မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက် မနေ့ ညနေ ၅ နာရီလောက်မှာ စစ်တပ်က တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ စစ်ဘေးရှောင်တွေ နေထိုင်ရာ မာလဲရွာစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“အဓိကကတော့ စစ်ရှောင်တွေကို ပစ်မှတ်ထားတာလေ။ စစ်ရှောင်တွေကို သက်သက်ကြဲတာ၊ စဥ့်ကူးမြို့ထဲမှာ ထိတွေ့မှု လုံးဝမရှိဘူး။ စကစ က ဝင်ရောက်ခြင်းမှမရှိတာ” လို့ စဥ့်ကူးနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ စာသင်ကျောင်းမှာ မတ္တရာမြို့နယ်ဒေသခံတွေ ခေတ္တလာရောက် တိမ်းရှောင်နေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအပါအဝင် အဆောက်အဦး ၃ လုံးလည်း ပျက်စီးသွားခဲ့ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ကလည်း စစ်တပ်က စဥ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာ စာသင်ကျောင်းနဲ့ ညောင်ကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့တာကြောင့် မတ္တရာမြို့နယ်ဘက်ကနေ လာရောက်နေထိုင်တဲ့ စစ်ရှောင်ပြည်သူ ၄ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

(ဓာတ်ပုံ ပေးပို့)

0 Shares:
You May Also Like
Read More

အာရှတွင် တတိယမြောက် ဆင်းရဲဆုံးနိုင်ငံအဖြစ် မြန်မာပါဝင်လာ

၂၀၂၄ ခုနှစ်အတွက် အဆင်းရဲဆုံး အာရှ ၁၀ နိုင်ငံထဲမှာ တတိယအဆင့်အဖြစ် မြန်မာနိုင်ငံပါဝင်လာကြောင်း World Population Reviews က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေ (Gross National Income – GNI) ဟာ အာဖဂန်နစ္စတန်နဲ့ နီပေါနိုင်ငံတွေပြီးရင် တတိယနေရာမှာ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

ရွှေဘိုက ပျူစခန်းတွေကို ၅ ရက်တာ ဒရုန်းမစ်ရှင်နဲ့ တိုက်ခိုက်

စစ်ကိုင်တိုင်း၊ ရွှေဘိုမြို့နယ်မှာရှိတဲ့ ပျူစောထီးစခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ၅ ရက်တာ ဒရုန်းမစ်ရှင်ဖော်ဆောင်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက် ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့ ဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြု ပြောဆိုပါတယ်။
Read More

အရာတော်ရှိ ပျူစောထီး ကင်း၂ခုကို တော်လှန်ရေးတပ်များစီးနင်းတိုက်ခိုက်၊ ပျူစောထီး ၁ ဦးသေပြီး ထောင်ထားသည့် မိုင်းများ သိမ်းဆည်းရမိ…

"ငွေတွင်းပျူရွာမှာက တပ်စည်းနှစ်စည်းရှိပါတယ်။ အဲ့စည်းတွေကိုကျော်ပြီး ကင်းတွေနဲ့ မီတာ ၁၀၀အထိ ကပ်ပစ်ခဲ့ပါတယ်။ ဒီနေ့လဲငွေတွင်းရွာပြင်မှာ မီးတွေရှို့တာတွေ့တယ်။ ထိထားတဲ့ကောင်တွေကို သဂြိုလ်နေတာဖြစ်နိုင်ပါတယ်။ ငွေတွင်းပျူရွာကို ကျနော်တို့ ပိတ်ဆို့ထားတာ ၅လ၊ ၆လလောက်ရှိပါပြီ။ ၁၅ရက်တစ်ခါလောက်ထိတွေ့မှုဖြစ်ပါတယ်။ အဲ့ရွာက အရပ်သားတွေအကုန်ထွက်ကုန်ပြီ။ လက်နက်ကိုင်ပျူတွေပဲရှိပါတော့တယ်။" လို့ Ngwe Dwin Revolution Force သတင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီ အသုံးပြုမည်ဟု ယူဆရသည့် Y-8 လေယာဉ်နှစ်စင်း ကူးမင်းလေဆိပ်တွင် တွေ့ရှိခဲ့ဟု Myanmar Witness ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မတော်(လေ) (MAF) အမှတ်တံဆိပ်ပါ Shaanxi Y-8F-200W နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေး လေယာဉ်နှစ်စင်းကို တရုတ်နိုင်ငံ ကူးမင်းလေဆိပ်ရှိ နေရာတစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ Myanmar Witness က မနေ့က ထုတ်ပြန်ပါတယ်။
Read More

လက်ကျန် စစ်တပ်စခန်း ၃ ခု ကို KIA သိမ်းပိုက်နိုင်ခဲ့လို့ မံစီမှာ စစ်ကောင်စီ ကင်းစင်ပြီ၊ ဗန်းမော်မြို့ကို KIA ဆက်လက်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ ဇန်နဝါရီ ၈ရက် မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။