေဆီ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီက ၂ နှစ်နီးပါးအတွင်း အရပ်သားပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု ၂၁၉၀ ကြိမ် လုပ်ဆောင်ခဲ့၊ ကလေးငယ်ပေါင်း ၃၇၂ ယောက်ကို အသက်ဆုံးရှုံးစေခဲ့

အခု ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် စစ်ရာဇဝတ် ကျူးလွန်မှုတွေကို နိုင်ငံတကာကနေ အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

“အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့” လှုပ်ရှားမှုဖော်ဆောင်ခဲ့တဲ့ ရဲဘော် ၂ ဦး ဖမ်းဆီးစစ်ကြောခံနေရ

ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ လှုပ်ရှားမှု ဖော်ဆောင်ခဲ့တဲ့ ရွှေပြည်သာသပိတ်ကော်မတီက ရဲဘော် ၂ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးလိုက်တယ်လို့ New Generation Youth Strike Committee ထံက သိရပါတယ်။ 
Read More

BPLA ကအညာဒေသအတွက် တပ်သားသစ်တွေကိုခေါ်ယူနေ

အညာဒေသမှာ စစ်ရေးတွေဖော်ဆောင်မယ့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်BPLA က တပ်သားသစ်များကို စတင်ခေါ်ယူနေပြီဖြစ်တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်ငူ လေတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းတစ်လျှောက် စစ်တပ် စစ်ကြောင်းများ ထိုးနေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ လေတပ်စခန်းတိုက်ခိုက်ခံထားရတဲ့ စစ်အုပ်စုက စစ်ကြောင်းတွေ အလုံးအရင်းနဲ့ ထိုးနေပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ရှိနေကြောင်း ဝရဇိန်တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

မြောင်နဲ့ ရေစကြိုအစပ်မှာ စက်လှေများဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုများ တိုက်ပွဲဖြစ်ပွား၊ စစ်သား အလောင်း ၅ လောင်းနဲ့ ၆ ယောက် သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ…

မကွေးတိုင်း၊ မြောင်နဲ့ ရေစကြိုမြို့နယ်အစပ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီအလောင်းတွေနဲ့ သုံ့ပန်းတွေဖမ်းဆီးရမိခဲ့တယ်လို့ Myimmu Civil Revolution Force-မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။