စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ လျှပ်စီးတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂ ရက်က ချောင်းဦးမြို့အဝင် မုံရွာ- မန်းလေး – ပခုက္ကူလမ်းဆုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကိုအာကာထွန်း ခေါ်  ရဲဘော် ကြံဝေ  ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော် ကြံဝေဟာ နိုင်ငံနဲ့ ပြည်သူအတွက် ရဲရင့်စွာ စွန့်လွှတ်စွန့်စားမှုအတွက် အမြဲ အောက်မေ့ ဂုဏ်ယူလျက် မပြီးသေးတဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေး တာဝန်တွေကို ကျန်ရစ်သူ ရဲဘော်ရဲဘက်တွေက ဆက်လက် ထမ်းဆောင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ က ထုတ်ပြန်ထားပါတယ်။

Video – လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃

0 Shares:
You May Also Like
Read More

ပုလဲမြို့မရဲစခန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ ၇ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းကို အောက်တိုဘာ ၂၄ ရက် မနက် ၅ နာရီခွဲအချိန်ခန့်က လက်နက်ကြီး ၅ ဆိုင်းနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ ကျားသစ်နက်တပ်မတော်ထံက သိရပါတယ်။
Read More

မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ ထုတ်လုပ်နေတဲ့ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းကို ထုတ်ပြန်ပြသ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ လက်နက်ထုတ်လုပ်နေတဲ့ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှာ ထုတ်လုပ်နေတဲ့ လက်နက်တွေကိုအကြောင်းတွေကို ပြည်သူ့ရဲဘော်လေးက ယခုလိုပဲ ရှင်း ပြခဲ့ပါတယ်။
Read More

တောကျီးကန်း (၇) ကောင် တပ်ရင်းမှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

စစ်အာဏာရှင်စနစ်အပြီးပိုင်ချုပ်ငြိမ်းနိုင်ဖို့ တိုက်ပွဲဝင်မယ့် ရဲဘော်သစ်တွေကို တောကျီးကန်းစစ်ကြောင်းမှ ကြိုဆိုလျက်ရှိတယ်လို့ သိရပါတယ်။
Read More

ရေဦးမြို့ အဝင်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရေဦးမြို့ အဝင်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)အောက်တိုဘာ ၂၆၊ ၂၀၂၄စစ်ကိုင်းတိုင်း ရေဦးမြို့အဝင် အရှေ့တောင်ဘက်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ယနေ့ အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်းက လက်နက်ကြီး ၄ လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Wolf Guerrilla LDF Ye.U Air Force အဖွဲ့ထံက သိရပါတယ်။
Read More

ဖလမ်းမြို့ စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၆၈ ကို ချင်းညီ‌နောင် သိမ်းပိုက်ထားမှုမြင်ကွင်း (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၆၈ ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ရေတာရှည်မှာ စက်သေနတ်တင် သံချပ်ကာယာဉ်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်မြစ်အနောက်ဘက်ကမ်း ကျွန်းတောကုန်းကျေးရွာကနေ နှောပင် ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄  ထံက သိရပါတယ်။