အာရက္ခတပ်တော်၊ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့ကို အကြမ်းဖက်စစ်ကော်မရှင် တပ်သား တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၅ ယောက်သေဆုံးပြီး ၁၁ ဦး ထိမှန်ဒဏ်ရာရရှိ ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၇ ရက် မနေ့ည ၈ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်က မြို့သစ်ရပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာဖြစ်ပြီး ခလေးသူငယ် အပါအဝင် ပြည်သူများ သေဆုံးခဲ့ရတာဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာလည်း စိုးရိမ်ရတဲ့သူတွေရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“ဒဏ်ရာရတဲ့အခြေနေကတော့ တစ်ချို့ ပြင်းထန်တာတွေရှိတယ်၊ တစ်ချို့လည်းအစအနတွေ မှန်တာတွေရှိတာပေါ့၊ အသက်ဆုံးနိုင်တဲ့သူတွေ ထပ်ရှိနိုင်မလားဆိုတာ ကျနော်တို့စောင့်ကြည့်နေရတုန်း၊ အရင်ကလည်း မင်းပြားကိုခဏခဏ ဗုံးလာကြဲတာရှိတယ်” လို့ မင်းပြားမြို့ခံတစ်ယောက်က မောင်း ကိုပြောပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့သစ်ရပ်ကွက်ရှိ နေအိမ် ၇ လုံး ထိမှန်ပျက်ဆီးသွား ပါတယ်။ စစ်ကော်မရှင်တပ်သားတွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တဲ့အတွက် မြို့ပေါ်နေ ပြည်သူတစ်ချို့ဟာ ရှောင်တိမ်းကြရသလို၊ အခုလိုလေကြောင်းတိုက်ခိုက်တာဟာ မကြာခင်ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲ လုပ်လို့မရတဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး ဖြစ်နိုင်တယ်လို့လည်း အထက်ပါမြို့ခံက ဆက်ပြောပါတယ်။

“အခုလိုဗုံးကြဲနေတာကြောင့် မြို့ပေါ်ကပြည်သူတွေထဲ တိမ်းရှောင်သူတွေရှိတယ်။ လူစုလူဝေးတွေက အရင်တုန်းကလည်းမလုပ်ဘူး၊ အခုစနေမယ်လို့ ကြံခါစရှိသေးတယ်၊ ပြန်ပြီးတော့ ရှောင်တိမ်းသတိထားရတာတွေ ရှိလာတယ်၊ သူတို့ (စစ်တပ်)ကတော့ ရွေးကောက်ပွဲ မလုပ်ရတဲ့ဒေသတွေမို့လို့ ရခိုင်ကဒေသတွေကို အချိန်တိုင်းဗုံးကြဲနေတဲ့ အနေအထားမျိုးရှိတယ်။ သူတို့ကိုမထောက်ခံတဲ့ ပြည်သူတွေကို သက်သက်မဲပြီးတော့ လုပ်နေတာမျိုးလို့ထင်တယ်” လို့ ဆိုပါတယ်။

အလားတူ ဒီရက်မှာပဲ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိကျေးရွာတွေဘက်ကို လက်နက်ကြီး၊ ဒရုန်းအပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်ခဲ့လို့ ဒေသခံ ၅ ဦးသေဆုံးပြီး ၉ ဦးထိမှန်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေး လမ်းပိုင်းရှိ စစ်တပ်စခန်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာ- မန္တလေး လမ်းပိုင်းမှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းမှ ဒုတပ်ကြပ် ၁ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Urban Hunter Force - UHF က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို တော်လှန်ရေးတပ်များ ဖမ်းမိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ မြောင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်က စစ်သား ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးမှာ အကြမ်းဖက်စစ်တပ်က ရာနဲ့ချီတဲ့ လူတွေကို ဖမ်းပြီး စစ်မြေပြင်ဆီ အတင်းအကျပ်ပို့ဆောင်နေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သားလူငယ်တွေကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ရင်း မြို့ပေါ်မှာ ရမ်းကားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ဟိန္ဒူဘာသာဝင်တွေအပေါ် လူမျိုးရေးခွဲခြားလှောင်ပြောင်ထားတဲ့ ရုပ်ရှင်ကို စစ်ကောင်စီရဲ့ ဆင်ဆာအဖွဲ့က ဒီပါ၀လီနေ့ နီးကပ်လာစဉ်မှာ ရုံတင်ပြသ၊ ဟိန္ဒူဘာသာဝင်တွေ အပြင်းအထန်ကန့်ကွက်နေ

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်ရှင်ဆင်ဆာ အဖွဲ့က ခွင့်ပြုလိုက်တဲ့  ရုံတင်ဇာတ်ကားတစ်ခုဟာ  မြန်မာပြည်က ဟိန္ဒူဘာသာဝင်တွေကို လူမျိုးရေး ခွဲခြားလှောင်ပြောင်တဲ့ သဘောဆောင်နေတာကြောင့် မြန်မာပြည်ဖွား ဟိန္ဒူဘာသာဝင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြတယ်။
Read More

နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၉၁ ဦး သေဆုံးခဲ့

နိုင်ငံတကာမှာ မျက်နှာသာရစေရေး အကျဉ်းသားလွှတ်ပေးမှုကို ဟန်ပြသရုပ်ဖော်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူ ၉၁ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကနီမြို့နယ်ရှိ ပညာရေးကျောင်းများတွင် ပကဖ မှ လေကြောင်းအန္တရာယ် အသိပညာပေးမှုများ ပြုလုပ်… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ ပညာရေးကျောင်းတွေမှာ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒုတာဝန်ခံ ဦးဆောင်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းအန္တရာယ် အသိပညာပေး သရုပ်ပြသင်တန်း ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။