အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ ရန်ကုန်မြို့ပြစစ်ဆင်ရေးတွေ ခပ်စိပ်စိပ်ပြန်ပေါ်လာသလို ဒီထက်ပိုပြီး အရှိန်မြှင့်သွားမယ်လို့လည်း  ရန်ကုန်ပြောက်ကျားတပ်ဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လလောက်ကစလို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တွေရဲ့ စစ်ရေးဖော်ဆောင်မှုတွေ လျော့နည်းနေခဲ့ရာက ခပ်စိပ်စိပ် ပြန်ရှိလာခဲ့ပြီး လက်ရှိ အတုအယောင် ရွေးကောက်ပွဲ ကျင်းပချိန်နီးကပ်လာချိန်မှာတော့ ပိုပြီးအရှိန်မြှင့်တင်လာတာ တွေ့ရပါတယ်။

Rangoon Scout Network ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း ရန်ကုန်မြို့လယ်ခေါင်အပါအဝင် မြို့နယ်တွေမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေရဲ့ စစ်ရေးဖော်ဆောင်မှု ၁၄ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို စစ်ရေးဖော်ဆောင်မှုတွေထဲမှာ အဓိကထောက်တိုင် ရဲစခန်း၊ ရပ်ကွက်ရုံးနဲ့ ထွေအုပ်ရုံးတွေအပြင် စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကြံခိုင်ရေးပါတီရုံးလည်း ဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

အောက်တိုဘာလအတွင်း မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းမကြီးပေါ်က ကြံ့ခိုင်ရေးပါတီရုံးအပါအဝင် လှည်းကူးမြို့နယ်၊ ဒရယ်ဘိုရွာ ထွေအုပ်ရုံးနဲ့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် သောင်ကြီးရဲစခန်း၊  မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းနဲ့ ရွှေပြည်သာ အမှတ် (၇) ရပ်ကွက်ရုံးတွေကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ပစ်ဗုံးတွေ၊ ပြင်းအားမြင့်မိုင်းတွေ အသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် စစ်အုပ်စုထောက်တိုင်တွေဘက်က ထိခိုက်မှုတွေရှိခဲ့တယ်လို့လည်း သက်ဆိုင်ရာ ပြောက်ကျားတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

မြို့ပြစစ်ဆင်ရေးတွေကို အရှိန်မြှင့်လုပ်ဆောင်နေတဲ့ Yangon Army (YA) အဖွဲ့အနေနဲ့လည်း ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကြံခိုင်ရေးပါတီရုံးနဲ့ ဒရယ်ဘိုရွာထွေအုပ်ရုံးတွေအပါ စစ်ရေးဖော်ဆောင်မှု ၆ကြိမ်ကို တစ်ဖွဲ့တည်းရော၊ မဟာမိတ်အဖြစ်နဲ့ပါ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

“YA အနေနဲ့ ၄ပွဲ၊ မဟာမိတ်နဲ့ပူပေါင်း ၁ပွဲနဲ့ စာမထုတ်ပြန်တဲ့ ပွဲ၁ပွဲ..တိုက်ခိုက်ခဲ့ပါတယ်။ တရားမဝင်ရွေးကောက်ပွဲကို လက်မခံတဲ့အတွက် အရင်ထက် ပိုမိုတိုက်ခိုက်ခဲ့တာပါ။ နောက်ထပ်လည်း ဆက်လက်ပြီး ပြင်းပြင်ထန်ထန် တိုက်ခိုက်သွားမှာပါ။ အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ကြတဲ့ ဘယ်သူ့ကိုမဆို ကျောသားရင်သားမခွဲခြားဘဲ တိုက်ခိုက်သွားမှာပါ။ ပြည်သူတွေကိုလည်း သတိပေးပြီးပါပြီ။” လို့ Yangon Army ( YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုက သူတို့ရဲ့ အတုယောင်ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ရုပ်ရှင်ဇာတ်လမ်းတွေကို ပြည်တွင်းစျေးကွက်ရ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ အဆက်မပြတ်ရိုက်ထုတ်နေသလို တော်လှန်ရေးအင်အားစုတွေအပေါ် ချိုးဖဲ့ဝါဒဖြန့်တာတွေလည်း ရှိနေပါတယ်။

