ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ KNLA တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၁၃ ရက် မနက်ပိုင်းကတည်းက ကော့ကရိတ်မြို့နယ်၊ ထီးဖိုးစံကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက် ထိခိုက်ကျဆုံးများတာကြောင့် လေကြောင်းပစ်ကူ ပေါင် ၅၀၀ ဗုံး ၂ လုံးကို ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  

“ထီးဖိုးစံမှာ ၂ခါလာကြဲတယ်။ စကမ အထိနာနေတယ်။ နေ့လယ် ၁၁ နာရီလောက်မှာလည်း ဖလူးဘက်၊ ဘုရားကုန်းအနီးက ကာစီနိုရုံကို လက်နက်ကြီးကျတာ.. လူ ၄ဦးသေ၊ ၁၀ဦး ဒဏ်ရာရတယ်။ လောလောဆယ်တော့ ဒီလောက်ပဲ” လို့ မြေပြင်သတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။



အောက်တိုဘာလ အစောပိုင်းကတည်းက ကော့ကရိတ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ လက်ရှိချိန်ထိ ထီးဖိုးစံကျေးရွာကို မကျော်နိုင်သေးဘဲ အထိနာနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့တုန်းကလည်း ထီးဖိုးစံနဲ့ ဖိဖာလဲကြား ကြက်မောက်ခြံမှာ စစ်ကော်မရှင်တပ်တွေနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်တပ်ဘက်က အနည်ဆုံး ၁၅ယောက် သေဆုံးခဲ့ပြီး လက်နက်တချို့ကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိခဲ့တာပါ။

အလားတူ နိုဝင်ဘာလ ၁ ရက် မနက်အစောပိုင်းမှာလည်း ကော့ကရိတ်ကို မြေပြင်စစ်ကြောင်းနဲ့ စစ်တပ်က စစ်ကြောင်းထိုးလာရာ ထီးဖိုးစံ နေရာအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိပ်တိုက်တိုးပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာတော့ စစ်တပ်ဘက်က အလောင်း ၈လောင်းနဲ့ လက်နက်တချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ နိုင်ငံရေးအရ အမြတ်ထုတ်မှုသာဖြစ်လို့ လုံး၀ လက်မခံကြောင်း ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်

တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်မှုဟာ  လက်ရှိအကြပ်အတည်းအတွက် နိုင်ငံရေးအရ အဖြေမဟုတ်ဘဲ  နိုင်ငံရေးအရ အမြတ်ထုတ်မှုတစ်ခုသာ ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်ပါတယ်။
Read More

တစ်နိုင်ငံလုံးလျှပ်စစ်မီး အပြည့်အ၀မပေးနိုင်တဲ့ နိုင်ငံမှာ လျှပ်စစ်ရထားပြေးဆွဲဖို့က ဦးစားပေးလို့ မင်းအောင်လှိုင်ဆိုပြန်

တစ်နိုင်ငံလုံးကို လျှပ်စစ်မီးအပြည့်အ၀ မပေးနိုင်သော်လည်း လျှပ်စစ်ရထားတွေ ပြေးဆွဲဖို့ ကအရေးကြီးဆုံးဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။
Read More

ညောင်ဦးနယ် ကျေးရွာများတွင် စစ်ကြောင်းရော ပေါ်တာဆွဲမှုပါ ဆိုးရွားနေသည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေက ကျေးရွာတွေထဲ အင်အားအလုံးရင်းသုံး စစ်​ကြောင်းဝင်ရောက်​နေသလို ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း Yan Gyi Aung People's Defense Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့က ရဲဘော်တွေ ပေါင်းစည်းထားတဲ့ အမှတ်(၈) စစ်ကြောင်းရဲ့ ပထမသက်တမ်း တိုက်ပွဲဝင် ပုံရိပ်များ

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ /ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) နဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တို့ရဲ့ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းကာ ၂၀၂၄ နှစ်စပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမှတ်(၈) စစ်ကြောင်း (ပထမသက်တမ်း) ပုံရိပ်တွေကို အဆိုပါစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

မတ္တရာ-ဆည်တော်လမ်းပိုင်းမှာ စစ်ကောင်စီဆီက သိမ်းဆည်းရမိတဲ့ Canter ကားကို ပိုင်ရှင်ဖြစ်သူဆီ မိုး​ကြိုးစစ်ကြောင်း၊ တိုက်နယ်-၃ ၊ ပကဖ ပြန်လည်အပ်နှံ…

ရှမ်း- မန်းစစ်ဆင်ရေးအတွင်း ​အကြမ်းဖက်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ရာက သိမ်းဆည်းရရှိခဲ့တဲ့ Canter ကားကို မူရင်းပိုင်ရှင်ဖြစ်သူဆီ ပြန်လည်ပေးအပ်ခဲ့တယ်လို့ မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် (၃) ပကဖ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မိုးဗြဲကို ရဖို့ အလုံးရင်းနှင့်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ ထိခိုက်မှုအများအပြားဖြင့် ပြန်လည်ဆုတ်ခွါခဲ့ရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်မှုအများပြားနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်- ၁ ဗျူဟာ၊ PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။