အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူအပေါ် သွေးစွန်းစေတဲ့ ကိန်းဂဏန်းတွေဟာ ဆက်လက်မြင့်တက်နေပြီး အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ အထိ ကျူးလွန်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုပါတယ်။

ပြီးခဲ့တဲ့လအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါင်း အကြိမ် ၂၅၀ ကြောင့် ပြည်သူ ၁၈၅ ယောက် သေဆုံးခဲ့ကာ ဒဏ်ရာရသူပေါင်း ၅၂၂ ယောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါ သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၃၈ ယောက် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၁လတည်းမှာပဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၁၁ ကြိမ် ကျူးလွန်ခဲ့ပြီး ၁၈ နှစ်အောက်ကလေး ၁၆ ယောက် အပါအဝင် စုစုပေါင်း ၁၁၆ ယောက် သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

တစ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၅၅၉ မှုကို စစ်တပ်က ပုံစံမျိုးစုံနဲ့ ကျူးလွန်ခဲ့ပြီး ဒီလိုလုပ်ရပ်တွေအပေါ် နိုင်ငံတကာက အရေးယူနိုင်ဖို့၊ ကျူးလွန်ခံရသူတွေရဲ့ နစ်နာမှုအတွက် တရားမျှတမှုရရှိစေဖို့ သက်သေအထောက်အထား အပြည့်အစုံနဲ့ စုဆောင်းထားတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကော်မရှင်ဟာ အတုအယောင် ရွေးကောက်ပွဲလုပ်ဖို့ ကြိုးပမ်းနေတာနဲ့အမျှ တဖက်မှာလည်း ပြည်သူလူထုကို အကြောက်တရား ရိုက်သွင်းဖို့ ဖမ်းဆီးထောင်ကျတာတွေ ဆက်တိုက် တိုးမြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးတိုင်းရှိ ပကဖ ရဲဘော်များကို လက်နက်တပ်ဆင်

ပဲခူးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တိုက်ခိုက်ရေးအဖွဲ့တွေကို မတ်လ (၁၆)ရက်မှာ တိုင်း ပကဖ စစ်ရေးတာဝန်ခံက လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့ သတင်းဖော်ပြထားပါတယ်။
Read More

အုတ်ဖိုက မြို့မရဲစခန်းနဲ့ ကပ်လျက်ရှိတဲ့ စစ်မှုထမ်းဟောင်းရုံးကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ အုတ်ဖိုမြို့က လူငယ်တွေကို ပေါ်တာဆွဲရာမှာ ပါဝင်ကူညီနေတဲ့ စစ်မှုထမ်းဟောင်းရုံးကို အဝေးမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်လို့ ရွှေဂဠုန်စစ်ကြောင်းထံက သိရပါတယ်။ 
Read More

ရဲတပ်ဖွဲ့ဝင် အချင်းချင်းစကားများရာက ရဲတပ်ကြပ်ကြီးအဆင့်ရှိသူက ဓားနဲ့ထိုးလို့ ဒုရဲမှူးအဆင့်သေဆုံးပြီး အရာရှိ ၂ယောက် ထိခိုက်ဒဏ်ရာရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ တိုင်းသတင်းရဲတပ်ဖွဲ့ဝင် အချင်းချင်းစကားများရာက တပ်ကြပ်ကြီးအဆင့်ရှိတဲ့ ရဲက ဓားနဲ့ထိုးလို့ တိုင်းရဲတပ်ဖွဲ့ ဒုရဲမှူးအဆင့် သေဆုံးပြီး ရဲအရာရှိ​ ၂ယောက်ပါ ဓားဒဏ်ရာတွေ ရရှိသွားကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ တိုင်စာကိစ္စကြောင့် အငြင်းပွားစကားများရာကနေ အခုလို အချင်းချင်း ဓားထိုးမှု ဖြစ်ပွါးခဲ့ပြီး ဒုရဲမှူးအဆင့်ရှိသူ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
Read More

မုံရွာ-ကျောက္ကာလမ်းပိုင်း ထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုဘက်မှ အယောက် ၄၀ နီးပါးသေဆုံး၊ သေဆုံးသူများအနက် စစ်မှုထမ်းများ အများဆုံးပါဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ - ကျောက္ကာလမ်းပိုင်းက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်သား အယောက် ၄၀ နီးပါး သေဆုံးပြီး အများစုဟာ စစ်မှုထမ်း(ပစ) တွေဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

KNDF တပ်ရင်းအမှတ်(၂) ၏ နယ်မြေလုံခြုံရေးနှင့် စစ်ရေးလှုပ်ရှားနေမှု မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၂) က နယ်မြေလုံခြုံရေးနဲ့ စစ်ရေးလှုပ်ရှားနေမှု မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ဗုံးကြဲ၊ လေကြောင်းတိုက်ခိုက်နေသည့် မင်းလက်ပံဧရိယာ ကျားဖြန့်ဝင်းထဲမှ တရုတ်နိုင်ငံသားအများစု မထွက်ခွာလိုဘဲရှိနေဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး KNU သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မင်းလက်ပံ ကျားဖြန့်ခြံဝင်းထဲရှိ နိုင်ငံခြားသားတွေကို နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးနေရာမှာ ခြံဝင်းအတွင်းက မထွက်ခွာလိုဘူးလို့ အတိအလင်းထုတ်ပြောလာသူ ၁၀၀၀ နီးပါးရှိပြီး အများစုမှာ တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ KNU က မနေ့က ထုတ်ပြန်ပါတယ်။