တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးကာ စစ်သား ၉ ယောက် သေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က သရက်ချောင်းမြို့နယ် ကျောက်လှေကားကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် အောက်တိုဘာ ၃၀ ရက်မှာလည်း ဒုတိယအကြိမ် ထပ်မံတိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ထပ်မံကျဆုံးခဲ့ရကာ ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

၂ ရက်ဆက် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၉ ယောက်သေဆုံးကာ ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါင်းညီနောင်စစ်ကြောင်း၊ ထားဝယ်တပ်ပေါင်းစုနဲ့ မဟာမိတ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ဒေါင်းညီနောင်စစ်ကြောင်း

0 Shares:
You May Also Like
Read More

ဗန်းမော်လေဆိပ်ရဲ့ နေရာအများစုကို KIA ထိန်းချုပ်ရယူထား၊ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ (ရုပ်/သံ)

ဗန်းမော်မြို့က စစ်ကောင်စီအတွက် အရေးပါတဲ့ လေဆိပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ၀င်ရောက်ထိန်းချုပ်ထားတဲ့ ရုပ်သံကို ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြလာပါတယ်။
Read More

ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ ရဲဘော်အသစ်များ ခေါ်ယူနေ (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၃၂) ဗျူဟာ၊ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ တာဝန်ထမ်းဆောင်ဖို့ ရဲဘော်အသစ်တွေကို လက်ခံခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

မန္တလေးမြို့က ၁၁ ထပ်မြင့်တဲ့ Sky Villa Condo ငလျင်ဒဏ်ကြောင့် ၅ ထပ် ကျွံဝင် ပြိုကျသွား (ရုပ်/သံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားက ၁၁ ထပ်အမြင့်ရှိ Sky Villa Condo ဟာ ငလျင်ဒဏ်ကြောင့် ၅ ထပ် ကျွံဝင် ပြိုကျသွားပြီး လူအများအပြားပိတ်မိနေတယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်း ရဲဘော်များကို ပြည်သူများ ကြိုဆိုခဲ့ကြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေနဲ့ အညာမြေကို ပြန်လာတဲ့ ရဲဘော်တွေကို ဒေသခံပြည်သူတွေ သောင်း‌သောင်းဖြဖြ ကြိုဆိုနေတဲ့ မှတ်တမ်းရုပ်သံကို MC - KC DF က ထုတ်ပြန်လိုက်ပါတယ်။
Read More

မိုးကုတ်မြို့ခံများ အကြမ်းဖက်စစ်တပ်ကို လက်မခံကြောင်း သံပုံးတီး ဆန္ဒပြ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ နိုဝင်ဘာ ၆ ရက် မနေ့ည ၈ နာရီဝန်းကျင်ခန့်မှာ မြို့ခံ ပြည်သူတွေက အကြမ်းဖက်စစ်ကောင်စီကို လက်မခံနိုင်ကြောင်း သံပုံးတီးဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ လိုင်ဇာမြိုထဲ ဝင်ရောက် (ရုပ်/သံ)

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ လိုင်ဇာမြို့ထဲ ဝင်ရောက်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။