အကြမ်းဖက်စစ်ကော်မရှင်ဟာ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ပြည်တွင်းမှာကျန်နေတဲ့ အနုပညာရှင်တွေအနေနဲ့ ပြည်သူ စိတ်ဝင်စားအောင် ကမ်ပိန်းလုပ်ပေးဖို့ အသည်းအသန် ကြိုးစားနေရာကနေ ခြိမ်းခြောက်ဖိအားပေးတဲ့အဆင့်အထိ ရောက်လာပြီလို့ သိရပါတယ်။

ဒီရက်ပိုင်းအတွင်း သရုပ်ဆောင်အတော်များများ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတုအတွက် ကမ်ပိန်းစာသားတွေ ရွတ်ပေးနေရတယ်လို့ အနုပညာရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

“ရွေးကောက်ပွဲ ကမ်ပိန်းနဲ့ သက်ဆိုင်တဲ့ စာသားတွေကို ရွတ်ပြီး ရိုက်ပေးရတယ်လို့ သိရတယ်။ မ‌နေ့က ရိုက်ပေးလိုက်ရတယ်။ မနေ့က ရိုက်ပေးတဲ့အထဲမှာ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်၊ ထွန်းအိန္ဒြာဗိုလ်၊ ခိုင်သင်းကြည်၊ တိုင်ရွန်၊ ထူးအောင် တော်တော်များများ ပါတယ်” လို့ အနုပညာရှင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

အစပိုင်းမှာ သရုပ်ဆောင်ဖွေးဖွေးကို မေမြို့မှာ ရုပ်ရှင်ဇာတ်ကားရိုက်နေချိန် စစ်ကော်မရှင်လက်အောက်ခံ ရဲတွေက ရန်ကုန်ကို အတင်းပြန်ခေါ်သွားတာဖြစ်ပြီး သူတို့ရဲ့ ဆက်သွယ်မှုတွေကို အကြောင်းမပြန်လို့ ခေါ်ယူစစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက် သူတို့ အလိုကျ ရိုက်ပေးပါ့မယ်ဆိုတဲ့ ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့လည်း နီးစပ်သူတွေထံက နောက်ဆုံး သိထားရပါတယ်။

“စစ်ကော်မရှင်က ပုံမှန် ညှိနှိုင်းတာမျိုး မဟုတ်ဘဲ တော်တော်ပြင်းထန်တဲ့ ဖိအားပေးမှု လုပ်နေတယ်” လို့ အထက်ပါ သတင်းရင်းမြစ်က ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားကို ဝိုင်းဝန်း ဝေဖန်တာ ခံရပြီးတဲ့နောက် ဝေဖန်လာတဲ့ အနုပညာရှင်တွေ၊ ပြည်သူတွေကို ရွေးကောက်ပွဲ ပျက်ပြားအောင် ‌နှောင့်ယှက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးမှုတွေ လုပ်နေတာဖြစ်ပါတယ်။

အခုဆိုရင် သာမန် ဝါဒဖြန့်တဲ့အဆင့်တင် မဟုတ်တော့ဘဲ ဝါဒဖြန်‌ပေးဖို့အတွက် လက်နက်အားကိုး ခြိမ်းခြောက်တဲ့အဆင့်အထိ ရောက်ရှိလာပြီဖြစ်ပါတယ်။ လက်ရှိမှာ ရွေးကောက်ပွဲ ဝါဒဖြန့်ရေးအတွက် သရုပ်ဆောင်တွေကို ခြိမ်းခြောက်ဖိအားပေးနေပြီး အဲဒီနောက် အဆိုတော်တွေကိုလည်း ထပ်မံဖိအားပေးလာဖို့ ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မကွေးတိုင်းမှာ PDF တွေ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေ (ဓာတ်ပုံသတင်း)

မကွေးတိုင်းအတွင်း မကွေးတိုင်း PDF ရဲဘော်တွေက ပြည်သူတွေနဲ့ တွေ့ဆုံကာ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၇ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမှာ စစ်ကောင်စီအထိုင်တပ်က ဒရုန်းနဲ့ ဗုံးသီးတွေကြဲချခဲ့လို့ ကျေးရွာ ၃ ရွာက အရပ်သားတွေသေဆုံး

"ပြည်သူအတွက်ကတော့ လေကြောင်းရော၊ ဒရုန်းရောက အကုန်ထိတ်လန့်စရာတွေပါပဲဗျ။ အခုလည်းစံပါယ်နံ့သာ အနီးတဝိုက် ကျေးရွာတွေအရေးပေါ် ရှောင်တိမ်းနေရပါတယ်။" လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည့် ကနေဒါနဲ့ ဆွစ်ဇာလန်တို့ကို ကြိုဆို အသိအမှတ်ပြုကြောင်း NUG ပြော

အာဏာသိမ်း စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ပေးခဲ့တဲ့ ကနေဒါနိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုဆိုအသိအမှတ်ပြုကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

တောင်ယမားဆည်ရေ မြင့်တက်လာမှုကို အချိန်နဲ့ တပြေးညီစောင့်ကြည့်နေတယ်လို့ ပုလဲ ပအဖက အသိပေး

စစ်ကိုင်းတိုင်း၊ ပုလဲနယ်ထဲက တောင်ယမားဆည်ရေမြင့်တက်လာပေမယ့် စိုးရိမ်စရာမရှိသေးဘူးလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်အသိပေးလိုက်ပါတယ်။
Read More

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ အခင်းဖြစ်ပွားချိန်က အရပ်သားအစိုးရဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်…

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်နဲ့ အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော် တို့ပါ ပါဝင်တယ်လို့ သိရပါတယ်။
Read More

ချီဗွေစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းများစွာ စစ်ကောင်စီထံက ရရှိ

KIA က ထိန်းချုပ်သိမ်းပိုက်လိုက်တဲ့ ချီဗွေစခန်းသိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီထံကနေလက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့ ရှေ့တန်းရောက် ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာဖော်ပြလာပါတယ်။