ပြင်သစ်အစိုးရက မြန်မာစစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုနဲ့ အားလုံးပါဝင်မှုဆိုင်ရာ စံချိန်စံနှုန်းတွေနဲ့ မကိုက်ညီနေကြောင်း မနေ့က နိုဝင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်တဲ့  “၂၀၂၀ ပြည့်နှစ် မြန်မာ့အထွေထွေရွေးကောက်ပွဲ၊ ပဥ္စမမြောက် နှစ်ပတ်လည်နေ့” ဆိုင်ရာ ကြေညာချက်မှာ ထည့်သွင်းပြောဆိုပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စစ်အစိုးရက သူတို့ထိန်းချုပ်ရာ နယ်မြေဒေသတွေမှာ စတင်ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ အသိအမှတ်ပြုခံရမှုဆိုင်ရာ စံနှုန်းတွေနဲ့ပါ မကိုက်ညီကြောင်း ပြင်သစ်အစိုးရက ထောက်ပြလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲရဲ့ ရလဒ်တွေဟာ ခိုးယူခံလိုက်ရတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ပြင်သစ်အစိုးရက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံထားရသူ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်နစ်နာနေတာတွေကိုလည်း ရှုတ်ချသလို ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ရည်ရွယ်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ထောက်ခံကြောင်း ပြင်သစ်အစိုးရက ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် BIMSTEC ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခွင့်ရရှိလာနိုင်မည့်အပေါ် Justice For Myanmar ကန့်ကွက်

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဘင်းမ်စတက် (BIMSTEC) ထိပ်သီးဆွေးနွေးပွဲကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မယ့် အစီအစဉ်ဟာ မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီ မျှော်မှန်းချက်ကို စော်ကားလိုက်တာလို့ Justice For Myanmar က ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။
Read More

ဧရာဝတီတိုင်းအတွင်း တပ်ရင်းတွေအလိုက် ပြုတ်ပြုတ်ပြုန်း ထားတာကြောင့် စစ်ကောင်စီ တွေ့သမျှလူ ဆွဲခေါ်ကာ လုံခြုံရေးယူခိုင်းနေ

ရခိုင်ပြည်နယ်မှာ အကြီးအကျယ် ရှုံးနိမ့်ထားတဲ့ စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်း ရခိုင်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာ လုံခြုံရေးတင်းကျပ်ကာ ခံစစ်အတားအဆီးတွေ လုပ်ဆောင်နေပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းများ နုတ်ထွက်ခွင့်ပြုခြင်းဟာ မက်လုံးပေးဝါဒဖြန့်ရုံသက်သက်ဖြစ်ကြောင်း CDM တပ်ကြပ်ကြီး နောင်ရိုးပြော

တော်လှန်ရေးအင်အားစုတွေဆီ ထွက်ပြေးအလင်းဝင်ရောက်တာမျိုးနဲ့ မြေပြင်မှာ ခက်ခက်ခဲခဲ တပ်သားစုဆောင်းနေရတာတွေ လျှော့ချတားဆီးနိုင်ဖို့ စစ်အုပ်စုက စစ်မှုထမ်းတပ်သား အနည်းအကျဥ်းကို လှည့်ဖျားဝါဒဖြန့်ရုံသက်သက် နုတ်ထွက်ခွင့်ပြုတာတွေ လုပ်ဆောင်လာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်ဆိုင်ရာ သုတေသန တာဝန်ခံ CDM တပ်ကြပ်ကြီး နောင်ရိုးက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ် တရားဝင် လူသတ်လိုင်စင် မရစေဖို့ မဲမပေးကြရန် KNU နှိုးဆော်

အကြမ်းဖက်စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲထည့်ပြီး စစ်တပ်ကို တရားဝင် လူသတ်လိုင်စင် မပေးဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မလုပ်မိစေဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နှိုးဆော်လိုက်ပါတယ်။
Read More

မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ် လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေသာ့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်

မွန်ပြည်နယ်၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ်မှာ လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကားတစ်စီးဖြင့် ထိုင်းနိုင်ငံထဲဝင်ဖို့ ကြိုးစားသည့် မြန်မာ ၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ တာ့ခရိုင်မှာ ဒီနေ့ မေလ ၁၈ ရက် နေ့လယ်ပိုင်းက တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားတွေ လိုက်ပါစီးနင်းလာတဲ့ ကားတစ်စီးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။