နွေဦးတော်လှန်ရေးအစမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေကို ကာကွယ်ပေးခဲ့တဲ့ မိုးကုတ်မြို့က ရေပူဆရာတော် ဥူးဣန္ဒဟာ နိုဝင်ဘာ ၃ ရက် မနေ့ညက ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။

ရေပူဆရာတော်လို့ လူသိများတဲ့ ဆရာတော် ဥူးဣန္ဒဟာ စစ်အာဏာသိမ်းမှု အစောပိုင်းကာလတွေမှာ မိုးကုတ်မြို့ ပြည်သူလူထုဆန္ဒပြပွဲမှာ စစ်တပ်လက်အောက်ခံ ရဲတွေက မျက်ရည်ယိုဗုံး အသုံးပြုကာ အကြမ်းဖက်ဖြိုခွဲစဥ် လူထုရှေ့ကနေ အကြမ်းမဖက်ဖို့ တောင်းဆိုပေးခဲ့မှုကြောင့် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်မှာ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

ရေပူဆရာတော်ဟာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပေမယ့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်မှာ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာပြီး အဲဒီနောက်ပိုင်း ကျန်းမာရေးချို့ယွင်းလာခဲ့တယ်လို့ သိရပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာလည်း ထဲထဲဝင်ဝင် ပါဝင်ခဲ့တဲ့ ရေပူဆရာတော်ဟာ ထောင်က လွတ်လာပေမယ့် ထောင်ထဲမှာ နှိပ်စက်ခဲ့တဲ့ဒဏ်တွေကို ခံစားခဲ့ရပြီး ပျံလွန်တော်မူချိန် သက်တော် ၅၅ နှစ် ရှိပြီလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်ခေါင်းမှာ စစ်ကောင်စီ စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ မိသားစုဝင် ၃ ဦး ထိမှန်ကာ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ကျေးရွာမှာ စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ယောက် သေဆုံးကာ ၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခရီးသည်တင်ယာဥ် တိမ်းမှောက်လို့ ၂ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၄/၀) မှာ ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဥ်ပေါ်ပါ ခရီးသည် ၂ ယောက် သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

သမိုင်း၀င် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ဦးအောင်ဆန်းဦးက လေလံတန်ဖိုး ထပ်မံလျှော့ချပြီး လေလံပစ်ဖို့ တရားရုံးကို တောင်းဆို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ သမိုင်း၀င် နေအိမ်ကို လေလံတန်ဖိုး ၁၀ ဘီလီယံလျှော့ချပြီး လေလံပစ်ဖို့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက တရားရုံးကို လျှောက်ထားတင်သွင်းလိုက်ပါတယ်။
Read More

အင်းတော်တွင် ဆိုင်ကယ်ခိုးမှု သံသယဖြင့် မြို့နယ် ပကဖ ဖမ်းဆီးခံရသည့် ဒေသခံ စစ်ဆေးမေးမြန်းချိန် သေဆုံးသွားတယ်လို့ ဆို

စစ်ကိုင်းတိုင်း ၊ အင်းတော်မြို့နယ်ရှိ ရွာသာယာကျေးရွာက ပကဖ တပ်ဖွဲ့ဟာ ဒေသခံတစ်ယောက် ဆိုင်ကယ်ခိုးမှု သံသယရှိသူအဖြစ် ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းချိန် သေဆုံးသွားတယ်လို ဒေသခံတွေဆီက သိရပါတယ်။
Read More

မြဝတီမြို့ အမှတ် ၅ ရပ်ကွက်က စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း စကားများရာက ပစ်ခတ်မှုဖြစ်ပြီး တစ်ယောက် သေကာ တစ်ယောက် အပြင်းအထန် ဒဏ်ရာရရှိ…

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်မှာ အုပ်ချုပ်ရေးအဖွဲ့ အချင်းချင်း စကားများရာက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရာအိမ်မှူး မြင့်စိုး (ခ) စိုးငယ်ဆိုသူမှာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ ရာအိမ်မှူး ဝင်းကိုဆိုသူ အပြင်းထန်ဒဏ်ရာရရှိကာ အရေးပေါ်ဆေးကုသမှု ပြုလုပ်နေရတယ်လို့ မြဝ​တီမြို့ခံတွေဆီက သိရပါတယ်။
Read More

ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် “၈၀ချစ်တယ်” ဟူသော စာတန်း ချိတ်ဆွဲဆန္ဒထုတ်ဖော်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် "၈၀ချစ်တယ်" ဆိုတဲ့ စာတန်း ချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။