စစ်ကိုင်းတိုင်း ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အကျဆုံးတွေရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂ ရက် နံနက်ပိုင်း ချောင်းမြို့မြို့အဝင် မုံရွာ-မန္တလေး-ပခုက္ကူလမ်းဆုံရှိ အကြမ်းဖက်စစ် တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်‌တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

“အထိုင်ချတပ်စွဲထားတာ ဟုတ်ပါတယ်။ အင်အားတော့ သိပ်မများပါဘူး။ ၁၂ယောက်လောက်ပဲ ရှိတာပါ။ ကျသွားတဲ့ ရဲဘော်က ကျည်ကုန်လို့ ကျည်ပြန်ဖြည့်ချိန် ခေါင်းကို ထိမှန်ပြီး ကျဆုံးတာပါ။ ဒဏ်ရာရတဲ့ ရဲဘော်တွေတွေက အခုတော့ မစိုးရိမ်ရတော့ပါဘူး။ အခြေအနေ ကောင်းလာပါပြီ” လို့ လျှပ်စီးတပ်ခွဲ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ-၃) နဲ့အတူ CDSOM (ဗိုလ်စက်ြာစစ်ကြောင်း) နဲ့ ချောင်းဦးမြို့နယ် ဗိုလ်ရဲရင့်စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Video – လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃

0 Shares:
You May Also Like
Read More

ဘုတလင်မှာ စစ်ကောင်စီ စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရမှု ရုပ်သံထုတ်ပြန် (ရုပ်/သံ)

စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း အများအပြားဖမ်းဆီးရမိခဲ့တဲ့ ဘုတလင်မြို့နယ်က တိုက်ပွဲရုပ်သံကို ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစု ကဒီနေ့ အောက်တိုဘာလ ၃ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

မနေ့ညက မန္တလေးအပါအဝင် မြို့ကြီးအချို့မှာ အင်အားအသင့်အတင့်ရှိ ငလျင်ထပ်မံလှုပ်ခတ် (ရုပ်/သံ)

မန္တလေးမြို့အပါအဝင် မြို့ကြီးအချို့မှာ ဧပြီ ၁၇ ရက် မနေ့ညပိုင်းက အင်အားအသင့်အတင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

အမှတ် (၁) စစ်ဒေသ မုံရွာခရိုင်အမှတ် (၃) တပ်ရင်း တပ်ရင်းမှူးမှ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းနဲ့ မြေပြင်တပ်မှူးငယ်သင် တန်းအပတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းဂုဏ်ပြုလွှာနဲ့ လက်နက်တပ်ဆင်းခြင်းအခမ်းအနားမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်း (ရုပ်/သံ)

''ခင်ဗျားတို့ ကိုယ်တိုင်လည်း မြေပြင်မှာ တိုက်ပွဲတွေ ကြုံခဲ့ပြီးပြီ။ အမိန့်နာခံမှုရှိကို ရှိရမယ်။ ကျွန် တော်တို့ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ စစ်ကို စစ်နဲ့ တူအောင် တိုက်ရလိမ့်မယ်။ ကျွန်တော်တို့ ရည် ရွယ်ထားတဲ့ ပန်းတိုင်ထိ မရောက်ရောက်အောင် သွားရလိမ့်မယ်''
Read More

မဲ‌ဆောက်မြို့တွင် သေနတ်ကိုင် ရမ်းကားသူ ၁ ဦးကို အာဏာပိုင်များ အရှင်ဖမ်းဆီး (ရုပ်/သံ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ကိုင် ရမ်းကားနေသူ ၁ ယောက်ကို ထိုင်းအာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။
Read More

နမခ က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က ထွက်လာတဲ့ မိုးကာအုပ်ယာဉ် ၃ စီးနဲ့ သံပြားကာ ၁၀ စီးယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။