မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်း အရက်ဝယ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၃ ယောက်ကို တိုက်ခိုက်ရာ ၂ ယောက် သေဆုံးခဲ့တယ်လို့ Special Task Force ngazun က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၄ ရက် မနေ့ မနက်ပိုင်းက ငါန်းဇွန်မြို့ မြို့သာစျေး‌မြောက်ဘက်လမ်းအတိုင်း အရက်ဝယ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၃ ယောက်ကို မီတာ ၂၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၃ ယောက်ထဲက ၂ ယောက် သေဆုံးပြီး ၁ ယောက်က ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

“ရဲစခန်းထဲကနေ အရက်ထွက်ဝယ်တာကို မီတာ ၂၀ အကွာကနေ ပစ်ခတ်ခဲ့တာပါ။ သူတို့အလစ်ငိုက် စွန့်စားရတာပေါ့ဗျာ။ သေနတ်တော့ ကောက်ချိန်မရခဲ့ဘူး” လို့ Special Task Force (NGAZUN) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Special Task Force ngazun က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – Special Task Force ngazun

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံရောက် ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ တိုက်ခိုက်ခံရအပြီး လုပ်သားထောင်ချီ နေရပ်ပြန် (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ တိုက်ပွဲများ ပြင်းထန်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်း ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ တိုက်ခိုက်ခံလာရခြင်းနဲ့အတူ ထောင်ချီတဲ့ ကမ္ဘောဒီးယားလုပ်သားတွေဟာ နေရပ်ပြန်လျက်ရှိပါတယ်။
Read More

ဇဂျမ်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်တွေ မြေပြင်ဝေဟင် စီးနင်းတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ် ဇဂျမ်းတိုက်နယ်ရဲစခန်းကို ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းထံက သိရပါတယ်။
Read More

နေရပ်ပြန်လာကြတဲ့ သပိတ်ကျင်း PDF ရဲဘော်တွေကို ပြည်သူတွေ သောင်းသောင်းဖျဖျကြိုဆို (ရုပ်/သံ)

နေရပ်ပြန်လာကြတဲ့ သပိတ်ကျင်း PDF ရဲဘော်တွေကို ပြည်သူတွေက သောင်းသောင်းဖျဖျကြိုဆိုနေတဲ့ ရုပ်သံဖိုင်ကို သပိတ်ကျင်းမြို့နယ်  ပ.က.ဖ က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျုံဒိုးမြို့နယ် သလွဲထော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက်သေဆုံးပြီး ကိုရင် ၁ ပါး အပါအဝင် ပြည်သူ ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် သလွဲထော်ကျေးရွာကို ဧပြီ ၁၈ ရက် မနေ့ကအကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ယောက်သေဆုံးပြီး ကိုရင် ၁ ပါးအပါအဝင် ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

နေပြည်တော် တပ်ကုန်းရှိ ဆင်သေရေလွှဲဆည်ကျိုးကျသွားတဲ့အတွက် မြေနိမ့်ပိုင်းက နေအိမ်များဆီသို့ ရေများ စီးဝင် (ရုပ်/သံ)

နေပြည်တော် တပ်ကုန်းမြို့ရှိ ဆင်သေရေလွှဲဆည်ဟာ အင်အားပြင်းငလျင်ဒဏ်ကြောင့် ကျိုးကျသွားပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ကျရာတာဝန် ထမ်းဆောင်ရင်း ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြသည့် ရဲဘော်များ (ရုပ်/သံ)

ဒီနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းက ရဲဘော်တွေဟာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။