ပရိသတ်ကို ဖျော်ဖြေရင်း စင်ပေါ်မှာ ညစ်ညစ်ညမ်းညမ်း ပြောဆို ဆဲဆိုခဲ့တဲ့ Wink Owens ဂီတအဖွဲ့က ရက်ပ် အဆိုတော်ကို စစ်ကော်မရှင်က ဖမ်းဆီးလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နိုဝင်ဘာ ၁ရက်နေ့နဲ့ ၂ရက်နေ့က ရန်ကုန်မြို့မှာကျင်းပတဲ့ Overflow Festival ဖျော်ဖြေပွဲမှာ အဆိုပါ ရက်ပ်အဆိုတော်က စတိတ်စင်ပေါ်ကနေ ကွန်ဒုံးတွေ ကြဲချကာ လိင်ကိစ္စ ညစ်ညမ်းတဲ့စကားလုံးတွေနဲ့ ပြောဆိုဆဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဲလိုပြောဆိုတဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီး အဲဒီအဆိုတော်ကို ဖမ်းဆီးဖို့ တောင်းဆိုသူ အများအပြား တွေ့ရပါတယ်။ အဲ့လိုဖမ်းဆီးဖို့ မန္တလေးမြို့က သာသနာသန့်ရှင်းရေး ဝိသောဓနီအဖွဲ့ (မစိုးရိမ် ဖေးမလက်တွဲကူ) က သံဃာတစ်ပါးရဲ့ လူမှုကွန်ရက်အကောင့်ကနေ စတင်တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ အဲဒီ ရက်ပ်အဆိုတော်ကို မနေ့က နိုဝင်ဘာ ၃ရက်မှာ စစ်တပ်က ဖမ်းဆီးပြီး ပုဒ်မ ၃ ခုနဲ့ တရားစွဲထားတယ်လို့ သတင်းထွက်နေပါတယ်။

စစ်တပ် ထောက်ခံသူဖြစ်တဲ့ အဆိုတော် ယုန်လေးကလည်း သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ဖမ်းသွားပါပြီ။ မနောက်ဘူး ဖြစ်စေချင်လို့ မဟုတ်ဘူး။ ဖြစ်နိုင်တာ ပြောပြတာ။ အဲ့လို အပြောအဆိုနဲ့ ရောက်သွားတာဆိုတော့ သူ့ကို စင်ပေါ်မှာ သူပြောသလို သူ့ကို လုပ်ခံရနိုင်တယ်။ အထဲမှာ ကွန်ဒုံးတော့ မရှိလောက်ဘူး။ လူငယ်တစ်ယောက်ကို မလှောင်ပါဘူး” လို့ ရေးသားထားပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး Overflow Team ဘက်ကလည်း နိုဝင်ဘာလ ၃ ရက်နေ့မှာ တောင်းပန်စာ ထုတ်ပြန်လာခဲ့ပါတယ်။

“ပထမဆုံးအနေနဲ့ လတ်တလော ဖြစ်ပွါးခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး Overflow Team ဘက်ကနေ အနူးအညွတ် တောင်းပန်ချင်ပါတယ်။ ဒါဟာ ထင်မှတ်မထားဘဲ ဖြစ်ခဲ့တာဆိုပေမဲ့ လူမှုရေးအရ မသင့်တော်တဲ့စကားတွေ၊ အသုံးအနှုန်းတွေပါသလို ယဉ်ကျေးမှုအရလည်း ရုပ်ဆိုးအကျည်းတန်စေခဲ့တာကြောင့် ဒီလိုကိစ္စမျိုး နောက်နောင် ဘယ်တော့မှ ထပ်မဖြစ်အောင် သေချာ ကြပ်မတ် ဆောင်ရွက်သွားဖို့ ကတိပေးပါတယ်။ ဒီအတွက်ကြောင့် အခုပွဲကနေစလို့ နောက်ပိုင်း ပွဲတွေကနေစပြီး အဆိုတော် Wink နှင့် Bkho Bain ကို Overflow နှင့် လက်တွဲဖြုတ်လိုက်ကြောင်း အသိပေးပါရစေ” လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဖမ်းဆီးခံရတဲ့ ရက်ပ်အဆိုတော်ကလည်း သူရဲ့ ဖျော်ဖြေမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရင် တောင်းပန်ကြောင်းနဲ့ နောက်နောင် ဆင်ခြင်မယ့်အကြောင်း လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသားခဲ့ပေမယ့် လက်ရှိမှာတော့ သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကို ရှာဖွေတွေ့ရှိခြင်း မရှိတော့ပါဘူး။

0 Shares:
You May Also Like
Read More

သာယာဝတီက အနှိပ်ခန်းမှာ ရဲအချင်းချင်း စကားများ ပစ်ခတ်လို့ ရဲအုပ်သေ

ပဲခူးတိုင်း၊ သာယာဝမြို့၊ ဆရာစံမြို့သစ်က အနှိပ်ခန်းတစ်ခုမှာ ရဲအချင်းချင်း စကားများ ရန်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲအုပ် ၁ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဆရာစံမြို့သစ်မှာရှိတဲ့…
Read More

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာက နေအိမ် အလုံး (၂၀) ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာရှိ ဒေသခံတွေရဲ့ နေအိမ်အလုံး (၂၀)ခန့်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒီရက်ပိုင်းအတွင်း တရုတ်သွားမယ်ဟု ဆို

စစ်ကောင်စီကို ရာနှုန်းပြည့် ထောက်ခံအားပေးနေတဲ့ တရုတ်နိုင်ငံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အခုရက်ပိုင်းအတွင်း သွားရောက်မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

ရေဦးမြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးချခံရလို့ ၄ ယောက် သေပြီး ၆ ယောက် အပြင်းအထန် ထိခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ မြို့မရဲစခန်းကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ သွားရောက်တိုက်ခိုက်ရာ ဝန်ထမ်းလိုင်းခန်းမီးလောင်ပြီး စစ်​အုပ်စုအဖွဲ့ဝင် ၄ ယောက်သေကြောင်း ရေဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းမှာ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်များနှင့်တကွ အလင်းဝင်လာ

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီ တပ်သား ၄ ယောက်က လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ Chinland Defense Force - Hakha (CDF-Hakha) က ထုတ်ပြန်ထားပါတယ်။