ဒါကြောင့် စစ်အုပ်စုအလိုကျ ပါဝင်ပတ်သက်နေသူတွေကို အရပ်သားနဲ့ တော်လှန်ရေးအင်အားစုတွေက Boycott လုပ် သပိတ်မှောက်တာတွေ လုပ်ဆောင်နေသလို မြို့ပြပြောက်ကျားတပ်ဖွဲ့တွေကလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ စာထုတ်ပြန်ထားကြပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့အပါအဝင် နေရာတော်တော်များများမှာ အကြမ်းဖက်စစ်အုပ်စုက ပျော်ပွဲရွှင်ပွဲအခမ်းအနားတွေကို အချိန်အခါမဟုတ် ကျင်းပကာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေရှိနေတာကြောင့် အရပ်သားလူငယ်တွေ ဆင်ခြင်နေထိုင်ကြဖို့ မြို့ပြတော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုက အတုယောင်ရွေးကောက်ပွဲ အပိုင်း(၁) ကို လာမယ့် ဒီဇင်ဘာလအတွင်း  ပြုလုပ်သွားမှာဖြစ်ပြီး အပိုင်း (၁) မှာ ရန်ကုန်တိုင်းအတွင်းက ကျောက်တံတား၊ ကမာရွတ်၊ ဗိုလ်တစ်ထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ သင်္ဃန်းကျွန်း၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ အလုံနဲ့ သန်လျင်မြို့နယ်တွေ ပါဝင်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

လေယာဉ်ဆီဘောက်ဆာကား မောင်းလာသည့် စစ်ကောင်စီတပ်သား၂ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ဘက်ကနေ လေယာဉ်ဆီဘောက်ဆာကား မောင်းလာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

မန္တလေးမှာ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု တရုတ်ရှုံ့ချ

ပြီးခဲ့တဲ့အပတ်မှာ မန္တလေးက တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကို တရုတ်နိုင်ငံက ရှုံ့ချခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ရေး အစွမ်းကုန်ကြိုးစားလုပ်ဆောင်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာလ ၂၁ ရက်မှာ ပြောပါတယ်။
Read More

ချောင်းဦးမြို့နယ် ခင်မွန်ရွာ ဒေသခံ ၂၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးထား၊ နွားကျောင်းသား ၁ဦးကိုလည်း ပစ်သတ်ကာ မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာက ဒေသခံ အယောက် ၂၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးထားပြီး နွားကျောင်းသားတစ်ယောက်ကိုလည်း မီးရှို့သတ်သွားတယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရေဘေးသင့်ပြည်သူတွေကို ဖြူးမြို့နယ် ပကဖ ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းအခြေစိုက် ဖြူးမြို့နယ်ပြည့သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဖြူးမြို့နယ် လူသားစာနာ တာဝန်ခံတွေက ရေဘေးကြောင့် ဒုက္ခရောက်နေသူတွေကို အိမ်တိုင်ရာရောက် သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မအူပင်မြို့ပေါ် စစ်ကောင်စီ ပေါ်တာဆွဲမှုကြောင့် ညဘက် လမ်းဘေးဈေးဆိုင်တွေလည်း ဝယ်ယူစားသုံးသူ မရှိသလောက်ဖြစ်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် ပေါ်တာဆွဲမှုတွေ ရှိနေပြီး ညဘက် လမ်းဘေးဈေးဆိုင်တွေမှာ ဝယ်ယူစားသုံးသူ မရှိသလောက် ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ညောင်ဖြူပင်ရဲစခန်းကို တာဝန်အပြောင်းအလဲလုပ်ဖို့လာတဲ့ အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၆ ယောက်သေ၊ ၇ ယောက်ထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဗျူပင်ရဲစခန်းကို တာဝန်အပြောင်းအလဲလုပ်ဖို့လာတဲ့အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၄၀ ခန့်ပါ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၆ ယောက်သေကာ ၇ ယောက်ထက်မနည်း ပြင်းထန်ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။